ဗီဒီယိုဂိမ်းတွေဆက်မဆော့တော့ပဲ ကမ္ဘာမြေကြီးကို ကာကွယ်ကြပါလို့ ပြောလာတဲ့ သဘာဝပတ်ဝန်းကျင် ကျွမ်းကျင်သူတွေ

//s9.kh1.co/6c/6cde2c9491ffaaf48e2bf2b7670c4ebce8a5796c.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-နို-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

သဘာဝပတ်ဝန်းကျင်ကျွမ်းကျင်သူတွေက လူသားတွေဟာ ဗွီဒီယိုဂိမ်းတွေ ဆက်မကစားတော့ခြင်းနဲ့ ကမ္ဘာကြီးကို ကယ်တင်နိုင်မယ်ဆိုပြီးတော့ ပြောလာကြပါတယ် နည်းနည်းတော့ခေါင်းရှုပ်သွားကြမယ် ထင်ပါတယ် ဟုတ်ပါတယ် ဗွီဒီယိုဂီမ်းကစားနေတာက ကမ္ဘာကြီးကို ထိခိုက်စရာအကြောင်းမှမရှိပဲ ဒါကိုဘာလို့ သူတို့ကဒီလိုတွေထပြောပါလိမ့်ပေါ့ 

သူတို့က ဘာအကြောင်းပြောနေကြတာလဲဆိုရင် ဂိမ်းဆော့တဲ့အချိန် သုံးလိုက်ရတဲ့ စွမ်းအင်ပမာဏတွေအကြောင်းပါ တစ်ကမ္ဘာလုံးကလူတွေ ဆော့နေကြတာဆိုတော့ သူပြောတာလည်း ဟုတ်တော့ ဟုတ်သလိုလိုပါပဲ ဒါပေမဲ့ ဒီအကြောင်းကြောင့်နဲ့တော့ ဘယ်သူကမှ ဂိမ်းဆော့တာကို ရပ်ပစ်လိုက်မယ် မထင်ပါဘူး ဒီကိစ္စရဲ့ ဇာစ်မြစ်ကတော့ 2016 ခုနှစ်မှာချုပ်ဆိုခဲ့တဲ့ ပဲရစ် သဘောတူညီချက်ပါ ဒီသဘောတူညီချက်ကတော့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနဲ့ ကမ္ဘာ့ ရာသီဥတု အခြေအနေ တိုးတက်လာစေရေးအတွက် နိုင်ငံတကာ နိုင်ငံတွေကြား သဘောတူညီမူတစ်ရပ်ဖြစ်ပါတယ်

photo credit
photo credit

Polictis for All ဆိုတဲ့ တွစ်တာအကောင့်ကနေ ConflitFrance ဆီက သတင်းကိုမျှဝေခဲ့တာဖြစ်ပြီး အဲ့ဒီသတင်းထဲမှာ လူတစ်ယောက်က ရေတစ်ခါချိုးရင် ၈ မိနစ်နှုန်းနဲ့ တစ်ပတ်ကို ၃ ကြိမ်ပဲ ရေချိုးသင့်တယ်လို့ မျှဝေထားခဲ့ပါတယ် အဲ့အပြင် တစ်နှစ်မှာ အင်္ကျီ ၃ ထည်နဲ့ ဘောင်းဘီ ၂ ထည်ပဲဝယ်သင့်ကြောင်းပါ ပါပါသေးတယ် နောက်ထပ်ပြီးတော့ ဇာတ်ကားကြည့်ရင်လည်း တစ်နေ့ကို ၂ နာရီအများဆုံးပဲ ကြည့်သင့်ပါတယ်တဲ့ ပြီးတော့ စွမ်းအင်ကုန်ဆုံးမူတွေကြောင့် ဂိမ်းတွေကို မကစားသင့်တော့ဘူးလို့ ပြောထားပေမဲ့ ဘယ်သူကမှတော့ ဂိမ်းဆော့တာကို ရပ်တန့်လိုက်မှာ မဟုတ်ပါဘူး မျှမျှတတပြောရရင်တော့ လက်ရှိကမ္ဘာကြီးရဲ့ အခြေအနေက ကသောင်းကနင်းဖြစ်နေတာကြောင့် ရာသီဥတုပြောင်းလဲမူကို အင်တိုက်အားတိုက် တိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်နေတာကတော့ အမှန်ပါပဲ

photo credit
photo credit

ဒါပေမဲ့ Gamer တွေ လုပ်နိုင်တဲ့ တခြားအရာတွေလည်း အများကြီးရှိပါတယ် ဥပမာပြောရရင် တကယ်လို့ Gamer တစ်ယောက်မှာ ကားမရှိရင် လေထုညစ်ညမ်းမူကို ကားတစ်စီးစာ သက်သာစေတာမလို့ ဒါဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနေတာပါပဲ 

ဘယ်သူမှတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကြောင့်ဆိုပြီး ဂိမ်းမဆော့ပဲနေမှာ မဟုတ်ပါဘူး အဲ့အစားကိုယ်က ဘာလုပ်ပေးနိုင်မလဲဆိုတာ လေ့လာကြည့်သင့်ပါတယ် စာဖတ်နေသူရော ဂိမ်းဆက်မဆော့တော့ပဲ နေမှာလား ဒါမှမဟုတ် ဂိမ်းတော့ဆက်ဆော့မယ် တခြားဘယ်နည်းလမ်းတွေနဲ့ ဒါကြီးကို ဘယ်လို ကာကွယ်ကြမလဲဆိုတာမျိုး တွေးထားတာမျိုးရော ရှိပါသလား တကယ်လို့ ဂိမ်းနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နှစ်ခုထဲက တစ်ခုကိုပဲ မဖြစ်မနေ ရွေးရမယ်ဆိုရင် ဘယ်ဟာကို ရွေးချယ်ဖြစ်မယ် ထင်ပါသလဲ

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T