Squid Game နေရာကို ဝင်ယူဦးမဲ့ Hellbound

//s9.kh1.co/77/77d2e08af4557e2efc9a525c372e00ccfdcb8690.jpg
ဖျော်ဖြေရေးများ

 ၂၂-နို-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

Squid Game ဆိုရင်တော့ မသိသူမရှိလောက်ပါဘူး ဒီနှစ်ထဲမှာ Netflix က လွှင့်ခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲဖြစ်ပြီး ဇာတ်ကားရဲ့ ကောင်းမွန်တဲ့ Survival game ပုံစံ Battleroyal ပုံစံတွေကြောင့် အကြီးအကျယ် အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး Season 2 ဆက်လာဖို့လည်းရှိတယ်လို့ အတည်ပြုထားပြီးသားပါ 2021 အတွင်းမှာပဲ Netflix မှာ ကိုရီးယားဇာတ်လမ်းတွဲတွေဟာ ပိုမိုနာမည်ရ လူကြည့်များလာကြပါတယ် Squid Game အရင် Netflix မှာ Horror ပုံစံဇာတ်လမ်းတွဲ Kingdom ရှိပါသေးတယ် Squid Game လောက်တော့အောင်မြင်မူ မရရှိခဲ့ပါဘူး

Hellbound Poster
Hellbound Poster

Netflix မှာ ‌လောလောလတ်လတ် လွှင့်ထားတဲ့ ကိုရီးယား Horror ဇာတ်လမ်းတွဲကတော့ Hellbound အမည်ရတဲ့ ဇာတ်လမ်းတွဲပါ The Hellbound ဆိုတဲ့ Webtoon တစ်ခုကိုအခြေခံထားတာဖြစ်ပြီး Netflix မှာ November 19 ရက်နေ့ကမှ စလွှင့်တာဖြစ်ပါတယ် Train To Busan နဲ့ Peninsula တို့နဲ့ နာမည်ကြီးခဲ့တဲ့ ဒါရိုက်တာ Yeon Sang-Ho ရိုက်ကူးထားတာဖြစ်ပြီး Cast တွေကလည်း နာမည်ကြီးတွေကြီးပါပဲ  Review ကောင်းတွေ အများအပြားထွက်ရှိထားပြီး Tomatometer မှာ 100% IMDB မှာ 6.8/10 နဲ့ ရပ်တည်နေပါတယ် Netflix မှာ စစထွက်ချင်းနေ့မှာတင်  Global TV series Chart မှာထိပ်ဆုံးနေရာကို ရောက်ရှိနေပါပြီ ဒါ့အပြင် နိုင်ငံပေါင်း ၂၄ နိုင်ငံရဲ့ Chart တွေမှာလည်း ထိပ်ဆုံးနေရာတွေကို ရရှိထားပါပြီ ဒီနှုန်းက Squid Game ထက်ပိုမြန်ပါတယ် Squid Game က စထွက်ပြီး ၈ရက်မြောက်နေ့မှ အဲ့ဒီ Chart ရဲ့ ထိပ်ကိုရောက်တာပါ အခုလက်ရှိမှာ Squid Game က နံပါတ် ၂နေရာမှာပါ ဇာတ်လမ်းအကျဥ်းကတော့ လူသားတွေရဲ့ အမှားတွေ အပြစ်တွေကြောင့် ငရဲပြည်က တမန်တော်တွေဟာ လူ့ပြည်ကိုလာပြီး အပြစ်ကျူးလွန်ထားသူတွေကို ငရဲပြည်ဆီ လာခေါ်ကြပါတယ်

https://s9.kh1.co/__image/w=650,h=366,q=100/32/329ca3420020dafe9a71ba668b7b1b8c9a2e8465.webp

ထူးခြားချက်က ဒီနေရာမှာ မြင်ဖူးနေကျလို မြေမြိုသွားတာမျိုး အိပ်နေတုန်း အိပ်မက်ပေးပြီး လာခေါ်တာမျိုးတွေမဟုတ်ပဲ မီးခိုးပုံစံနဲ့ သေမင်းတမန်တွေက ဒီအတိုင်း ရုတ်တရက်ပေါ်လာပြီး လူတွေကို ၀ုန်းဒိုင်းကြဲရိုက်နှက်ကြတာကြောင့် ကြည့်ရတာ တစ်မျိုးထူးဆန်းနေစေမှာပါ CGI ကောင်းကောင်းနဲ့ ဇာတ်လမ်းကလည်း Unique ဖြစ်တာကြောင့် Chart တော်တော်များများမှာ နံပါတ်တစ်ဖြစ်နေသလို Review တော်တော်များများမှာလည်း Positive review တွေသာရရှိထားပါတယ် ‌Age Rating ကတော့ TV-MA rating ဖြစ်တာကြောင့် ၁၈ နှစ်နဲ့ အထက်သာ ကြည့်ရှူသင့်ပါတယ် မင်းသား Yoo Ah-In က အစွန်း‌ရောက် ဘာသာရေးဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်အဖြစ် သရုပ်ဆောင်ထားပြီး မင်းသား Park Jung-Min က အဲ့ဒီဘာသာရေးဂိုဏ်းနောက်ကွယ်က အမှန်တရားကိုဖော်ထုတ်ဖို့ကြိုးစားတဲ့သူအဖြစ် သရုပ်ဆောင်ထားပါတယ် မင်းသမီး Kim Hyun-Joo ကတော့ ဘာသာရေးဂိုဏ်းကို မျက်စိမှိတ်ယုံကြည်ကြတဲ့ လူတွေကို ဆန့်ကျင်တဲ့ ရှေ့နေတစ်ယောက်အဖြစ်နဲ့ မင်းသား Yang Ik-June ကတော့ သေမင်းတမန်တွေပေါ်လာတဲ့ ကိစ္စကို စုံစမ်းစစ်ဆေးတဲ့ စုံထောက်တစ်ယောက်နေရာမှာ သရုပ်ဆောင်ထားပါတယ်p

A Scene From Hellbound
A Scene From Hellbound

ဒီကားက Squid G‌ame ပုံစံနဲ့ လုံး၀မတူတဲ့ Mystery ဆန်ဆန် ဇာတ်ကားဖြစ်ပြီး လောလောဆယ်မှာ Squid Game ထက်ပိုအောင်မြင်နိုင်မယ်လို့ ထင်ကြေးပေးခံနေရပါတယ် ဇာတ်ကောင်တွေ တစ်ယောက်နဲ့ တစ်ယောက်အားပြိုင်မူတွေ ဘယ်ကမှန်းမသိပေါ်လာတဲ့ နတ်ဆိုးတွေရဲ့ ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်မူတွေကို အပြည့်အ၀ခံစားရမှာတော့ သေချာပါတယ် ကိုယ်တိုင်က ဒီလို Horror mystery ဇာတ်လမ်းတွေကို စိတ်၀င်စားတယ်ဆိုရင်တော့ Netflix မှာ Season ၁ ခု အပိုင်း ၆ နဲ့ Hellbound ဇာတ်လမ်းတွဲကို ကိုယ်တိုင် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှူခံစားလို့ ရနေပါပြီ

သတင်း အရင်းအမြစ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T