ခရစ်ယာန်ကျောင်းသားလေးက ကျိုက်ထီးရိုးဘုရားနှင့်ပတ်သတ်ပြီး ဖားအောက်ဆရာတော်ဘုရားကြီးကိုမေးခဲ့တဲ့မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ပုံလေးကို ပြောပြခဲ့တဲ့ ဆရာလေးဒေါ်ကေတုမာလာ

//s9.kh1.co/b2/b20ef7c2936533884299a99325cc879428448092.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-နို-၂၀၂၁ ၅pm · လွန်ခဲ့သော ၂ နှစ် က

ခရစ်ယာန်ကျောင်းသားလေးက ကျိုက်ထီးရိုးဘုရားနှင့်ပတ်သတ်ပြီး ဖားအောက်ဆရာတော်ဘုရားကြီးကိုမေးခဲ့တဲ့မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ပုံလေးကို ပြောပြခဲ့တဲ့ ဆရာလေးဒေါ်ကေတုမာလာ

ဖား‌‌အောက်တောရဆရာ‌တော် ဘဒ္ဒန္တအာစိဏ္ဏ ကို မြန်မာသက္ကရာဇ် ၁၂၉၆-ခုနှစ် ပထမဝါဆိုလဆန်း (၁၄)ရက်၊ ခရစ်နှစ် ၁၉၃၄ ဇွန်လ (၂၄)ရက် တနင်္ဂနွေနေ့ နံနက် (၈)နာရီအချိန်တွင် ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် လိပ်ချောင်းကျေးရွာ၌ အဖ ဦးပြူး၊ အမိ ဒေါ်စောတင် တို့မှ မွေးဖွားခဲ့တာဖြစ်ပါတယ်။ စတုတ္ထမြောက် သားဖြစ်ပြီး ငယ်မည်မှာ မောင်အောင်သန်း ဖြစ်ပါတယ်။

ဆရာလေးဒေါ်ကေတုမာလာမှ  ဖားအောက်တောရဆရာတော်ဘုရားကြီးကို ခရစ်ယာန်ကျောင်းသားလေးတစ်ယောက်မှ ကျိုက်ထီးရိုးဘုရားနှင့်ပတ်သတ်ပြီး မေးခဲ့တာလေးနဲ့ပတ်သတ်ပြီး ဆရာတော်ကြီးရဲ့အဖြေလေးအကြောင်းကို လူအများသိရှိစေရန် အခုလို ဝေမျှပေးလာခဲ့ပါတယ်။

Credit to Original Uploader
Credit to Original Uploader

“ခရစ်ယာန်ကျောင်းသားလေးက ကျိုက်ထီးရိုးဘုရားနဲ့ပတ်သက်ပြီး ဖားအောက်ဆရာတော်ကြီးကို မေးခဲ့တာလေး အခုတလော ပြန်သတိရမိတယ်။

လွန်ခဲ့တဲ့ ၁၆-နှစ်လောက်က မော်လမြိုင် ဖားအောက်တောရကို ကျောင်းသားတွေ လေ့လာရေးအနေနဲ့  လာခွင့်ရဖို့သာမက ဆရာတော်နဲ့လည်း တွေ့ဆုံစကားပြောခွင့်ရဖို့ နယ်ခံသင်းအုပ်ဆရာကြီးက အကူအညီတောင်းလာတာကြောင့် ကူညီစီစဉ်ပေးခဲ့ဖူးတယ်။

မွန်ပြည်နယ်ဘက်လေ့လာရေးခရီးထွက်ခဲ့တဲ့ ရန်ကုန် ခရစ်ယာန်ဓမ္မကျောင်းက ဒုတိယနှစ်ကျောင်းသားကျောင်းသူများအဖွဲ့ဟာ ဖားအောက်တောရကို ဝင်ပြီး ဆရာတော်နဲ့ တွေ့ဆုံစကားပြောဖို့ သူတို့ကိုယ်တိုင် တောင်းဆိုခဲ့ကြတာပါ။ ဖားအောက်ဆရာတော်ကလည်း ကလေးတွေ မေးသမျှကို အလေးထားပြီး ဖြေပေးခဲ့တယ်။

