လင်မယားနှစ်ယောက်ကြား ရန်ဖြစ်ပြီး ကျူးလွန်မိလိုက်လို့ ပြန်ပြင်မရခဲ့တော့တဲ့ အမှားကြီး

//s9.kh1.co/0a/0a7572c535248f9ad5ba7f079526dee7e105a738.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-နို-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

အိမ်ထောင်သည် စုံတွဲတစ်တွဲဟာ အကြီးအကျယ် ရန်ဖြစ်ခဲ့ကြပြီး နောက်ဆုံးတွင် ကွာရှင်းရန် စတင်ပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဇနီးသည်က ကိုယ်ဝန်ရှိနေကြောင်း တွေ့ရှိခဲ့ရပြီး ကလေးအတွက်ကြောင့် အိမ်ထောင်ရေးကို ထပ်မံကြိုးစားရန် ဆုံးဖြတ်ခဲ့ပါတယ်။ ကောင်လေးကို မွေးဖွားခဲ့ပြီးနောက် မိသားစုလေးဟာ ခဏတာ ငြိမ်သက်နေခဲ့ပါတယ်။ များမကြာမီပင် ပြဿနာဟောင်းများ ပြန်ပေါ်လာပြီး အဖေနှင့်အမေက တစ်ချိန်လုံး ရန်ဖြစ်နေပါတော့တယ်။ တစ်ညမှာ ကောင်လေး အသက် ၅ နှစ်လောက်မှာ လင်မယားနှစ်ယောက် ကောင်လေးကို အိပ်ယာထဲထားပြီး ရန်ပွဲတွေ အကြီးအကျယ် ဖြစ်ခဲ့ကြတယ်။

https://s9.kh1.co/__image/w=240,h=194,q=100/88/88551a107e72c3b40cc7ba34d22f1602a8f9f47f.jpg

ဒေါသတကြီးနဲ့ ဖခင်ဖြစ်သူက ဇနီးဖြစ်သူရဲ့လည်ပင်းကို လက်နှစ်ဖက်နဲ့ အုပ်ပြီး အသက်ကို ညှစ်ထုတ်လိုက်ပါ‌ေတာ့တယ်။ နောက်ဆုံးတော့ သူလုပ်ခဲ့တာတွေကို သိလိုက်ရတော့ ထိတ်လန့်စပြုလာပါတယ်။ သူအဖမ်းမခံရခင် အလောင်းကို ဖယ်ရှားရမယ်ဆိုတာ သူသိလိုက်ပါတယ်။ အဲ့နောက်သူလည်း အလောင်းကို ကားရဲ့ ဘောက်စ်ထဲသို့ ထုပ်ပိုးကာ မြို့ပြင်သို့ သွားခဲ့ပြီး အလောင်းကို ကားပေါ်မှ သယ်ယူခဲ့‌ေပမယ့်လည်း တင်းကျပ်‌ေနတာ‌ေကြာင့် သယ်ယူရန် ခက်ခဲခဲ့ပါတယ်။ အဲ့တာနဲ့ ဇနီးဖြစ်သူရဲ့ အလောင်းကို နောက်ကျော်ပေါ်တင်ပြီး အနံဆိုးထွက်နေတဲ့ရေကန်ထဲကုိ ပစ်ချလိုက်ပါတယ်။ သူမကိုလွှတ်ချလိုက်ချိန်မှာ ကြေကွဲစွာနဲ့ ရေထဲမြုပ်သွားတာ ကြည့်နေခဲ့ပါတယ်။

https://s9.kh1.co/__image/w=400,h=300,q=100/1a/1abcd11bd663f55f3fe5e767c744b56727138d19.jpg

အဲဒီလူက အိမ်ပြန်သွားပြီး သန့်ရှင်းရေးလုပ်ဖို့ ရေချိုးခဲ့ပေမယ့် ကန်ရဲ့ အနံ့အသက်ဆိုးတွေကို မဖယ်ရှားနိုင်ခဲ့ပါဘူး။ အနံ့က သူ့ရဲ့အစာအိမ်ကို ‌နာကျင်စေပါတယ်။ မည်မျှပဲ ခက်ခက်ခဲခဲ ပွတ်တိုက်သည်ဖြစ်စေ မကြာခဏ ရေချိုးသည်ဖြစ်စေ အနံ့ဆိုးများကို မဖယ်ရှားနိုင်ပေ။ သူသွားလေရာရာ သူ့နောက်ကို အနံကအမြန်ပါနေပါတော့တယ်။ ရက်တွေကြာလာတာနဲ့အမျှ ကောင်လေးက သူ့အမေကို စိတ်ပူလာပြီး မေးခွန်းမျိုးစုံမေးတယ်။ ဖခင်က ကောင်လေးကို သူ့အမေက ဆွေမျိုးတွေနဲ့ လိုက်သွားကြောင်း ပြောပြတယ်။ အနံ့တွေကတော့ အဖေ့ကိုယ်ပေါ်မှာ ကျန်‌ေနတုန်းပါပဲ။ သူလည်း တတ်နိုင်သလောက် လျစ်လျူရှုခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/a8/a819df5d428214fb3a692a32f3fa4bffba5ae4f4.jpg

တစ်နေ့မှာ အမျိုးသားက သူ့သားဟာ သူ့ကို ထူးဆန်းတဲ့ပုံစံနဲ့ ကြည့်နေတာကို သတိထားမိလိုက်တယ်။ သားဖြစ်သူထံ ချဉ်းကပ်လိုက်တိုင်း သူ့သားက ထိတ်လန့်တကြား တုန်လှုပ်သွားပြီး သူ့ကိုလည်း ပေးမထိပါဘူး။ တစ်နေ့မှာတော့ သူဟာ ကြမ်းပြင်ပေါ်တွင် ကစားနေတဲ့ သူ့ကလေးရဲ့ အခန်းထဲသို့ ၀င်သွားပါတယ်။

" သားလေး၊ မင်းမှာ စိတ်အနှောင့်အယှက် တစ်ခုခု ရှိနေပုံပဲ။ မင်းငါ့ကိုပြောချင်တာရှိလား "

" ဟုတ် အဖေ "

" အဲ့တာမင်းအမေအကြောင်းလား "

" ဟုတ် "

" ဒါဆိုဘာလဲ "

" ဘာလို့အမေ့မျက်နှာက ဖြူဖပ်ဖြူရောင် ဖြစ်နေရတာလဲ "

" သားဘာကိုဆိုလိုတာလဲ "

" ဘာလို့အဖေကနေ့တိုင်းအမေ့ကို ကျောကုန်းပေါ်မှာ ချည်းထားရတာလဲ " လို့မေးလိုက်တော့မှ အဖေဖြစ်သူလည်း လန့်သွားပါတော့တယ်။ ရန်ဖြစ်ရင်လက်မလွန်မိစေတာအကောင်းဆုံးပါပါပဲ။

https://s9.kh1.co/__image/w=640,h=734,q=100/57/570aac80d42a1cfe8356ca2eb99d50842a8887a6.jpg
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T