မြောက်ဥက္ကလာပမှာ အဝစား ၅၀၀ ကျပ်တည်းနှင့်ဖွင့်လှစ်လိုက်တဲ့ ရွှေဘိုသူအဝစား ၅၀၀ ကျပ်ဆိုင်လေး

//s9.kh1.co/bf/bf4f3a44b7985d52105597ec2f3dfeefd4c5a4a1.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-နို-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

မြောက်ဥက္ကလာပမှာ အဝစား ၅၀၀ ကျပ်တည်းနှင့်ဖွင့်လှစ်လိုက်တဲ့ ရွှေဘိုသူအဝစား ၅၀၀ ကျပ်ဆိုင်လေး

ဆီဈေး ၊ ဆန်ဈေး ၊ ကုန်ဈေးနှုန်းတွေ အစစ အရာရာဈေးတတ်နေတဲ့ အခုလို ကာလမှာ ထမင်းနှင့်ဟင်း အဝစားကိုမှ ၅၀၀ ကျပ်တည်းနှင့်ရောင်းဖို့ဆိုတာ လုံးဝမလွယ်ကူပါဘူး။ မလွယ်ကူပေမယ့်လည်း ရောင်းချသူအနေနဲ့ အလှူသဘောဖြင့်သာ ရောင်းချတာဖြစ်တဲ့အတွက် တကယ်ကို ချီးကျူးဖို့ကောင်းလှပါတယ်။ ရွှေဘိုသူအဝစား ၅၀၀ ကျပ်တန် ထမင်းဆိုင်လေးမှာဆိုရင် ရဟန်း ၊ သံဃာ လူပုဂ္ဂိုလ် အယုတ်အလတ်မရွေး ကြိုက်နှစ်သတ်ရာ ဟင်းနှင့် အဝစားကိုမှ ၅၀၀ ကျပ်တည်းနှင့် ဝင်ရောက်သုံးဆောင်နိုင်တယ်လို့ သိရပါတယ်။ထမင်းချက်ပုံလေး သုံးထားတဲ့ ပါဝင်ပစ္စည်းတွေနှင့်ပတ်သတ်ပြီးတော့လည်း ရွှေဘိုသူ အဝစား ၅၀၀ ကျပ် ထမင်းဆိုင်ပိုင်ရှင်မှ အခုလိုလေး ရှင်းပြထားပါတယ်။

Shwe Bo Thu
Shwe Bo Thu

“ရွှေဘိုသူ အဝစား ၅၀၀ ကျပ်တန် ထမင်းပွဲလေး အကြောင်း ပြောပြချင်တယ်

(1) ရွှေဘိုသူ ရွှေဘိုပေါ်ဆန်းမွှေး ၅၉၀၀၀ကျပ်တန် ဆန်နဲ့ ချက်ပါတယ်

(2) ကိုယ်တိုင်ကြိတ် ဓာတုကင်းစင် သဘာဝအရောင် အနံ့ အရသာ ပါတဲ့ မြေပဲဆုံဆီလေး နဲ့ချက်ပါတယ်

(3)ကျန်းမာရေး ကောင်းကျိုးမပြုတဲ့ ဟင်းချိုမှုန့် ကြက်သားမှုန့် သကြား မပါဝင်ပါရှင်

သဘာဝ မြိတ်မျှင်ငပိ ရေချို ငါးရံ ငပိကောင် သဘာဝ ငါးနီတူ ငံပြာရည်ကိုသာ သုံးပြီးချက်ပါတယ်

လူ့တစ်ယောက်ရဲ့ တစ်နေ့တာမှာ ဆက်လက် အသက်ရှင်နိုင်ဖို့ ထမင်းတစ်နပ်ဟာ အရေးကြီးလှပါတယ် အာဟာရပြည့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ထမင်းတစ်နပ်ဖြစ်ရပါမယ် နေ့တိုင်းရောင်းလို့ နေ့တိုင်းလာစားသူတွေ ကျန်းမာရေး အထောက်အကူမပြုဘဲ ရောဂါစုပေးသလိုဖြစ်နေမှာ ကျွန်မ ကြောက်ပါတယ် ရဟန်းသံဃာတွေ အသက်ကြီးသူတွေ ရောဂါဝေဒနါရှင်တွေထိ စားနိုင်အောင် ရည်ရွယ်ပါတယ်ရှင်

ကျွန်မရဲ့ တန်ဖိုးနည်း ၅၀၀ကျပ်တန် ထမင်းပွဲဟာ တကယ်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အာဟာရများစွာပါဝင်တဲ့ ကုသိုလ် ထမင်းပွဲလေးပါရှင်”

Shwe Bo Thu
Shwe Bo Thu
Shwe Bo Thu
Shwe Bo Thu

ထမင်းပွဲလေးက ၅၀၀ ကျပ်တန်တန်ဖိုးသာရှိပေမယ့် တကယ်ကို အဖိုးထိုက်တန်လှတဲ့ ထမင်းပွဲလေးပါ။ ရွှေဘိုသူ ၅၀၀ ကျပ်တန် ထမင်းဆိုင်လေးက အမှတ် ၅၂၉/ ၅၃၀ သုနဒ္ဒါပတ်လမ်းမ ပုလဲ (၃) လမ်းနဲ့ (၄) လမ်းကြား (ဌ) ရပ်ကွက် မြောက်ဥက္ကလာပ ကားကြီးဂိတ်မှတ်တိုင် အနီး မီးပွိုင့်နားမှာ တည်ရှိပါတယ်။

၅၀၀ ကျပ်တန်ထမင်းဆိုင်လေးတွေက ငွေကြေးမပြည့်စုံသူတွေအဖို့ အားထားရတဲ့ ထမင်းဆိုင်လေးတွေပါ။ နောက်လည်း အခုလို ၅၀၀ ကျပ်တန်ထမင်းဆိုင်လေးတွေ အများကြီးပေါ်လာစေဖို့ ရည်ရွယ်ရင်း အလှူရှင်များရဲ့ မွန်မြတ်လှတဲ့စိတ်ထားကို ဂုဏ်ပြုလိုက်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T