ဆံပင်တွေသန်စွမ်းဖို့အတွက် အိမ်မှာအလွယ်တကူ ပိုက်ဆံတစ်ပြားမှ မကုန်ပဲ လိုက်လုပ်လို့ရသည့်နည်းလမ်းကောင်းတစ်ခု

//s9.kh1.co/29/2987d95462fc2d8799a1a5199a5216c78922c81c.png
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၉-အောက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

ဆံပင်တွေသန်စွမ်းဖို့အတွက် အိမ်မှာအလွယ်တကူ ပိုက်ဆံတစ်ပြားမှ မကုန်ပဲ လိုက်လုပ်လို့ရသည့်နည်းလမ်းကောင်းတစ်ခု

ကျန်းမာသန်စွမ်းတဲ့ ဆံပင်လေးတွေ ရဖို့အတွက်ဆိုရင်  အိမ်မှာပဲ လွယ်လင့်တကူ ပိုက်ဆံတစ်ပြားမှ မကုန်တဲ့ နည်းလမ်းကောင်းတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။သင့်အိမ်မှာ ကိုယ်အမြဲစားနေကျ ထမင်းရှိရင် ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်လေးတွေကို ပိုင်ဆိုင်ဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်မှာ ဖြစ်ပါတယ်၊၊

Photo Credit - Google
Photo Credit - Google

ပထမဦးစွာ အသင့်ကျက်နေတဲ့ထမင်းကို စားပွဲတင်ဇွန်းနဲ့ သုံးလေးဇွန်းလောက် ခူးပြီး သန့်ရှင်းတဲ့ ပန်းကန်လုံးထဲကို ထည့်ထားပါ။

Photo Credit - Google
Photo Credit - Google

ဒုတိယအဆင့်အနေနဲ့ သံလွင်ဆီကို စားပွဲတင်ဇွန်းရဲ့ လေးပုံတစ်ပုံလောက် ခုနက ထမင်းထည့်ထားတဲ့ ပန်ကန်ထဲသို့ ထည့်လိုက်ပါ။

Photo Credit - Google
Photo Credit - Google

တတိယအဆင့်အနေနဲ့ သန့်ရှင်းတဲ့ရေကို အနည်းငယ်လောင်းထည့်ပါ။ရေများသွားရင်အဆင်မပြေတဲ့အတွက် နည်းနည်းထိန်းထည့်ပေးပါ။

Photo Credit - Google
Photo Credit - Google

စတုတ္ထအဆင့်အနေနဲ့ ခုနက ပါဝင်ပစ္စည်းတွေဖြစ်တဲ့ ထမင်း၊သံလွင်ဆီရယ် ရေရယ်ထည့်ထားတာကို သင့်အိမ်မှာရှိတဲ့ Blender ထဲသို့ထည့်ပြီး ကြိတ်လိုက်ပါ။ကြိတ်လို့ရလာတဲ့ ထမင်းနဲ့ပြုလုပ်ထားတဲ့ Hair conditioner အရည်ကို မိမိရဲ့ခေါင်းကို ခေါင်းလျှော်ရည်နဲ့လျှော်ပြီးရေဆေးချပြီးနောက်ပိုင်းမှာ ဦးရေပြားပေါ်လိမ်းပြီး ၅ မိနစ်လောက်ကြာသည်အထိ ထားပြီး ရေပြန်ဆေးချပါ။အဲလိုလုပ်ပေးခြင်းအားဖြင့် သင်ဟာ ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်လေးတွေကို ပိုက်ဆံတစ်ပြားမှ မကုန်ပဲ ရရှိမှာပဲ ဖြစ်ပါတယ်။

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T