အမေရိကန်နိုင်ငံမှာ ကိုဗစ်ကြောင့် လူသေဆုံးမှု မနှစ်ကထက် များနေ

//s9.kh1.co/08/08dd06d68eedccfd552d8bdc84e5272c856ed48e.jpeg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၄-နို-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

၂၀၁၉ နှစ်ကုန်ခါနီးမှာ ကမ္ဘာကို စမွှေလိုက်တဲ့ ကိုဗစ်ကြောင့် ၂၀၂၀ မှာ ကမ္ဘာတစ်ဝှမ်း လူအများကြီး သေကြေပြီး ဒုက္ခခံခဲ့ရပါတယ်။ ၂၀၂၁ မှာတော့ ကာကွယ်ဆေးတွေ တီထွင်လာနိုင်ပြီ ဖြစ်တာကြောင့် ကိုဗစ်ကူးစက်မှုနှုန်း လျော့သွားမယ်လို့ ထင်ခဲ့ကြပေမဲ့ အမေရိကန်နိုင်ငံမှာ၂၀၂၀ ထက်တောင် လူအသေအပျောက် ပိုများလာပါတယ်။

©Google
©Google

ကမ္ဘာ့ရောဂါ ကာကွယ်ထိန်းချုပ်ရေး အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ အတွက် အမေရိကန်မှာ လူပေါင်း ၃၈၆၂၃၃ ဦးဟာ ကိုဗစ်​ကြောင့် သေဆုံးခဲ့ရပါတယ်။ နှစ်ကုန်ဖို့တောင် တစ်လ လိုနေသေးတဲ့အချိန်မှာ ၂၀၂၀ တစ်နှစ်စာထက် သေဆုံးမှု ပိုများနေတာပါ။

ကာကွယ်ဆေးလည်း ရှိတယ်၊ အစိုးရကလည်း ထောက်ပံ့နိုင်ရဲ့သားနဲ့ ဘာကြောင့် ကူးစက်သေဆုံးမှု များနေရတာလဲဆိုတာ ဆန်းစစ်ကြည့်တော့ အဖြေ ၃ ခု ထွက်ပါတယ်။

©Google
©Google

1. ကာကွယ်ဆေး အပြည့်မထိုးတာ

2. နေ့စဥ်ဘဝမှာ ရောဂါကာကွယ်မှု မလုပ်တာ (Mask မတပ်တာတို့၊ လူစုလူဝေးလုပ်တာတို့ကို ပြောတာပါ)

3. ကူးစက်မြန် Delta virus

ဒီအချက်တွေကြောင့် တိုးတက်ပါတယ်ဆိုတဲ့ အမေရိကန်မှာတောင် ကိုဗစ်ကြောင့် လူတွေသေနေရတုန်း ဖြစ်ပါတယ်။

ကိုဗစ်ဟာ အလွန်ကူးစက်မြန်တာကြောင့် ဆေးထိုးပြီးလည်း မပေါ့ဘဲ ပုံမှန်ကာကွယ်မှု ပြုလုပ်ကြဖို့ လိုအပ်ပါတယ်။

©Google
©Google
Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T