ယူနိုက်တက်ဘုတ်အဖွဲ့က ဆိုးလ်ရှားကို နည်းပြရာထူးမှ ထုတ်ပယ်ဖို့ဆုံးဖြတ် လိုက်ကြတယ်လို့ သတင်းများထွက်ပေါ်

//s9.kh1.co/2e/2e95557ad27164e70fd2d7ec87127ac244ddd612.jpg
အားကစားသတင်းများ

 ၂၁-နို-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

.

သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဘုတ်အဖွဲ့ဟာ ဆိုးလ်ရှားကိုနည်းပြရာထူးမှ ထုတ်ပယ်ဖို့ဆုံးဖြတ် လိုက်ကြတယ်လို့ ဆိုပါတယ်။ ယူနိုက်တက်ကစားသမားတချို့ကတော့ ဆိုးလ်ရှားထုတ်ပယ်ခံရ အရေးကိုလိုလားခဲ့ပြီး ဝက်ဖို့ဒ်ကို ဂိုးပြတ်ရှုံးနိမ့်မှုအပြီးမှာ ဝန်ထမ်းတချို့ နှင့် ကစားသမားတချို့က ငိုးယိုမှုများရှိခဲ့ကြပြီး မကြာခင်အချိန်မှာ ဆိုးလ်ရှားနဲ့ပတ်သက်တဲ့ သတင်းများကို တရားဝင်ကြေညာသွားမယ်လို့လည်း သိရပါတယ်။

Photo Credit- Daily Mail Sports
Photo Credit- Daily Mail Sports
Photo Credit- Daily Mail Sports
Photo Credit- Daily Mail Sports

နောက်ထပ်ပွဲစဥ်ကိုတော့ ကာရစ်နှင့် ဖလတ်ချာတို့က ယူနိုက်တက်အတွက် ယာယီနည်းပြအဖြစ်ကိုင်တွယ်ထားပေးဖို့အသင့်ရှိနေပြီး အသင်းရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြတာပါ။ မန်ချက်စတာယူနိုက်တက် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၇)ပွဲမှာ (၅)ပွဲအထိ ရှုံးနိမ့်ထားပြီး နိုင်ပွဲ(၁)ပွဲသာရယူထားနိုင်သေးတာ ဖြစ်ပါတယ်။ ဆိုးလ်ရှား ရဲ့ မန်ချက်စတာယူနိုက်တက်ဟာ နောက်ဆုံးအိမ်ကွင်း(၄)ပွဲဆက်နိုင်ပွဲ ရယူထားနိုင်ခြင်းမရှိတာတွေ့ရပါတယ်။

Photo Credit- Daily Mail Sports
Photo Credit- Daily Mail Sports
Photo Credit- Daily Mail Sports
Photo Credit- Daily Mail Sports
Photo Credit- Daily Mail Sports
Photo Credit- Daily Mail Sports

နောက်ဆုံးပရီးမီးယားလိဂ် (၅)ပွဲမှာ ပေးဂိုး(၁၅) ဂိုးအထိ ခွင့်ပြုထားရတာလည်းဖြစ်ပါတယ်။ဒါ့ဟာ အပြင်တန်းတက် အသင်းတစ်သင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဟာလည်း ယူနိုက်တက် ရဲ့ ပရီးမီးယားလိဂ် သမိုင်းမှာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ ရှုံးပွဲတွေကြောင့် ဆိုးလ်ရှားတစ်ယောက်ဟာ သူ့ရဲ့ နည်းပြ ရာထူးကိုပါဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။

Photo Credit- Daily Mail Sports
Photo Credit- Daily Mail Sports

သတင်း အရင်းအမြစ်Source - Daily Mail Sports

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T