UEFA က သတ်မှတ်ထားတဲ့ အမြင့်ဆုံးစာရင်းဝင် အသင်း (၁၀) သင်းမှာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဝင်ခွင့်ရထားတဲ့ အသင်းကြီးများပါဝင်

//s9.kh1.co/d5/d55d7dfd0646d36c3847700d80a7982d4c1c4079.jpg
အားကစားသတင်းများ

 ၀၂-နို-၂၀၂၁ ၅pm · လွန်ခဲ့သော ၂ နှစ် က

.

UEFA အဆင့်သတ်မှတ်ထားတဲ့ နောက်ဆုံး(၅) ရာသီအတွင်း အမြင့်ဆုံးစာရင်းဝင်အသင်းတွေထဲက ထိပ်ဆုံးအသင်း (၁၀)သင်းကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ကစားနေကြတဲ့ အသင်းကြီးအများစု ပါဝင်လာခဲ့တာ တွေ့ရပါတယ်။ ဥရောပကလပ်အသင်းများရဲ့ အဆင့်သတ်မှတ်ချက်ထိပ်ဆုံးများမှာ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းက ဦးဆောင်နေတာပါ။

Photo Credit - Google
Photo Credit - Google

ဒုတိယနေ ရာမှာတော့ ပရီးမီးယားလိဂ်မှ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းက ရပ်တည်နေသလို့ နောက်ဆုံး (၃) နှစ်အတွင်း ချန်ပီယံလိဂ်ရရှိထားတဲ့ လီဗာပူးလ် နဲ့ ချဲလ်ဆီး တို့က အဆင့်(၃) ၊အဆင့်(၄) နေရာမှာရှိနေခဲ့ပါတယ်။ စပိန်ထိပ်သီး ဘာစီလိုနာ အသင်းကတော့ အဆင့်(၅) နေရာမှာ ရပ်တည်နေပါတယ်။

Photo Credit - Google
Photo Credit - Google

အဆင့်(၆)နေရာမှာတော့ ပြင်သစ်ရဲ့ အင်အားကြီးကလပ်ဖြစ်တဲ့ ပီအက်စ်ဂျီအသင်း ၊ အဆင့် (၇) မှာလည်း ချန်ပီယံလိဂ်မှ ရီးရဲလ်မက်ဒရစ်အသင်း ၊ အဆင့် (၈)နေရာမှာ အီတလီ မှ ဂျုဗင်တပ်စ်အသင်း နှင့် ပရီးမီးယားလိဂ်ရဲ့အောင်မြင်မှု အများဆုံးကလပ်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ အဆင့် (၉) နေရာရှိပြီး စပိန်ထိပ်သီးဖြစ်တဲ့ အက်သလက်တီကိုအသင်းက အဆင့်(၁၀)မှာရှိပြီ အဆင့်ဇယားမှာ အစဉ်လိုက်ရပ်တည်နေပါ။

Photo Credit - Google
Photo Credit - Google

သတင်း အရင်းအမြစ်Source - UK Match Day

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T