ထိုင်ဝမ်ကျွန်းရဲ့ အရှေ့မြောက်ပိုင်းမှာ အောက်တိုဘာ (၂၄) ရက် တနင်္ဂနွေနေ့က အင်အားရစ်ချတ်တာစကေး (၆ ဒသမ ၅) ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ရုပ်သံများရဲ့ ဖော်ပြချတွေအရ အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ထိုင်ပေမြို့တော်က အဆောက်အအုံတွေဟာ အတော်လေးကို ရမ်းခါခဲ့တာကို တွေ့ရပါတယ်။
ငလျင်ဟာ ယီလန်မြို့နယ်က မြေအောက်အနက် (၄၁ ဒသမ ၅) မိုင်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီး ကြီးကြီးမားမား ပြိုကျအပျက်အစီးတာတွေ မရှိဘူးလို့ နိုင်ငံသတင်းများက ဖော်ပြထားပါတယ်။ ဒါ့အပြင် ထိုင်ဝမ်ကျွန်းရဲ့ အနောက်ပိုင်း အရှေ့ပိုင်းနဲ့ မြောက်ပိုင်းတွေမှလည်း ဆိုးရွာတဲ့ ငလျင်ဒဏ်ကို ခံစားခဲ့ရတယ်လို့ မိုးလေဝသဗျူရိုက ထုတ်ပြန်ထားပါတယ်။
ထိုင်ဝမ်ကျွန်းဟာ ကမ္ဘာ့ကျောက်လွှာချပ်ကြီး (၂ )ချပ်ကြားအနားမှာရှိနေတဲ့ ကျွန်းဖြစ်လို့ မကြာခဏ ငလျင်လှုပ်ခတ်ပါတယ်။ ၂၀၁၆ နှစ်တုန်းကလည်း ထိုင်ဝမ်တောင်ပိုင်းမှာ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦးများ ပြိုကျပျက်စီးပြီး လူပေါင်း (၁၀၀)ကျော်လောက် သေဆုံးခဲ့ရပါတယ်။ အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ နှစ်ကတော့ ၁၉၉၉ ခုနှစ်တုန်း အင်အားရစ်ချတ်တာ စကေး (၇ ဒသမ ၃) ရှိတဲ့ ငလျင်ကြောင့် လူပေါင်း (၂၀၀၀)ကျော်လောက် သေဆုံးခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Source - Sky News