အိမ်မပိုင်တဲ့ သားသမီးတွေအနေနဲ့ အရမ်းစည်းကမ်းတင်းကျပ်တဲ့ မိဘတွေဆီက လွတ်လပ်ရေးကို ဒီလိုတိုက်ယူမယ်ဆိုရင်ရော?

//s9.kh1.co/ce/ce7380c7c20e71893993945d500f28a83bcf0464.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-နို-၂၀၂၁ ၁am · လွန်ခဲ့သော ၂ နှစ် က

တစ်ခါတစ်လေမှာ တချို့အရာတွေကို ဆန့်ကျင်လိုက်မယ်ဆိုရင်တော့.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ဒီနေ့ခေတ်မှာ လူငယ်တွေအတော်များများကြုံတွေ့လာရတဲ့ ပြဿနာအများစုထဲက တစ်ခုကိုပြောရမယ်ဆိုရင်တော့ စည်းကမ်းတင်းကျပ်ကြတဲ့ မိဘတွေနဲ့ အဆင်မပြေမှုပဲ ဖြစ်ပါတယ်။ဒီလိုပြဿာနာတွေဟာ ဘာကြောင့်ဖြစ်ပေါ်လာရလဲဆိုရင်တော့ မိဘတွေအနေနဲ့ သားသမီးတွေကို ချစ်လွန်းအားကြီးကြတဲ့အတွက် စိုးရိမ်စိတ်လွန်ကဲခြင်းကြောင့်ဖြစ်ပေါ်လာကြတာပါ။ဒါဆို ဒီပြဿနာတွေကရုန်းထွက်ဖို့ နည်းလမ်းတွေကို ဒီနေ့မှာ ပြောပြပေးသွားမှာဖြစ်ပါတယ်။

(၁)မိမိလုပ်မယ့်အကြောင်းအရာတွေကို အသေးစိတ်ပြောပြခြင်းမှ ရှောင်ကျဉ်ပါ။

ဒီအချက်ကို မြင်ရတဲ့ အခါ စိတ်ထဲတစ်မျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။သို့ပေမယ့် အဓိက ဆိုလိုချင်တာက မိဘတွေအနေနဲ့ စိုးရိမ်ရမယ့် ကိစ္စရပ်များ မဟုတ်နေခဲ့ရင် မိမိကိုယ်တိုင်ပဲ ကိုင်တွယ်ဖြေရှင်းလိုက်ပါ။ဒါဟာ သင့်ကို လူကြီးတစ်ယောက်အသွင်ရင့်ကျက်လာစေနိုင်မယ့်အပြင် မိဘတွေအနေနဲ့လည်း ကိုယ့်ကို လူကြီးတစ်ယောက် အသွင်အဖြစ်မြင်လာမှာဖြစ်ပြီး စိုးရိမ်မှုလွန်ကဲခြင်းကြောင့်ဖြစ်လာတဲ့ တင်းကျပ်မှုတွေကို လျှော့ချပေးနိင်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

(၂)မိဘတွေအနေနဲ့ ကိုယ့်အပေါ် ယုံကြည်စိတ်ချရအောင် နေပေးပါ။

တစ်ခါတစ်ရံမှာ မိဘတွေအနေနဲ့ အချို့သော ကိစ္စတွေကို သားသမီးကိုချစ်တဲ့စိတ်ကြောင့် ခွင့်မပြုချင်ပေမယ့် ခွင့်ပြုလိုက်ရတဲ့ အကြောင်းအရာတွေရှိပါတယ်။ကိုယ့်အပေါ် ဒီလိုမျိုး အခွင့်အရေးတွေ ပေးလာတဲ့အခါ ကိုယ့်ဘက်ကလည်း မိဘတွေအနေနဲ့ ကိုယ့်အပေါ် အခွင့်အရေးပေးရကျိုးနပ်အောင် ကြိုးစားသင့်ပါတယ်။အဲ့လိုမဟုတ်ပဲ မိဘများစိုးရိမ်ရမယ့်အကြောင်းအရာတွေကို ပြုလုပ်လာခဲ့မယ်ဆိုရင်တော့ အရင်ထက်ပိုမိုဆိုးရွားသွားနိုင်တဲ့အပြင် နောက်ထပ်အခွင့်အရေးဆိုတာလည်းရှိလာတော့မှာမဟုတ်ပါဘူး။

