လူတော်တော်များများ အချိန်အတော်ကြာ အမှန်လို့ထင်ခဲ့ကြတဲ့ အမှားများ Part(2)

//s9.kh1.co/a0/a0319a0777abadf9d7a1ce8c560e351d5e97c909.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-နို-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

အမှားတွေကို အများက လက်ခံထားတာကြာလာရင် အမှန်ဖြစ်လာတတ်ပါတယ် နေ့စဥ်ဘဝတွေထဲက အမှားတွေကို ကိုယ်တိုင်မသိလိုက်ပဲနဲ့ လက်ခံထားရတာတွေ အများကြီးပါပဲ ခုဖော်ပြပေးမှာကတော့ လူတော်တော်များများ အမှန်လို့လက်ခံထားကြတဲ့ အမှားများအကြောင်း part 2 ပါ part 1 ကိုလည်းတင်ထားပြီးသားမလို့ ဝင်ရောက်ရှာဖွေ ဖတ်ရှူနိုင်ပါတယ် 

အရစ္စတိုတယ်ရဲ့ အဆိုအရ လူသားတွေမှာ အထိအတွေ့ အရသာ အနံ့ အမြင်နဲ့ အကြားအာရုံဆိုပြီး ၅ ခုရှိပါတယ် ဒါပေမဲ့ သိပ္ပံပညာရှင်တွေရဲ့ နောက်ထပ်လေ့လာချက်တွေအရ လူသားတွေမှာ အာရုံ ၁၄ ခုကနေ ၂၀ အကြားရှိနိုင်ပါတယ်

photo credit to original uploader 
photo credit to original uploader 

လက်ကအမွှေးတွေကို ရိတ်ပစ်လိုက်ရင် နောက်အသစ်ထွက်လာတဲ့ အမွှေးက ပိုကြမ်းပြီး ပိုထူလာတယ်ဆိုတာ ကြားဖူးပါသလား တကယ်တော့ ရိတ်ပစ်လိုက်ခြင်းကြောင့် အမွှေးရဲ့ အရောင် အတိုအရှည် အထူအပါးပြောင်းလဲသွားတာမျိုး မရှိပါဘူး အမွှေးတွေရဲ့ အရှည်က တညီတည်းဖြစ်သွားတဲ့အတွက်သာ အဲ့လိုခံစားရတာပါ တကယ်ကြမ်းသွားတာမဟုတ်ပါဘူး

ပုတ်သင်ညိုတွေအရောင်ပြောင်းတာက ပတ်ဝန်းကျင်နဲ့ တစ်သားတည်းဖြစ်ပြီး ကိုယ်ဖျောက်ဖို့လို့ သိထားကြပါတယ် အရောင်ပြောင်းတာက တကယ်ဖြစ်ပေမဲ့ ပတ်ဝန်းကျင်ကြောင့်ပြောင်းတာ မဟုတ်ပါဘူး အပူချိန်ကြောင့်ဖြစ်စေ တခြားပုတ်သင်ညိုတွေနဲ့ ဆက်သွယ်ဖို့ဖြစ်စေ အရောင်ပြောင်းကြတာပါ

photo credit to original uploader 
photo credit to original uploader 

တော်တော်များများဟာ သစ်ပင်ကနေ ပိုက်ဆံမပေါက်ဘူးဆိုတာကို ယုံကြပေမဲ့ ငှက်ပျော်သီး သစ်ပင်ကပေါက်တာမဟုတ်ဘူးဆိုရင်တော့ ယုံမှာမဟုတ်ပါဘူး အပင်နဲ့တူတယ်ဆိုပေမဲ့ Rainforest Alliance ပြောချက်အရ အပင်မဟုတ်ပဲ လိုင်လီပင် သစ်ခွပင်တို့နဲ့မျိုးတူတဲ့ ဆေးဖက်ဝင် အပင်ကြီးတွေကနေ ပေါက်တာပါ

photo credit to original uploader 
photo credit to original uploader 

ခွေးတွေကလျှာကနေတဆင့် ချွေးထွက်တယ်ဆိုတာလည်း မဟုတ်ပါဘူး တချိန်လုံးသူတို့လျှာက အပြင်ထွက်နေပြီး အရည်တွေကျနေတာကြောင့် တချို့တွေက ဒီလိုထင်ကြတာပါ ခွေးတွေရဲ့ ချွေးဂလင်းတွေက လူတွေမှာရှိတာနဲ့ အတော်လေးဆင်တူပြီး Merocrine ဂလင်းတွေက သူတို့ခြေဖဝါးတွေမှာ ရှိပါတယ် တခြား ချွေးဂလင်းတွေကတော့ တစ်ကိုယ်လုံးမှာရှိပြီး လျှာပေါ်မှာ‌တော့ မရှိပါဘူး တချိန်လုံး လျှာကအရည်တွေထွက်နေရတဲ့အကြောင်းကတော့ သူတို့နှာခေါင်းနဲ့ အဆုတ်က တစ်တန်းတည်းရှိနေတာကြောင့်ပါ

photo credit to original uploader 
photo credit to original uploader 

အောက်ကျသွားတဲ့ စားစရာတစ်ခုကို ၅ စက္ကန့်မကျော်သေးရင် ကောက်စားလို့ရတယ်ဆိုတာကို မစမ်းကြည့်လိုက်ပါနဲ့ ၂၀၁၇ တုန်းက Clemson တက္ကသိုလ်က ဘက်တီးရီးယားတွေရှိနေတဲ့ ကြမ်းပြင်ပေါ် ပေါင်မုန့်တွေနဲ့ စမ်းသပ်ကြည့်တဲ့အခါ ၅ စက္ကန့်အတွင်း ဘက်တီးရီးယားတွေ ကပ်တွယ်နိုင်တယ်ဆိုတာ တွေ့ရှိခဲ့ကြပါတယ်