Photo - Google
Photo - Google

အဲဒီထဲမှာ ကျောင်းသားလေးတစ်ယောက်က ကျိုက်ထီးရိုးစေတီရှိရာကျောက်တုံးဟာ ဘာကြောင့် တောင်ထိပ်အစွန်မှာ တေ့တေ့လေး တည်ရှိနေနိုင်ရတာလဲ၊ တချို့ပြောကြတာက ကျောက်တုံးက တောင်နဲ့ နဲနဲလေးတောင် လွတ်နေတယ်ပေါ့ အဲ့ဒါဘာ့ကြောင့်ပါသလဲ ဆိုပြီးမေးတာကို ကမ္ဘာမြေကြီးရဲ့ဆွဲအားကြောင့်ဖြစ်မယ်လို့ပဲ ဆရာတော်က တိုတိုတုတ်တုတ် ပြန်ဖြေလိုက်တယ်။

တရားအားထုတ်နည်း Meditation အကြောင်းမေးတဲ့မေးခွန်းကို ဆရာတော်ဟာ အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြခဲ့ပေမယ့် ကျိုက်ထီးရိုးဘုရား ကျောက်တုံးအကြောင်းကိုတော့ တိုတိုချုပ်ချုပ်ပဲ အထက်ပါအတိုင်းဖြေတော့ မေးတဲ့ကျောင်းသားလေးက နဲနဲတော့ ကြောင်သွားတယ်။

ဒီကျောင်းသားအဖွဲ့ဟာ ဖားအောက်တောရကို မဝင်ခင် ကျိုက်ထီးရိုးဘုရားကို ဝင်ခဲ့ပြီး များလှစွာသော ဘုရားသမိုင်းတွေကို ကြားခဲ့ရပုံရှိပါတယ်။

အံ့ဩထူးဆန်းဖွယ် ကျောက်တုံးကြီးရဲ့ သမိုင်းဇာတ်လမ်းတွေ ကြားရာကနေ ကမ္ဘာမြေကြီးရဲ့ဆွဲအားကြောင့်ဖြစ်မယ်ဆိုတဲ့အဖြေကြားလိုက်ရလို့ ကြောင်သွားတာဖြစ်မယ်။

ကိုးကွယ်ယုံကြည်မှုကို အံ့ဘွယ်သရဲ ဆန်းကြယ်တဲ့ အရာတွေနဲ့ တည်ဆောက်နေသူတွေ အားကောင်းနေတဲ့ခေတ်ကြီးမှာ ဒီလိုဖြေပေးခဲ့တဲ့ ဖားအောက်ဆရာတော်ကြီးကို အကြိမ်ကြိမ် ရှိခိုးဦးချနေမိတော့တယ်။

ဖားအောက်ဆရာတော်ဘုရားကြီး ကျန်းမာစွာဖြင့် သက်တော်ရာကျော်ရှည်ပါစေ ???”

Photo - Google
Photo - Google

ကိုးကွယ်ယုံကြည်မှုကို အံ့သြဖွယ်ဖြစ်ရပ်တွေနဲ့တည်ဆောက်နေကြတဲ့သူတွေများနေတဲ့အချိန်မှာ ဆရာတော်ကြီးရဲ့ ကမ္ဘာမြေကြီးရဲ့ ဆွဲအားကြောင့် ဖြစ်မယ်ဆိုတဲ့ ဖြေကြားပုံလေးက အရမ်းကို အဓိပ္ပါယ်ရှိပြီး ရိုးရှင်း ပြတ်သား လှတဲ့အဖြေလေးပါ။ ဖားအောက်ဆရာတော်ဘုရားကြီးရဲ့ အဖြေလေးကြောင့်လည်း ပိုပိုပြီး လေးစားကြည်ညိုစိတ်များ ဖြစ်မိပါတယ်။ ဆရာတော်ကြီးရဲ့ ပြန်လည်ဖြေကြားပုံလေးကို လူအများသိအောင် ပြန်လည် ဝေမျှပေးတဲ့ ဆရာလေး ဒေါ်ကေတုမာလာကိုလည်း ကျေးဇူးတင်မိပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T