Photo Credit From Original Uploader
Photo Credit From Original Uploader

(၃) မိဘများကို သီးသန့်အချိန်ပေးပါ။

တစ်ခါတစ်လေမှာ ပြဿနာအားလုံးရဲ့ အရင်းအမြစ်က မိဘနဲ့ မရင်းနှီးတဲ့အတွက်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ဒါကြောင့် မိဘများကို သီးသန့်အချိန်ပေးပြီး အတူတူအချိန်ကုန်ဆုံးခြင်းကလည်း သင်နဲ့မိဘများကြားရင်းနှီးမှုပိုမိုရရှိစေနိုင်ပြီး ကတောက်ကဆဖြစ်ခြင်းမှ ကင်းဝေးနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် သင့်အကြောင်းကိုလည်း ပိုပြီး နားလည်သွားမှာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

(၄)တစ်ခါတစ်ရံ မိဘတွေတားဆီးထားတဲ့အရာ အချို့မှ သွေဖယ်ပြီး သွေးတိုးစမ်းပြုလုပ်ကြည့်ပါ။

ဒီစာသားဟာ မြင်ရသူအတွက် တစ်မျိုးဖြစ်နေနိုင်ပေမယ့် တကယ်ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။အမြဲတမ်းစည်းကမ်းတွေကြားမှာ နေရတာထက်စာရင် သွေဖယ်ဆန့်ကျင်ရတာက ပျော်စရာကောင်းပါတယ်။သို့ပေမယ့် မိဘတွေတားဆီးထားတဲ့အရာတွေကနေ သွေဖယ်ဆန့်ကျင်မယ်ဆိုရင်တော့ မိဘတွေအနေနဲ့ နားလည်လက်ခံ ခွင့်လွှတ်ပေးနိုင်လောက်တဲ့အကြောင်းအရာဖြစ်ဖို့လိုအပ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

(၅)မိမိပတ်ဝန်းကျင်မှ မိသားစုတွေရဲ့ ဆက်ဆံရေးကို ကြုံတိုင်းပြောပြပါ။

ပတ်ဝန်းကျင်မှာ ရှိတဲ့ အသိမိတ်ဆွေ မိသားစုတွေရဲ့ ဆက်ဆံရေးအကြောင်း ၊ အထူးသဖြင့် မိဘနဲ့ သားသမီးဆက်ဆံရေးအကြောင်းတွေကို သင့်မိဘတွေကို ကြုံရင်ကြုံသလိုပြောပြပေးပါ။ပြောပြတဲ့နေရာမှာ မိမိသဘောကျတဲ့ မိသားစုဆက်ဆံရေးအပြင် မနှစ်မြို့တဲ့ဆက်ဆံရေးအကြောင်းပါပြောပြပေးပါ။ဒါ့အပြင် ဘာကြောင့် သဘောကျရတယ် ၊ ဘာကြောင့် မနှစ်မြို့ရတယ်ဆိုတဲ့အကြောင်းကိုပါ ထည့်သွင်းပြောပြပေးပါ။ဒါမှ သင့်ရဲ့စိတ်ကို နားလည်လာပြီး ထိန်းချုပ်မှုများမှ သက်သာလာစေနိုင်မှာဖြစ်ပါတယ်။

ဒီအချက်တွေ ပြုလုပ်ခြင်းအားဖြင့် သင့်ရဲ့မိဘနဲ့ နားလည်မှုရရှိလာမှာဖြစ်ပြီး သင်လိုချင်နေတဲ့ အိမ်တွင်းလွတ်လပ်ရေးကို ရရှိသွားမှာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T