ပြင်သစ်မှာ မွှေနေတဲ့ ကိုဗစ် ပဥ္စမလှိုင်း

//s9.kh1.co/5a/5a8956e353b259dd9682f7477f2c1e43fb6a8ce7.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၃-နို-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ကိုဗစ်လူနာတွေ နေ့စဥ်တိုးပွားလာနေပြီး ပဥ္စမလှိုင်းရဲ့ ရိုက်ခတ်မှုဒဏ်ကို အပြင်းအထန် ခံစားနေရပြီဖြစ်ကြောင်း ပြင်သစ်အစိုးရက တနင်္ဂနွေနေ့က ထုတ်ဖော် ပြောပြခဲ့ပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့ အချက်အလက်အရ ပျမ်းမျှကူးစက်မှုနှုန်းဟာ တစ်နေ့ကို လူပေါင်း ၁၇၁၅၃ ဦးအထိ ရှိတယ်လို့ သိရပါတယ်။ အရင်အပတ်ကနဲ့ ယှဥ်ရင် ၈၁% အထိ တက်လာတာပါ။

©medicalxpress.com
©medicalxpress.com

အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က "ပဥ္စမလှိုင်းဟာ လျှပ်စီးလိုလျင်နှုန်းနဲ့ကို ပြန့်နေတာပါ" လို့ မီဒီယာကို ပြောခဲ့ပါတယ်။

ကူးစက်မှုနှုန်း များပေမဲ့ ပြင်သစ်ဆေးရုံတွေမှာ လူနာသစ်တက်နှုန်းကတော့ နည်းနေဆဲပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ချေကတော့ ရောဂါကူးခံရပေမဲ့လည်း ပြင်းထန်အဆုတ်ရောင်ပြီး ဆေးရုံတက်ရတဲ့ အဆင့်အထိ ရောဂါ အခြေအနေ မဆိုးတာကြောင့် ဖြစ်ပါတယ်။ ဒီလို ရောဂါသက်သာစေတဲ့ အကြောင်းရင်းက နှစ်ချက်ရှိပါတယ်။

©Google
©Google

၁။ ကာကွယ်ဆေး အပြည့်အဝ ထိုးပြီး booster shots ပါ ရရှိထားပြီးခြင်း

၂။ ကျန်းမာရေး ထောက်ခံချက်စနစ် (Health pass) ကို ကျင့်သုံးခြင်း

Health pass ဆိုတာက ပြင်သစ်ရဲ့ စားသောက်ဆိုင်၊ ကော်ဖီဆိုင်နဲ့ လူစုဝေးရာ နေရာအားလုံးမှာ ကျန်းမာရေးထောက်ခံချက်ပါမှ ဝင်ခွင့်ပြုတဲ့ စနစ်ပဲ ဖြစ်ပါတယ်။ ဒီလို pass ရဖို့ ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးပြီးတာ၊ ဒါမှမဟုတ် မကြာသေးခင်က ကိုဗစ်ဖြစ်ပြီး ပျောက်ကင်းသွားတာ၊ ဒါမှမဟုတ် ကိုဗစ်ပိုးမရှိကြောင်း စမ်းသပ်စစ်ဆေးထားတာ ဖြစ်ရပါမယ်။

©Google
©Google

ဒီ နှစ်ချက်ကို ကျင့်သုံးလိုက်နာတဲ့အတွက် ရောဂါပြင်းထန်မှု သိပ်မများတာလို့ သုံးသပ်ကြပါတယ်။ မည်သို့ပင်ဖြစ်စေ ကိုဗစ်ပဥ္စမလှိုင်းရဲ့ ကူးစက်မှုနှုန်းဟာ အလွန်လျင်မြန်နေတာ အမှန်ပဲ ဖြစ်ပါတယ်။

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T