ကစားကွင်းထဲပြေးဝင်လာခဲ့တဲ့ ကလေးမလေးကို ကာကွယ်ပေးခဲ့တဲ့ ဂန္တဝင်ဘောလုံးကစားသမား Cristiano Ronaldo

//s9.kh1.co/3a/3abeb971985b4cda5474afbc83866f3339c57769.jpg
အားကစားသတင်းများ

 ၁၆-နို-၂၀၂၁ ၁am · လွန်ခဲ့သော ၂ နှစ် က

ကစားသမား Ronaldo ဟာ အိုင်ယာလန်နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲကန်နေခဲ့စဉ်.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

အသက်(၄၀)နားကပ်လာသည့်တိုင် ကျစ်လစ်တောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့ ကောင်းမွန်လှပတဲ့ခြေစွမ်းတွေကြောင့် ပရိတ်သတ်များရဲ့ အားပေးမှုကို ရရှိထားသူလို့ဆိုလာရင်တော့ ပရိတ်သတ်တိုင်း လေးစားအားကျကြရတဲ့ ဘောလုံးကစားသမား Cristiano Ronaldo ကိုပဲရည်ညွှန်းရမှာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

သူဟာ ဘောလုံးကစားမှာအလွန်ထူးချွန်တဲ့အပြင် ပရိတ်သတ်တွေကို လေးစားစွာဆက်ဆံတတ်တဲ့အတွက်ကြောင့်လည်း နာမည်ကြီးသူတစ်ဦးဖြစ်ပါတယ်။သူ့ရဲ့ ပရိတ်သတ်များကိုဆိုလျှင် အသက်အရွယ်ခွဲခြားခြင်းမရှိပဲ အမြဲတလေးတစားဆက်ဆံတတ်တဲ့အကျင့်ကြောင့် ပရိတ်သတ်တွေက ပိုပြီးလေးစားနေကြရတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

ယခုဆိုရင် သိပ်မကြာခင် ကျင်းပပြုလုပ်တော့မယ့် (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နိုင်ငံအသီးသီးမှ အသင်းသားများနှင့်ကစားသမားများဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲများဖြင့် စတင်လေ့ကျင့်နေကြပြီဖြစ်ပါတယ်။ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အိုင်ယာလန်အသင်းနှင့်ပေါ်တူဂီအသင်းဟာ ခြေစစ်ပွဲအနေနဲ့ကစားခဲ့ကြတဲ့ပွဲစဉ်ပြီးပြီးချင်းမှာပဲ ပေါ်တူဂီကစားသမားဖြစ်တဲ့ Ronaldo ရဲ့ ပရိတ်သတ်တစ်ဦးဖြစ်တဲ့ ကလေးငယ်တစ်ဦးဟာ ကွင်းထဲပြေးဝင်လာခဲ့တဲ့ဖြစ်စဉ်ဖြစ်ပေါ်လာခဲ့ပါတယ်။ Ronaldo ဟာ သူ့ဆီဦးတည်ပြေးလာခဲ့တဲ့ ကလေးမလေးကို လုံခြုံရေးများထံမှ ကာကွယ်ပေးခဲ့တာဖြစ်ပြီး ကလေးမလေးကို စကားအနည်းငယ်ပြောခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် သူဝတ်ဆင်ခဲ့တဲ့ အင်္ကျီကိုလည်းလက်ဆောင်ပေးခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T