ရုပ်ရှင်အဖြစ် အသက်သွင်းခံရခဲ့တဲ့ Video Game များ

//s9.kh1.co/e2/e289d7613b3fe61ce02dea06eeee4cd3cb9e5623.jpg
ဖျော်ဖြေရေးများ

 ၂၆-နို-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

 အောင်မြင်တဲ့ Video game ကနေ ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးကြတဲ့အခါ ပြဿနာဟာ ဂိမ်းရဲ့ အနှစ်သာရတွေပျောက်ဆုံးသွားခြင်းပါပဲ အဓိကအကြောင်းအရာကတော့ ဇာတ်ကားကို တာဝန်ယူတဲ့လူတွေက ဂိမ်းမဆော့ကြဖူးတဲ့ လူတွေမလို့ ဂိမ်းကို ထဲထဲဝင်ဝင် နားမလည်ကြတာကြောင့်ပါ ကံကောင်းစွာနဲ့ပဲ ယနေ့ခေတ်မှာတော့ ဂိမ်းအကြောင်း နားလည်တဲ့ မျိုးဆက်သစ်ဒါရိုက်တာတွေကြောင့် ဂိမ်းဇာတ်ကားတွေက ကစားသူတွေအတွက် ဘယ်လောက်အရေးပါကြောင်း နားလည်လာကြပါပြီ Ubisoft လိုမျိုး ကုမ္ပဏီတွေဟာဆိုရင် သူတို့ကိုယ်ပိုင်ဇာတ်ကားတွေအတွက်ပါ ရင်းနှီးမြုပ်နှံလာကြပါပြီ အခုကတော့ တကယ့်ဂိမ်းတွေ‌ပေါ်မှာ အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ် 

Rachet & Clank ဂိမ်းကို အခြေခံထားတဲ့ Rachet & Clank ဇာတ်ကားဟာ 2016 ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး IMDb 5.6,Rotten Tomato 21% ရရှိထားကြောင့်အခြေအနေ မဆိုးဘူးပြောလို့ရပါတယ် Shooting Game ဖြစ်တဲ့ ဒီဂိမ်းရဲ့ ဇာတ်ကားက ဂိမ်း Story နဲ့သိပ်မကွာပါဘူး ကြည့်ချင်တယ်ဆိုရင်တော့ Neflix အမေရိကန်ဆာဗာမှာ ကြည့်နိုင်ပါတယ်  

Movie Poster
Movie Poster

နောက်ထပ်တစ်ခုကတော့ 2021 မှာထွက်ရှိခဲ့တဲ့ Mortak Kombat ဇာတ်ကားပါ ဂိမ်းဇာတ်လမ်းအတိုင်း ပြိုင်ပွဲကြီးတစ်ခုအတွက် Relam ပေါင်းစုံက Fighter တွေကိုစုစည်းပြီး လေ့ကျင့်ကြရာမှာ ကမ္ဘာမြေကိုသိမ်းပိုက်ချင်တဲ့ Shao Khan တို့ကို Raiden ဦးဆောင်တဲ့ အဖွဲ့ကတားဆီးကြတဲ့ အကြောင်းပဲဖြစ်ပါတယ် ဒီကားမတိုင်ခင်ကတည်းက MK ဟာ ဇာတ်ကားမျိုးစုံထွက်ခဲ့ပေမဲ့ ခပ်ညံ့ညံ့ဇာတ်ကားတွေသာ ဖြစ်ခဲ့ပါတယ် ဒီကားကလည်း လုံးဝအကောင်းကြီးမဟုတ်ပါဘူး ဒါပေမဲ့ Scorpion နဲ့ Sub Zero တို့ရဲ့ လက်စားချေဇာတ်ကြောင်းတစ်ခုကို ကြည့်ရတာနဲ့တင် တန်တယ်လို့ပြောလို့ရပါတယ် မင်းသားကြီး Hiroyuki Sanada က Scorpion အဖြစ် သရုပ်ဆောင်ထားတာပါ IMDb 6.1,Rotten Tomato 54% နဲ့ Box Office ဝင်ငွေ ဒေါ်လာသန်းပေါင်း 83.6 သန်း ရရှိထားပြီး လောလောဆယ် HBO Max မှာကြည့်လို့ရပါတယ် 

