လူတော်တော်များများ အချိန်အတော်ကြာ အမှန်လို့ထင်ခဲ့ကြတဲ့ အမှားများ (Part-1)

//s9.kh1.co/7c/7c2c854dfd5b6ee727e34580b5b3f982cfa4f609.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-နို-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

ကျွန်တော်တို့နေ့စဥ်ဘဝတွေမှာ နေ့တိုင်းအကြောင်းအရာအသစ်တွေ နည်းလမ်းအသစ်တွေကို နေရာမျိုးစုံကနေ ကြားနေရတာပါ တစ်သက်လုံးယုံကြည်ခဲ့ရတဲ့ အချက်အလက်တွေကလည်း တခါတလေကျတော့ အမှားတွေသာ ဖြစ်နေတတ်ပါတယ် ရုပ်ရှင်တွေထဲမှာ ခဏခဏမြင်နေရလို့ တကယ်ပဲလို့ထင်ခဲ့တဲ့ အချက်အလက်တွေကလည်း အမှားတွေဖြစ်နေနိုင်ပါတယ် ဒီလို အမှားတွေထဲကမှ လူတွေကြားထဲမှာ အမှန်လို့ အမြစ်တွယ်နေတဲ့ အကြောင်းအရာတွေလည်း အများကြီးရှိတဲ့အထဲကမှ တချို့ကို ထုတ်နှုတ်တင်ဆက်ပေးလိုက်ပါတယ် 

နွားရိုင်းတွေဟာ အနီရောင်ကိုမြင်လို့ ဒေါသထွက်ကြတာ မဟုတ်ပါဘူး နွားရိုင်းသတ်ပွဲတွေမှာ သူတို့ဒေါသထွက်စေဖို့ အနီရောင်ဝတ်ရုံစကို ဝှေ့ယမ်းပြကြပြီး ဒီအနီတောက်တောက်ရောင်ကြောင့် ဒေါသထွက်တယ်လို့ အားလုံးထင်ကြပါတယ် ဒါပေမဲ့ အမေရိကန် သိပ္ပံလမ်းညွှန်အရ နွားရိုင်းတွေဟာ အနီရောင်နဲ့ အစိမ်းရောင်ကို မမြင်ရပါဘူး သူတို့ကို တကယ်ဒေါသထွက်စေတာက လှုပ်ယမ်းနေတဲ့ ဝတ်ရုံစပါ 

photo credit to original uploader 
photo credit to original uploader 

ရွှေငါးတွေရဲ့ မှတ်ဉာဏ်က 3 စက္ကန့်ပဲကြာတယ်ဆိုတာ မဟုတ်ပါဘူး သူတို့ရဲ့ မှတ်ဉာဏ်က ၅ လအထိ သက်တမ်းရှိပါတယ်

လူသားတွေဟာ ဦးနှောက်ရဲ့ ၁၀% ကိုပဲသုံးတယ်ဆိုတဲ့ အမှားတစ်ခုရှိပါသေးတယ် တကယ်တော့ လူတွေက ဦးနှောက်ရဲ့ အစိတ်အပိုင်းအားလုံးကို အသုံးပြုတာဖြစ်ပြီး အချိန်တော်တော်များများမှာ ဦးနှောက်က အလုပ်လုပ်နေပါတယ်

photo credit to original uploader 
photo credit to original uploader 

ကျန်းမာရေးအတွက် တစ်နေ့ကို ရေ ၈ ခွက်သောက်ရမယ်ဆိုတာလည်း မဟုတ်ပါဘူး လူတစ်‌ယောက်ရဲ့နေ့စဥ် ရေလိုအပ်ချက်ဟာ သူ့ရဲ့ ကျန်းမာရေးအခြေအနေ တစ်နေ့တာလုပ်ဆောင်ချက်တွေနဲ့ နေတဲ့နေရာ‌ပေါ်မှာ မူတည်ပြီး ကွဲပြားပါတယ် တချို့တွေကလည်း ၈ ခွက်ထိမသောက်ပဲ အဆင်ပြေတဲ့အပြင် တချို့တွေကတော့ အဲ့ထက်ပိုလိုအပ်မှာပါ

photo credit to original uploader 
photo credit to original uploader 

ထမင်းစားပြီး ရေကူးရင် ကြွက်တက်တယ်ဆိုတာလည်း အမှားတစ်ခုပါပဲ အစာခြေဖို့ သွေးအပိုကို လိုအပ်တယ်ဆိုပေမဲ့ ခြေတွေလက်တွေ အလုပ်လုပ်တာ ရပ်သွားအောင်ထိတော့ မလိုအပ်ပါဘူး

ခွေးတွေက အဖြူအမည်းပဲမြင်ရတယ်ဆိုတာ ကြားဖူးကြမှာပါ ဒါကို တိရစ္ဆာန်ဆရာဝန် ကျွမ်းကျင်သူ Barbara Royal ရှင်းပြထားတာက ခွေးတွေက အရောင်တွေကို လူတွေမြင်သလို မမြင်ရဘူးဆိုပေမဲ့ အရောင်တစ်ခုနဲ့ တစ်ခုကြား ခွဲခြားနိုင်ပါတယ်

photo credit to original uploader 
photo credit to original uploader 

ဆားထည့်ပြီးတည်ထားတဲ့ ရေနွေးနဲ့ ရိုးရိုးတည်ထားတဲ့ ရေနွေးတို့က ဘာမှတော့ သိပ်မကွာပါဘူး ဆားထည့်လိုက်တဲ့အခါ ရေပူတာနည်းနည်းမြန်သွားတယ်ဆိုပေမဲ့ ရေဆူမှတ်က အတူတူပဲဖြစ်တာကြောင့် ရေဆူမဲ့အချိန်ကတော့ အတူတူပဲဖြစ်ပါတယ်

