ကြက်ရဲ့အမွေးတောင်တွေကို ကြက်သားအဖြစ် ပြုလုပ်ပြီး စားသုံးတဲ့ ထိုင်းနိုင်ငံက အမျိုးသား

//s9.kh1.co/fe/fe04f758a9519294a999b74b30591049b4e321cd.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-နို-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

စံနှုန်းအရ ကြက်မွေးတွေရဲ့ 90% ဟာ ပရိုတင်စဓာတ်ကြံယ်၀ပါတယ်။ သို့သော်အမွေးတွေဖြစ်နေတာကြောင့် စားသုံးလို့မရပါဘူး။ ဒါပေမယ့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ အမျိုးသားတစ်ဦးဖြစ်တဲ့ Sorawut ဟာ ကြက်အမွေးမှ အသားပြုလုပ်နည်းကို တွေ့ရှိခဲ့ပါတယ်။ တစ်နေ့မှာတော့ Sorawut ဟာ ကြက်မွေးတွေ အများကြီးစွန့်ပစ်တာကို သားသတ်ရုံဖြတ်သွားရင်း သတိပြုမိခဲ့ပါတယ်။ ကြက်ကုိသတ်ပြီးတဲ့အခါ 90% ကို အသားအဖြစ် စားသုံးပြီး ကျန်တဲ့ ၁၀% ဖြစ်တဲ့ အမွေးကို ဖယ်ပစ်လိုက်တက်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=390,q=100/89/89c5821188e0549a2ef1e22bd5b56957c92fcd1d.jpg
https://s9.kh1.co/__image/w=650,h=433,q=100/c6/c68bb2436cdaafeda8a5cafd1ffd95ca56f7da02.jpg

အမွေးတွေက နည်းတယ်ထင်ရပေမယ့် နေ့စဉ် သန်းနဲ့ချီတဲ့ ကြက်ကောင်တွေကို သတ်ပြီး အမွေးတွေ လွှင့်ပစ်တာ ဒါမှမဟုတ် မီးရှို့ပစ်တာကြောင့် တော်တော်များပါတယ်။ Nas Daily ရဲ့ အဆိုအရ Sorawut ဟာ အမွေးများကို စွန့်ပစ်ခြင်းဟာ အရင်းအမြစ်များစွာကို ဖြုန်းတီးခြင်းဟု ခံစားလာရပြီး အမွေးများကလည်း ပရိုတင်းဓာတ် ကြွယ်ဝတာကြောင့် ဒီအမွေးများကို အသုံးပြုရန် ပိုမိုကောင်းမွန်သောနည်းလမ်းကို တွေးကာ စွန့်မပစ်ပဲနဲ့ စားသုံးရန် အကြံရခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=390,q=100/84/84aff5a31bb77ca0cbece961ea5558c5d1c7eef2.jpg
https://s9.kh1.co/__image/w=450,h=336,q=100/50/503f68e636c4c9875f17264da9d80a8f268d502a.jpeg

ဒီစိတ်ကူးက ရူးသွပ်တယ်လို့ ထင်ရပေမယ့် ကြက်သားနဲ့ ဓာတုဗေဒအရ ဆင်တူတဲ့အတွက် ကြက်အမွေးကို စားသုံးနိုင်တာကြောင့် နည်းပညာပိုင်းအရ ပြောရရင် ကြက်သားမွေးကို စားသုံးနိုင်တဲ့ အသားအဖြစ် ပြင်နိုင်ပါတယ်။ Sorawut ဟာ သားသတ်ရုံမှ အမွေးအချို့ကို ယူခဲ့ပြီး သူရဲ့အသားပြုလုပ်ဖို့အစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။ Sorawut ဟာ မှန်ကန်တဲ့ ဟင်းချက်နည်းကို ရှာတွေ့ရန် တစ်နှစ်နီးပါး အချိန်ယူခဲ့ ရပေမယ့်လည်း နောက်ဆုံးတွင် သူဟာ မှန်ကန်စွာ ရရှိခဲ့ပါတယ်။ ပထမတော့ လူတော်တော်များများက ကြက်အမွေးတွေကို စားရတာ စက်ဆုပ်ရွံရှာဖွယ်ကောင်းတယ်လို့ ယူဆခဲ့ပေမယ့် Sorawut ကတော့ ဒီအယူအဆကို ငြင်းပယ်ခဲ့ပြီး စားသုံးနိုင်တဲ့အသားဖြစ်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/f7/f7585aea03cd4b79d33ac6be9697c0415ccbf16b.jpeg

သတင်း အရင်းအမြစ်Nas Daily

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T