ယူနိုက်တက်နဲ့ နောက်ဆုံးဖြေကြားခဲ့တဲ့ အင်တာဗျူးလေးမှာ မျက်ရည်တွေနဲ့ နှုတ်ဆက်သွားခဲ့တဲ့ ဆိုးလ်ရှား

//s9.kh1.co/b2/b20afba57c7a53f0d6094ce551f17a0a90a6215b.jpg
အားကစားသတင်းများ

 ၂၂-နို-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

ဝက်ဖို့ဒ်ကိုဂိုးပြတ်ရှုံးနိမ့်မှုအပြီးမှာ ဆိုးလ်ရှားရဲ့ အဆုံးသတ်ကတော့ အိမ်ပြန်လမ်းကို ဦးတည်ခဲ့ရပါတယ်။ ယူနိုက်တက်အသင်းဟာ ရှုံးပွဲတွေနဲ့ ရင်ဆိုင်နေရပြီး သမိုင်းတစ်လျှောက် ဆိုးရွားတဲ့ရလာဒ်မျိုးတွေ ထွက်ပေါ်လာတာကြောင့် ဒီတစ်ခါတော့ ဆိုးလ်ရှားကို နည်းပြရာထူးကနေ တရားဝင်ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်(၇)ပွဲမှာ (၅)ပွဲအထိ ရှုံးနိမ့်ထားပြီး နိုင်ပွဲ(၁)ပွဲသာရယူထားနိုင်သေးတာပါတယ်။ ယူနိုက်တက်က ထုတ်ပယ်လိုက်တဲ့ ဆိုးလ်ရှားနေရာမှာ လက်ရှိယာယီနည်းပြနဲ့ပဲ ဆက်သွားမှာ ဖြစ်ပါတယ်။

Photo Credit - Twitter
Photo Credit - Twitter
Photo Credit - Twitter
Photo Credit - Twitter

ယူနိုက်တက်နဲ့ တရားဝင်လမ်းခွဲလိုက်တဲ့ ဆိုးလ်ရှားကတော့ သူ့ရဲ့ နောက်ဆုံးအင်တာဗျူးမှာ "အရင်ဆုံးတော့ ကျွန်တော့်ကို ဒီအခွင့်အရေး ပေးခဲ့တဲ့ ဘုတ်အဖွဲ့နဲ့ အသင်းပိုင်ရှင်တွေကို အထူးကျေးဇူးတင်ပါတယ်... ဒီအလုပ်က လူတိုင်းရနိုင်တဲ့ အလုပ်မျိုး မဟုတ်ပါဘူး....ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ အသင်းကို တာဝန်ယူခွင့်ပေးခဲ့တဲ့ အတွက်လည်း အရမ်းဂုဏ်ယူမိတယ်....နောက်ပိုင်း အသင်း(ယူနိုက်တက်)ကို စောင့်ကြည့်အားပေးသွားမှာပါ... ပွဲစဥ်တွေ အကောင်းဆုံး မစွမ်းဆောင်နိုင်ခဲ့ပေမယ့် လုပ်ခွင့်တော့ရခဲ့တယ်.... ပထမဆုံးမိနစ်ကနေ နောက်ဆုံးမိနစ်အပိုင်းအခြားထိကို ကျေနပ်စရာတွေချည့်ပါပဲ... ကစားသမားတွေရော ကျွန်တော်စရောက်ကတည်းက ကူညီပေးခဲ့ကြတဲ့ လူတွေအားလုံးကိုရော ကျေးဇူးတင်တယ်...အရမ်းတော်ကြတဲ့ သူတွေပါ"လို့ ပြောခဲ့ပါတယ်။

Photo Credit - Twitter
Photo Credit - Twitter

ဒါ့အပြင် "ယူနိုက်တက်အသင်း နောက်ရောက် လာမယ့်နည်းပြလည်း သူချခဲ့တဲ့ အုတ်မြစ်ကို အခြေပြုပြီး အောင်မြင်တဲ့အသင်း တစ်သင်းဖြစ်အောင် တည်ဆောက်နိုင်မယ်လို့ ယုံကြည်တယ်... ကျွန်တော်ဒီအသင်းကို အကောင်းဆုံးတည်ဆောက်ခဲ့ပြီးပြီဆိုတော့ နောက်တစ်နေရာရာမှာလည်း ဒါမျိုးထပ်လုပ်မိဦးမယ်ထင်ပါတယ်”ဆိုပြီး မျက်ရည်တွေကျလာတာကြောင့် အင်တာဗျူးကို ရပ်ပေးဖို့အထိတောင် ပြောသွားခဲ့တယ်လို့ သိရပါတယ်။

သတင်း အရင်းအမြစ်Source - FabrizioRomano ၊ Daily Mail Sports

 

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T