photo credit to original uploader 
photo credit to original uploader 

ပီကေတွေကို အစာခြေပစ်ဖို့ ၇ နှစ်ကြာတယ်ဆိုတာကလည်း ယုံတမ်းသက်သက်ပါ တကယ်တော့ ပီကေကို လုံးဝအစာခြေလို့ မရပါဘူး မတော်တဆ မျိုချမိတဲ့ ပီကေဟာ အစာခြေစနစ်ကနေ အညစ်အကြေးစွန့်တဲ့အခါ ပါသွားပါတယ်

photo credit to original uploader 
photo credit to original uploader 

စစ်ဘုရင် နပိုလီယံ ကိုလံဘတ်ဟာ အရပ်ပုပုလေးဆိုတာကိုလည်းကြားဖူးကြမှာပါ တကယ်တော့ ၅ ပေ ၂ လက်မလို့ပြောကြတဲ့ သူ့အရပ်ဟာ ပြင်သစ်တိုင်းတာနည်းနဲ့ တိုင်းထားတာဖြစ်ပြီး သူ့အရပ်က ၅ ပေ ၅ လောက်ရှိနိုင်တာမလို့ အဲ့ခေတ်က ပုံမှန်အရပ်လို့ ပြောလို့ရပါတယ်

photo credit to original uploader 
photo credit to original uploader 

ကမ္ဘာဦးအစက အာဒံနဲ့ ဧဝဟာ တားမြစ်ထားတဲ့ အသီးတစ်လုံးကို စားလိုက်တယ်လို့ သိထားကြမှာပါ နောက်တော့ ဘုရားကျောင်းတွေ ဇာတ်လမ်းတွေမှာ သူတို့စားလိုက်တာ ပန်းသီးဆိုပြီး ဖော်ပြခဲ့ကြပေမဲ့ ကျမ်းစာထဲမှာတော့ ပန်းသီးဆိုတာ သိပ်မသေချာပါဘူး လက်တင်ဘာသာစကားနဲ့ malus လို့ သုံးနှုန်းထားတာဖြစ်ပြီး အဓိပ္ပါယ်က နတ်ဆိုးနဲ့ ပန်းသီးလို့ နှစ်ခုရှိနေတာကြောင့်ပါ

photo credit to original uploader 
photo credit to original uploader 

လူတွေသေပြီးတာတောင် ဆံပင်တွေနဲ့ လက်သည်းတွေက ဆက်ရှည်လာနေသေးတယ်ဆိုတာလည်း ထင်ယောင်ထင်မှားတစ်ခုပါ သေပြီးရင် ရှည်ထွက်လာတာတော့ ဟုတ်ပါတယ် ရေဓတ်ခမ်းခြောက်ခြင်းကြောင့် လက်သည်းနဲ့ ဆံပင်တွေနားက အသားတွေကျုံ့သွားတာကြောင့် ရှည်လာတယ်ထင်ရတာပါ တကယ်ရှည်လာတာမဟုတ်ပါဘူး

photo credit to original uploader 
photo credit to original uploader 

အရက်သောက်ရင် ခန္ဓာကိုယ်က နွေးလာတယ်လို့ ခံစားရမိမှာပါ တကယ်တော့ အယ်လ်ကိုဟောဓာတ်ကြောင့် ဦးနှောက်ကခန္ဓာကိုယ်ကိုပြန်ပြီး လှည့်စားနေတာဖြစ်ပါတယ် တကယ်တော့ အရက်သောက်ခြင်းက ခန္ဓာကိုယ်ရဲ့ အဓိကအပူချိန်ကို လျော့ကျစေတာပါ

လင်းနို့တွေမျက်လုံးမမြင်ရဘူးဆိုတာကိုလည်း National geographic က ပြန်ရှင်းပြထားမှာ တကယ်တော့ လင်းနို့တွေက လူတွေထက် ၃ဆ ပိုပြီး အမြင်အာရုံသန်ပါတယ်

photo credit to original uploader 
photo credit to original uploader 

မိုးကြိုးက နှစ်ခါပြန်မပစ်ဘူးဆိုတာလည်း ကြားဖူးကြမှာပါ တကယ်တော့ တစ်နေရာတည်းမှာတင် ၃ ခါလောက်ထိ မိုးကြိုးပစ်ချနိုင်ပါတယ် ဒါကြောင့် မိုးကြိုးတစ်ခါပစ်ပြီးရင် စိတ်ချရပြီလို့ မထင်ပါနဲ့ 

ဒါကတော့ ကျွန်တော်တို့ နေ့စဥ်ဘဝထဲမှာ ရုပ်ရှင်တွေ စာအုပ်တွေထဲမှာ မြင်နေ ကြားနေရပြီး လူတော်တော်များများ လက်ခံထားတဲ့ အယူအဆအမှားတွေကိုတင်ဆက်ပေးထားတဲ့ Part 1 ဖြစ်ပါတယ် Part 2 ကိုလည်းဝင်ရောက်ဖတ်ရှူကြည့်ကြပါ ကိုယ်တိုင်ကရော ခုပြောပြသွားခဲ့တဲ့ အကြောင်းအရာတွေထဲမှာမှ ဘယ်တစ်ခုကို အမှန်လို့ ထင်ခဲ့ဖူးပါလဲ

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T