၁ နှစ်သမီးအရွယ်လေးကို လက်ထပ်ခဲ့တဲ့ ၃၁ နှစ်အရွယ်အမျိုးသား

//s9.kh1.co/4d/4dac291d6407d6be3a262db0c83af5eb7fa2d636.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-နို-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

အသက် ၁ နှစ်အရွယ်သာရှိသေးတဲ့ ကလေးမလေးကို လက်ထပ်ခဲ့ပါတယ်။ သူ့ရဲ့အသက်ကတော့ ၃၁ နှစ်ရှိပြီဖြစ်ပြီး သူရဲ့မိန်းမကတော့ အသက် ၁ နှစ်သာ ရှိပါသေးတယ်။ အဲ့အပြင် သူမှာ မိန်းမတစ်ယောက်လည်းရှိပြီး ကလေးနှစ်ယောက်လည်းရှိပါတယ်။ အဲ့တာတောင်မှ အကြောင်းအမျိုးမျိုးကြောင့် သူဟာ ကလေးလေးနဲ့လက်ထပ်ခဲ့ပါတယ်။ မိန်းမဖြစ်သူကလည်း လက်ထပ်ခွင့်ပြုခဲ့ပြီး လက်ထပ်ပွဲအတွက်ပါ ပိုက်ဆံပေးခဲ့ပါသေးတယ်။ သင့်အနေနဲ့ ဒီကိစ္စကို အံ့ဩနိုင်သလို ၁ နှစ်အရွယ်လေးကိုမှ လက်ထပ်ရလားဆိုပြီး ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ သူခုလို လက်ထပ်ရတဲ့အကြောင်းကိုတော့ အောက်မှာဖော်ပြလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=372,q=100/63/6316e568a6a7832b78a52811932358ee08cc39f8.jpg
https://s9.kh1.co/__image/w=650,h=656,q=100/b0/b0bce7b63f01482896f63ce587f21ac1def5f077.jpg

ကလေးမလေးနာမည်ကတော့ Poppy (ပေါ့ပီ) လို့ခေါ်ပါတယ်။ ကလေးလေးဟာ ပျော်ရွှင်နေတက်ပြီး သီချင်းဆိုရတာလည်း ကြိုက်နှစ်တဲ့သူလေးဖြစ်ပါတယ်။ ဒါကြောင့်သူဟာ အနာဂတ်မှာ အဆိုတော်ကောင်းတစ်ယောက်ဖြစ်လာနိုင်ချေရှိပါတယ်။ ဒါပေမယ့် တစ်ရက်မှာတော့ Andy (အန်ဒီ) လို့ခေါ်တဲ့အမျိုးသားဟာ သူ့ကိုလက်ထပ်ဖို့ ပြုလုပ်ခဲ့ပြီး ကလေးမလေးအတွက် သတိုသမီး၀တ်စုံကို ၀ယ်ပေးခဲ့ပြီး သူ့ရဲ့ဆွေးမျိုးနဲ့သူငယ်ချင်းတွေကိုလည်း မင်္ဂလာဆောင် ကိုလာဖို့ ဖိတ်ခဲ့ပါတယ်။ သူ့မိန်မးနဲ့ကလေးတွေကလည်း ခုလိုပြုလုပ်ဖို့ သဘောတူခဲ့ပြီး လက်ထပ်ဖြစ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=377,q=100/ca/ca6bd200d1750686eeae3db06ab697ccda8e370e.jpg
https://s9.kh1.co/__image/w=650,h=649,q=100/63/6323b2962157f852610e4e80edce745049683aa6.jpg

တကယ်တော့ ပေါ့ပီက အန်ဒီရဲ့သမ‌ီးရင်းဖြစ်ပြီး သူဟာသူ့သမီးကိုလက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ သူ့မိန်းမန‌ဲ့သူဟာ သမ‌ီးလေးရဲ့ မင်္ဂလာဆောင်ချင်တဲ့အိမ်မက်ကို ဖြည့်ဆည်းပေးချင်လို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ပေါ့ပီက အဲ့ဒီအချိန်ထိ အသက်ရှင်နိုင်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ စိတ်မကောင်းစွာပဲ သူမမှာ ကင်ဆာရှိနေခဲ့လိုပါ။ အဲ့အပြင်သူမဟာ အသက်ရှင်နေထိုင်ဖို့ အချိန်ဘယ်လောက်မှ မရှိတော့ပါဘူး။ ဒါကြောင့်ပဲ အဖေဖြစ်သူဟာ သမီးလေးဖြစ်ချင်တဲ့ အိမ်မက်ကိုအကောင်အထည်ဖော်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ မင်္ဂလာဆောင်ပြီးနောက် နှစ်ရက်မှာပဲ ကလေးမလေးဟာ သေဆုံးသွားခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=622,q=100/d1/d1c5c5195bbc30d3e42563266f1e469e36a7a421.jpg
https://s9.kh1.co/__image/w=650,h=473,q=100/3f/3fbdb17621b056f657c763f169db4425723f427b.jpg
https://s9.kh1.co/__image/w=650,h=459,q=100/4b/4b81b98eb590e067272a76ddb4cd2641aaff4ebc.jpg

အဖေဖြစ်သူဟာအဲ့နောက်မှာ သူ့သမီးနာမည်နဲ့ ပရဟိတဖောင်ဒေးရှင်း တစ်ခုကို ကင်ဆာရောဂါတိုက်ထုတ်ဖို့ ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်လေးနဲ့ပတ်သက်ပြီး သိရှိလိုက်ရတာက အခက်ခဲဆုံးအချိန်တွေမှာတောင် အဖေ‌တစ်ယောက်ရဲ့ချစ်ခြင်းတရားဟာ သေသွားတာတောင် မပျောက်ဆုံးခဲ့ပါဘူး။

https://s9.kh1.co/__image/w=650,h=373,q=100/36/36175f55830eb39ec5b219a0b81739813f35259c.jpg
https://s9.kh1.co/__image/w=650,h=610,q=100/5f/5f56f1e8cf3a9973c71b247979b1ddaab2a7e236.jpg
https://s9.kh1.co/__image/w=650,h=474,q=100/d5/d58e63fd414a4277a6201e8946c1beac0e70cefb.jpg

သတင်း အရင်းအမြစ်IT'S IVAN

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T