Adele ရဲ့ ပေါင် ၁၀၀ ချနိုင်ခဲ့တဲ့ ဝိတ်ကျနည်း

//s9.kh1.co/87/87b487b29962bcc9294e9c6a4c5ecbfe40dd905b.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၃-နို-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

အသက် ၃၃ နှစ်အရွယ် တေးသံရှင် Adele ဟာ သူ့ရဲ့ Weight-loss journey အကြောင်းကို Oprah နဲ့ အင်တာဗျူးမှာ ခုလိုပြောပြခဲ့ပါတယ်။

"အဓိကကတော့ လေ့ကျင့်ခန်းပါပဲ။ လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့အတွက် စိတ်ရော၊ ကိုယ်ပါ ကျန်းမာသန်စွမ်းခဲ့ပါတယ်"

©Google
©Google

Adele ဟာ ၂ နှစ် အတွင်းမှာ ပေါင် ၁၀၀ ချနိုင်ခဲ့တာပါ။ သူ့မှာ ဘာ tips တွေ ရှိနေလဲဆိုတာ ကြည့်ကြည့်ရအောင်။

©Google
©Google

Adele ရဲ့ နေ့စဥ်လေ့ကျင့်ခန်းမှာ မပါမဖြစ်ကတော့ အလေးမတာနဲ့ circuit training ပဲ ဖြစ်ပါတယ်။ သူက gym trainer တွေဆီကနေလည်း professional advice ရယူခဲ့ပါတယ်။ တကယ်တော့ သူ လေ့ကျင့်ခန်း ပုံမှန်လုပ်လာတာ ၃ နှစ် ရှိပြီလို့လည်း အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ပါတယ်။

©Google
©Google

ကိုဗစ်ကာလ အိမ်ထဲမှာနေနေရတဲ့ အတောအတွင်း သူဟာ တစ်နေ့ကို ၃ ကြိမ် လေ့ကျင့်ပါတယ်။ မနက်ခင်းမှာ အလေးမတယ်။ နေ့ခင်းမှာ လက်ဝှေ့ထိုးတာ ဒါမှမဟုတ် တောင်တက်တာဖြစ်ဖြစ် လုပ်ပါတယ်။ ညဘက်မှာတော့ ကိုယ်အလေးချိန်ကျစေတဲ့ Cardio exercises တွေ လုပ်တယ်လို့ Adele က ပြောပြခဲ့ပါတယ်။ ဒါကြောင့်လည်း ပေါင် ၁၀၀ ကျော်ကျပေမဲ့ အသားအရည် ကျစ်လစ်တင်းရင်းနေတာပေါ့။

©Google
©Google

Adele အကြိုက်ဆုံးလေ့ကျင့်ခန်းက Deadlifting လို့ခေါ်တဲ့ အလေးမ အားကစားတစ်မျိုးပါ။ သူဟာ စစချင်း ၁၀ပေါင်အလေးပဲ မ ရာကနေ အခုဆို ပေါင် ၁၇၀ ကို အသာလေး မ နိုင်ပြီလို့ ဆိုပါတယ်။ သူ့ရဲ့ goal က ဝိတ်ကျဖို့ မဟုတ်ဘဲ သူ့ရဲ့ စိတ်ရော ကိုယ်ပါ သန်မာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ စတင် လုပ်ဆောင်ခဲ့တာပါတဲ့။

©Google
©Google

ဝိတ်ချတဲ့နေရာမှာ အစားရှောင်တာမျိုးတော့ သူ မလုပ်ခဲ့ပါဘူး။ အားကစား ပြင်းပြင်းထန်ထန် လုပ်တဲ့အတွက် အစားမရှောင်ဘဲ ပိုတောင် စားဖြစ်တယ်လို့လည်း ပြောထားပါတယ်။

အခုဆို Adele က ကျန်းမာသန်စွမ်းရုံတင်မက ဒီလို ပုံမှန်လေ့ကျင့်ခန်းလုပ်ရတာကို စွဲလမ်းနေပါပြီတဲ့။ Adele ရဲ့ လှပတဲ့ ပုံရိပ်လေးတွေကြည့်ရင်း ခွန်အား ရနိုင်ပါစေ။

©Google
©Google
Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T