ကန္တာရတွေကို သူတို့ရဲ့ အသွင်အပြင်ကို ကြည့်ပြီးခေါ်တာမဟုတ်ပဲ မိုးမရွာတဲ့နေရာတွေဖြစ်တာကြောင့် ခေါ်ကြတာပါ အရမ်းပူလောင်နေတဲ့ ကန္တာရတွေရှိသလို အရိုးခိုက်အောင် အေးတဲ့ ကန္တာရတွေလည်း အများကြီးရှိပါတယ်

photo credit to original uploader 
photo credit to original uploader 

နေရဲ့အရောင်ဟာ လိမ္မော်ရောင်မဟုတ်သလို အနီရောင်လည်းမဟုတ်ပါဘူး အရောင်တွေအားလုံးပေါင်းစပ်ထားတာဖြစ်ပြီး ကမ္ဘာကနေကြည့်ရင် အဖြူရောင်ဖြစ်ပါတယ် လိမ္မော်ရောင်လို့ မြင်ရတာကတော့ အလင်းလှိုင်းတွေရဲ့ အရှည်ကြောင့်ပဲ ဖြစ်ပါတယ်

photo credit to original uploader 
photo credit to original uploader 

ကမ်းခြေမှာ အပန်းဖြေနေရင်း ဂျယ်လီငါးထိုးတာခံရရင် ဒဏ်ရာပေါ်ကို ကျင်ငယ်နဲ့ လောင်းချရတယ်ဆိုတာလည်း အမှားတစ်ခုပါပဲ ဘာမှမသက်သာစေမဲ့အပြင် ဒဏ်ရာကို ပိုဆိုးရွားစေမှာပါ

photo credit to original uploader 
photo credit to original uploader 

ကြက်ဥတွေနဲ့ပတ်သက်တဲ့ အမှားတစ်ခုကတော့ အညိုရောင်ကြက်ဥတွေက အဖြူရောင်ဥတွေထက် ပိုကျန်းမာစေတယ်ဆိုတာပါပဲ ကြက်ဥရဲ့အရောင်က ဥတဲ့ကြက်ပေါ်မူတည်ပြီး အရောင်ကွဲသွားတာပါ

photo credit to original uploader 
photo credit to original uploader 

ဆံပင်‌ရေစိုနဲ့ အပြင်ထွက်တိုင်းလည်း အအေးမမိနိုင်ပါဘူး အအေးမိတာက ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်တာပါ အဲ့ဒီ့ ဗိုင်းရပ်စ်က ဆံပင်စိုနေနေ ခြောက်နေနေ ဂရုမစိုက်ပါဘူး ဆောင်းတွင်းကြီး ဆံပင်ရေစိုနဲ့ အပြင်ထွက်ရင်တောင် ဗိုင်းရပ်စ်မရှိရင် အအေးမမိနိုင်ပါဘူး

photo credit to original uploader 
photo credit to original uploader 

နောက်ဆုံးတစ်ခုနဲ့ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ သက်ရှိတိုင်းသေကြတယ်ဆိုတာပါ ကမ္ဘာပေါ်မှာလုံးဝမသေနိုင်တဲ့ သက်ရှိတွေရှိပါတယ် Turritopsis Dohrnii လို့ခေါ်တဲ့ ဂျယ်လီငါးတစ်မျိုးဟာ ရိုးရိုးပုံမှန်ဂျယ်လီငါး ပုံစံသာရှိပြီး သေဆုံးတော့မဲ့ အချိန်ဖြစ်စေ အန္တရာယ်ကျရောက်နေရင်ဖြစ်စေ သူတို့ ဖွံ့ဖြိုးလာတဲ့ ဖြစ်စဥ်ကို နောက်ပြန်ဆုတ်လိုက်ခြင်းဖြင့် ဘဝအသစ်ကိုပြန်စလိုက်ပါတယ် ဒါကြောင့် ဒီဂျယ်လီငါးကို မသေနိုင်တဲ့ ဂျယ်လီငါးလို့ အမည်ပေးခဲ့ကြပါတယ် 

photo credit to original uploader 
photo credit to original uploader 

ဒီထဲကတချို့အချက်တွေဟာ ခေါင်းရှုပ်သွားစေလောက်အောင်ကို ထူးဆန်းလွန်းပါတယ် ကိုယ်တစ်သက်လုံးသိခဲ့ရတဲ့ အချက်အလက်တွေကို ပြောင်းပြန်လှန်ပစ်လိုက်ရတာက လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး ဒီလိုအမှားတွေ အမှန်တွေကြားမှာပဲ တချို့လူတွေကတော့ ငြင်းခုန်နေကြဆဲပါ

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T