ဒီတစ်ခါဖော်ပြပေးချင်တာကတော့ ကမ္ဘာပေါ်မှာ ထင်ရှားတဲ့ မံမီတွေများစွာထဲမှာမှ Belize နိုင်ငံမှာရှိတဲ့ ထူးခြားပြီးဆန်းကြယ်လှတဲ့ မံမီလှိုဏ်ခေါင်းတစ်ခုအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီလှိုဏ်ခေါင်းကြီးထဲမှာဆိုရင် မံမီ ရုပ်အလောင်းပေါင်းများစွာကိုတွေ့ရမှာဖြစ်ပြီး လှိုဏ်ဂူထဲကို ဝင်တဲ့ လမ်းတစ်လျှောက်မှာ မံမီရုပ်အလောင်းပေါင်း ၈၀၀၀ ကျော်ကို မတ်တပ်ရပ်အနေအထားမျိုးနဲ့ ထားရှိထားတာကို အသည်းတယားယားနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒီလှိုဏ်ဂူကြီးထဲမှာ ပိုပြီး ထူးဆန်းတဲ့အချက်တစ်ချက်ကတော့ မပုတ်မသိုးပဲရှိနေတဲ့ ကလေးမလေးတစ်ယောက်ရဲ့ မံမီ ရုပ်အလောင်းပဲ ဖြစ်ပါတယ်။ ဒီကလေးမလေးရဲ့ နာမည်ကတော့ Rosalia Lombarbo လို့အမည်ရပြီး တကယ့်ကိုအိပ်မောနေကျတဲ့ ပကတိကလေးလေးတစ်ယောက်အဖြစ် အထင်မှတ်မှားသွားစေနိုင်ပါတယ်။ တကယ်တော့ ဒီကလေးမလေးဟာ အဆုတ်ရောင်ရောဂါနဲ့ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
သူမရဲ့ ဖခင်ဟာ သူ့သမီးလေးကို ဆုံးရှုံးခဲ့ရတဲ့အတွက် သောကရောက်ခဲ့ရပြီး သူ့သမီးလေးရဲ့ ခန္ဒာကိုယ်ကို မပုတ်မသိုးပဲ မူလအနေအထားတိုင်း တည်ရှိစေဖို့အတွက် သူကိုယ်တိုင်စီမံခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ Rosalia Lombarbo ရဲ့ ခန္ဓာကိုယ်ကို Sleeping Beauty ဆိုပီးလို့တောင် တင်စားခေါ်ဝေါ်လောက်ရတဲ့အထိတောင် ဖြစ်ခဲ့ရပါတယ်။ ဒီလို ထူးဆန်းမှုတွေနဲ့ တည်ရှိနေတဲ့ Belize နိုင်ငံက မံမီ လှိုဏ်ခေါင်းထဲကို စိတ်ဝင်တစား လာရောက်လည်ပတ်သူတွေအများအပြားရှိနေကြဆဲပဲ ဖြစ်ပါတယ်။ ကလေးမလေးရဲ့ ရုပ်အလောင်းဟာ နှစ်ပေါင်း ၁၀၀ ကျော်ကြာနေပြီဖြစ်ပေမယ့် တခါတလေ မျက်တောင်ခတ်တယ်လို့လည်း ပြောကြပါတယ်။
သတင်း အရင်းအမြစ်៖ Metro