မိမိကိုယ်ကို နှစ်ပေါင်း ၅၀ ကြာအောင် ရေခဲထဲမှာ အေးခဲစေခဲ့တဲ့ သူဌေးကြီး

//s9.kh1.co/12/12a3805dd5470f94b6c6c657f72381ee7af3f553.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-နို-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

အခုရော သူဟာဘယ်နေရာမှာလဲ

သိပ္ပံပညာနဲ့ပတ်သက်ပြီး လူတွေမှာ နားလည်မှုလွဲနေတဲ့အရာတွေရှိပါတယ်။ အဲ့ထဲကမှ တစ်ခုကတော့ သက်ရှိတွေကို အေးခဲထားရင် ကြာရှည်ခံတယ်ဆိုတာပါပဲ။ ရုပ်ရှင်ကားတွေထဲမှာတော့ လူတစ်ယောက်ကိုအေးခဲပြီး အနာဂါတ်အချိန်မှာ ထ‌လာအောင်ဆိုပြီး ပြုလုပ်ရိုက်ကူးထားတာတွေရှိပါတယ်။ ဒီလိုအဖြစ်မျိုးဟာ အပြင်မှာလည်း ဖြစ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=859,q=100/2c/2c59da7568fc2f68e39cf5e3f57ae49c8c6f78b9.jpeg
https://s9.kh1.co/__image/w=604,h=479,q=100/2e/2e9a675bed80a059f05a8dc6787396198998f2b4.jpg

အဲ့လူနာမည်ကတော့ James Bedford ဖြစ်ပြီး သူဟာအင်မတန်မှ ချမ်းသာတဲ့ အမေရိကန်က သူဌေးကြီး တစ်ယောက်ဖြစ်ပါတယ်။ အဲ့ချိန်တုန်းက သူ့မှာ ကင်ဆာရောဂါရှိနေခဲ့ပြီး ကင်ဆာနောက်ဆုံးအဆင့်ကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဒါနဲ့သူလည်း သူ့ကိုယ်သူ အေးခဲအောင်လုပ်ပြီး အသက်ရှင်အောင်ပြုလုပ်ခဲ့ကာ နောက်နှစ် ၅၀ နေမှနိုးထလာ ပြုလုပ်ခဲ့ပါတယ်။ အဲ့လိုပြုလုပ်ဖို့အတွက် သူဟာ အဲ့ချိန်အဲ့ခါတုန်းက အမေရိကန်ဒေါ်လာ ၁သိန်းကို အသုံးပြုခဲ့ပါတယ်။ Bedford ဟာ ၁၉၆၇ခုနှစ် ဇန်နဝါရီလ ၁၂ရက်နေ့မှာ အေးခဲလူသားဖြစ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/42/426cffb68bd4258c662e17a7a1aca86d06ab9216.jpg
https://s9.kh1.co/__image/w=600,h=698,q=100/9c/9c5706124c1ca571088faba613dae9d024d3117c.jpg

သူဟာ မျှော်လင့်ထားသလို နှစ် ၅၀ ကျော်မှနိုးထဖို့ ပြုလုပ်ထားပေးမယ့် ခုချိန်မှာ‌ေတာ့ ၄ နှစ်တောင် ပိုကြာနေပြီဖြစ်ပြီး သူဟာ အေးခဲနေတုန်းပါပဲ။ ဒါဟာဘာကြောင့်လဲဆိုတော့ သူ့ကိုသေစေနိုင်မယ့် ကျောက်ကပ်ကင်ဆာဟာ ခုထိရှိနေတုန်းဖြစ်ပြီး သူအနေနဲ့ပြန်လည်နိုးထားလာဖို့ကလည်း မဖြစ်နိုင်သလောက်ပါပဲ။ ဒီသူဌေးကြီးကတော့ ယနေ့တိုင် အေးခဲလူသားဖြစ်နေပြီး သုတေသနပညာရှင်တွေလည်း သူ့ကို ပြန်လည်ပုံမှန်ဖြစ်အောင် ပြုလုပ်နိုင်မယ့်နည်းလမ်းရှာဖွေနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ရာစုနှစ်တစ်၀က်တောင်ကြာနေပြီမို့ Bedford ဟာရေခဲထဲမှာ သေနေတာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။

https://s9.kh1.co/__image/w=640,h=395,q=100/64/64c419d41b2026591400cb69ff44a1e52c61833d.jpg

သတင်း အရင်းအမြစ်Computer life

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T