Movie Poster
Movie Poster

Sonic the Hedgehog ဇာတ်ကားဟာ စတင်မိတ်ဆက်ကာစက တော်တော်လေး အဆင်မပြေမူတွေ ပေါ်‌ပေါက်ခဲ့ပါတယ် Sonic ရဲ့ ဒီဇိုင်းက ဂိမ်းထဲကနဲ့ လုံးမတူတာကြောင့်ပါ ဒါကြောင့် ရုပ်ရှင်ဖန်တီးသူတွေဟာ ဒီဇိုင်းကို ပြန်လည်ပြင်ဆင်ခဲ့ရပါတယ် မင်းသားကြီး Jim Carry ကလည်း ဗီလိန်နေရာမှာ ပါဝင်သရုပ်ဆောင်ထားကြောင့် အောင်မြင်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ခဲ့ပြီး နောက်ထွက်လည်း အဆက်တွေ ဆက်ထွက်လာဦးမှာပါ 

Movie Poster
Movie Poster

Resident Evil ကတော့ စုစုပေါင်း ဇာတ်ကား ၆ ကားထွက်ရှိထားပြီး မကြာသေးမှီကလည်း ဇာတ်ကားအသစ်တစ်ခု ထွက်ရှိထားပါတယ် အားလုံးက အထိုက်အလျောက် အောင်မြင်ခဲ့ကြပြီး ဝင်ငွေလည်း အသင့်အတင့် ကောင်းမွန်ခဲ့ပါတယ် ဇာတ်ကားက ဂိမ်းနဲ့မတူတာတွေ တော်တော်လေး များခဲ့ပေမဲ့ ဂိမ်းကိုသေချာမဆော့ဖူးသူတွေအတွက်ကတော့ အဆင်ပြေတဲ့ Zombie ဇာတ်ကားတွေပါ

Movie Poster
Movie Poster

‌နောက်ဆုံးဇာတ်ကားကတော့ Detective Pikachu ပါ IMDb 6.6,Rotten Tomato 68% တို့အပြင် Box Office ဝင်ငွေ ဒေါ်လာသန်းပေါင်း 433.9 သန်းအထိဝင်ငွေရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပြီး အကောင်းဆုံး game-based ရုပ်ရှင်အဖြစ် ထိပ်ဆုံးမှာရပ်တည်နေပါတယ် Deadpool သရုပ်ဆောင် Ryan Reynolds က ပီကာချူး နေရာမှာ အသံသရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းကတော့ Tim Goodman ဆိုတဲ့ကောင်လေးက သူ့အဖေကိုလိုက်ရှာနေရင်း စုံထောက် ပီကာချူးလေးနဲ့ ပေါင်းမိသွားပြီး ဘယ်လိုဆက်ဖြစ်ကြလဲဆိုတာကို ဇာတ်အိမ်တည်ထားတာပါ CGI အများအပြား မိသားစုကိစ္စများနဲ့အတူ ဟာသတွေကိုပါ အဆက်မပြတ်ကြည့်ရှူမဲ့အပြင် ဇာတ်ကားထဲမှာပါဝင်တဲ့ ပိုကီမွန်အကောင် အရေအတွက်ကလည်း ၅၄ ကောင်ထိရှိပါတယ် ဇာတ်ကားတလျှောက် ချစ်စရာ ပိုကီမွန်ကောင်လေးတွေနဲ့ တလွဲဟာသတွေကို ကြည့်ရှူခံစားရမှာပါ 

Movie Poster
Movie Poster

အခုတင်ဆက်ပေးခဲ့တာတွေကတော့ ဗီဒီယိုဂိမ်းတွေပေါ်မှာ အခြေခံထားတဲ့ ဇာတ်ကားတွေအကြောင်းဖြစ်ပါတယ် ကိုယ်ကြိုက်တဲ့ဂိမ်းပါနေပြီး ဂိမ်းရဲ့ဇာတ်ကားကို မကြည့်ရသေးဘူးလား ဒါဆိုရင်တော့ ဂိမ်းခလုပ်လေးကိုင်ပြီး သဲကြီးမဲကြီးဆော့ခဲ့ရတဲ့ ဂိမ်းတွေကိုပဲ ဇာတ်ကားအဖြစ်နဲ့ ပေါက်ပေါက်ဆုပ်လေးကိုင်ပြီး အေးအေးဆေးဆေး ကြည့်လိုက်ကြပါဦး

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T