မဟာဗျူဟာကျတဲ့ ဆိုးလ်ရှားရဲ့ ကစားကွက်တွေနဲ့ ဧည့်သည် မန်စီးတီးကို အရေးနိမ့်ခဲ့ရတဲ့ ယူနိုက်တတ်အသင်း

//s9.kh1.co/93/93a56b740049a52106d27dbee90c2e7f32ccbb9e.jpg
အားကစားသတင်းများ

 ၀၇-နို-၂၀၂၁ ၆am · လွန်ခဲ့သော ၂ နှစ် က

.

ပရီးမီီးယားလိဂ်ရဲ့ ပွဲစဉ်(၁၁)ပွဲဖြစ်တဲ့ မန်စီးတီးအသင်းနှင့် ယူနိုက်တတ်အသင်းတို့ ပွဲစဥ်မှာ ပထမပိုင်း မန်စီးတီးရဲ့ သွင်းဂိုးတွေနဲ့ပဲ ယူနိုက်တတ်အသင်းဟာ တစ်ဖန်အရေးနိမ့်ပြန်ခဲ့ပါပြီး ။ဒီပွဲမှာတော့ ဆိုးလ်ရှားရဲ့ နည်းပြဘဝကို ကွက်ကွက်ကွင်းကွင်းနဲ့ မီးမှောင်ထိုးပြခဲ့သည့်အတိုင်း ယူနိုက်တတ်အသင်းဟာ ပွဲချိန်တစ်လျှောက်လုံး တစ်ဦးချင်ရောအသင်းလိုက်ပါ မန်စီးတီးအသင်းကို ဘယ်လိုမှမယှဉ်နိုင်ခဲ့ပါဘူး။

Photo Credit - Google
Photo Credit - Google
Photo Credit - Google
Photo Credit - Google

ပွဲစချိန် (၇) မိနစ်မှာ ယူနိုက်တက် နောက်ခံလူ အဲရစ် ဘိုင်ယီ အနေနဲ့ ဒါဘီပြိုင်ပွဲမှာ ပထမဆုံးကိုယ့်ဂိုး ကိုယ်သွင်းယူမိခဲ့ပါသေးတယ်။ မန်စီးတီးအသင်းဟာ အဝေးကွင်းမှာ ကစားနေရပေမယ့် ကစားကွက်အသာဖြင့် စိတ်ကြိုက်ကစားသွားနိုင်ခဲ့ပြီး ပွဲချိန်(၄၅) မိနစ်မှာ ယူနိုက်တတ်နောက်တန်း ကစားသမားအားလုံးရဲ့အမှားကနေ ဘာနာဒိုဆေးဗားက အလွယ်တကူသွင်းဂိုးဖြင့် မန်းစီးတီးအသင်းကို နောက်ထပ်ဂိုးတစ်ဂိုး ခွင့်ပြုပေးခဲ့ရပါတယ်။

Photo Credit - Google
Photo Credit - Google
Photo Credit - Google
Photo Credit - Google

တိုက်စစ်မှူးကြီး ရော်နယ်ဒိုကတော့ ပထမပိုင်းမှာ ယူနိုက်တက်အသင်းအတွက် လုရှောရဲ့ပေးပို့မှုကို အသုံးချပြီး မြေမကျကန်ချက်ဖြင့် တစ်ကြိမ်သာ ဂိုးပေါက်ခြိမ်းခြောက်ထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းအရောက်မှာလလည်း ဆိုးလ်ရှားဟာ ကွင်းလယ်နဲ့ ခံစစ်ကိုပြင်ဆင်မူမပြုလုပ်ခဲ့ဘဲ တိုက်စစ်တွေကိုသာအဓိကပြောင်းလဲခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ ယူနိက်တက်အသင်းဟာ အိမ်ကွင်းအိုးထရက်ဖို့စ်ကွင်းမှာပဲ မန်စီးတီးအသင်းကို(၂)ဂိုးပြတ်နဲ့ အရေးနိမ့်သွားရှာခဲ့ရပြန်ပါတယ်။ ဆိုးလ်ရှားအနေနဲ့ ပရီးမီးယားလိဂ်မှာ မဟာဗျူဟာကျတဲ့ ကစားကွက်တွေနဲ့ ဂွါဒီယိုလာကို ပထမဆုံးရှုံးပွဲ တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google
Photo Credit - Google
Photo Credit - Google

သတင်း အရင်းအမြစ်Source - Google

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T