K/DA ဆိုတဲ့နာမည်နဲ့ Visual Idol Group

//s9.kh1.co/dd/dd4fb46263d243f0dbfb6121e5d33646e495fa64.jpg
ဖျော်ဖြေရေးများ

 ၂၃-နို-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

Riot Game က League Of Legend universe ကို နယ်ပယ်တော်တော်များများမှာ အသက်သွင်းထားတာ အားလုံးသိကြမှာပါ အဲ့ဒီထဲကမှ K pop Fan တွေ‌ရော LOL Fan တွေပါအကုန်ကြိုက်ကြတာကတော့ K/DA ဆိုတဲ့ Girl pop Group တစ်ခုပါ ဒီ Group ဟာ ဂိမ်းထဲက အမျိုးသမီး Champion လေးယောက်နဲ့ ဖွဲ့စည်းထားတဲ့ Visual Idol Group တစ်ခုဖြစ်ပါတယ် 

Picture from Google
Picture from Google

K/DA ဆိုတဲ့ နာမည်က ဂိမ်းထဲက Kill, Death နဲ့ Assist တို့ကို ရည်ညွှန်းတာပါ League of Legends ဂိမ်းထဲက champion တွေဖြစ်တဲ့ Ahri,Akali,Evelynn နဲ့ Kai’Sa တို့လေးယောက်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ် အသံတွေအတွက်ကတော့ Ahri အဖြစ် Miyeon(G I-dle) Akail အဖြစ် Soyeon(G I-dle) Evelynn အဖြစ် အမေရိကန်အဆိုတော် Madison Beer နဲ့ Kai’Sa အဖြစ် Jaira Burns တို့က သရုပ်ဆောင်ထားကြပါတယ် သူတို့က သီချင်းအတွက်သီးသန့်ဖြစ်ပြီး Ingame Voice ကတော့ သူတို့သရုပ်ဆောင်ထားတာ မဟုတ်ပါဘူး

Picture from Google
Picture from Google

ပထမဆုံးပွဲဦးထွက်ခဲ့ကြတာက 2018 ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့မှာကျင်းပတဲ့ 2018 League Of Legends World Championship ဖွင့်ပွဲမှာ ဖြစ်ပါတယ် Pop Star အမည်ရသီချင်းနဲ့ ပွဲဦးထွက်ခဲ့ကြပါတယ် သီချင်းဟာ English လိုရော Korean လိုရော lyric တွေပါပြီး စတိတ်စင်ပေါ်မှာ အဆိုတော်တွေနဲ့အတူ Champion လေး‌ယောက်ရဲ့ AR Version တွေကပါ ဖျော်ဖြေခဲ့ကြပါတယ်

Picture from Google
Picture from Google

အစကတော့ ဒီ Group က K/DA skin တွေကို promote လုပ်ဖို့အတွက်ပဲ ရည်ရွယ်ခဲ့တာပါ ဂိမ်းထဲမှာလည်း K/DA Skin ကို ဒီ Champion လေး‌ယောက်အတွက် Wild Core 1350 နဲ့ဝယ်လို့ရပါတယ် မြန်မာငွေ ၁၀၀၀၀ ဝန်းကျင်လောက်ပါ K/DA Group ကို K/DA Skin တွေကို Promote လုပ်ရာမှာ အသုံးပြုခဲ့ပြီး သီချင်းတော်တော်များများထွက်ထားသလို ဆုတွေပါ ရရှိထားပါတယ် 2020 ခုနှစ်မှာ တရုတ် Music Streaming Servive ဖြစ်တဲ့ QQ Music ကပေးတဲ့ Best Visual Idol ဆုကို ရရှိခဲ့ပါသေးတယ် 

screenshot from Wikipedia 
screenshot from Wikipedia 

သီချင်းတွေကတော့ Pop Star,The Baddest,More,Villain,Drum go dum နဲ့ I’ll show you တို့ပါ Music Video တွေကိုလည်း You Tube မှာကြည့်ရှူနိုင်ပါတယ် ဒါ့အပြင် Group မှာ Guest Singer တစ်ယောက်ရှိပါသေးတယ် သူကတော့ Seraphine ပါ More သီချင်းထဲမှာ တရုတ်အဆိုတော် Lexie Liu က သီဆိုပေးထားတာဖြစ်ပြီး သူ့မှာလည်း ကိုယ်ပိုင် Career ရှိတယ်လို့ သိရပါတယ် 

Picture from Google
Picture from Google

ဒါကတော့ LOL ရဲ့ K/DA ဆိုတဲ့ Visual Pop Group အကြောင်းပါ ဒီ Group အောင်မြင်ပြီးနောက် Riot က တခြား Music content တွေကိုပါ ထပ်လုပ်ဆောင်ဖို့ရှိလာတာကြောင့် တခြား Champion တွေရဲ့ Music carrer တွေကိုပါ မြင်တွေ့လာရဖို့ရှိပါသေးတယ် ပုံမှန် Pop Group တွေကိုပဲ အားပေးနေရတာမလို့ အထူးအဆန်းဖြစ်အောင် Visual Group တစ်ခုလောက်ကို အားပေးချင်ကြတယ်ဆိုရင်တော့ Riot ရဲ့ K/DA က လက်ရှိအကောင်းဆုံးပါပဲ

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T