YOU စီးရီးရဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Victoria Pedretti နှင့် Dylan Arnold တို့ တွဲနေကြတယ်ဆိုတဲ့ သတင်းများထွက်ပေါ်

//s9.kh1.co/5a/5a81d218bf48231d2fa00e95febb74eaa6aa2a33.jpg
အနုပညာရှင်များ

 ၂၅-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

YOU စီးရီးရဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Victoria Pedretti နှင့် Dylan Arnold တို့ တွဲနေကြတယ်ဆိုတဲ့ သတင်းများထွက်ပေါ်

မကြာသေးမီက Netflix စီးရီး “YOU” ရဲ့ သရုပ်ဆောင်တွေဖြစ်ကြတဲ့ Victoria Pedretti နှင့် Dylan Arnold  တို့ တွဲနေကြပြီလို့ သတင်းတွေထွက်လာပါတယ်။ Victoria Pedretti နှင့် Dylan Arnold တို့နှစ်ယောက်စလုံးဟာ သရုပ်ဆောင်ကောင်းတဲ့သူတွေပါ။ သူတို့ဟာ လက်ရှိမှာလည်း Netflix ရဲ့ နာမည်ကြီး စီးရီးဖြစ်တဲ့ YOU ဇာတ်လမ်းထဲမှာ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိထားပါတယ်။

Google
Google

သတင်းတွေအရ Victoria Pedretti နှင့် Dylan Arnold တို့နှစ်ယောက် အပြင်မှာ ချိန်းတွေ့နေကြပြီဆိုပြီး ပြောနေကြပါတယ်။ ဒီအကြောင်းနဲ့ပတ်သတ်ပြီး Netflix Life က အခုလိုပဲဖြေရှင်းထားပါတယ်။

“အခုအချိန်ထိတော့ Pedretti နှင့် Arnold တို့တွဲနေကြတယ်ဆိုတဲ့ သတင်းနဲ့ပတ်သတ်ပြီး အချက်အလတ်တွေ မရရှိသေးပါဘူး။ Pedretti နှင့် Arnold နှစ်ဦးစလုံးက လူလွတ်တွေဖြစ်တာကြောင့် သူတို့ရည်းစားထားကြရင်တောင် သူတို့နှစ်ယောက်ပဲဖြစ်ဖြစ် အခြားသူနဲ့ဖြစ်ဖြစ် ကျွန်တော်တို့သိနိုင်မှာ မဟုတ်ပါဘူး။ အခု ကျွန်တော်တို့တွေ ပါပါရာဇီတွေရဲ့ ဓာတ်ပုံတွေတတ်လာ မလာ စောင့်ကြည့်နေကြပါတယ်။ အကယ်၍ဓာတ်ပုံတွေသာ တတ်လာတယ်ဆိုရင် သေချာတယ် ဒါသူတို့နှစ်ယောက်တွဲနေတာပါ။ ဓာတ်ပုံတွေမရှိဘူးဆိုရင်တော့ ဒါဆို ကောလာဟလ တစ်ခုလို့ပဲသတ်မှတ်လို့ရပါသေးတယ်။ သူတို့တွဲနေကြတယ်ဆိုရင်လည်း ကျွန်တော်တို့ သဘောတူပါတယ်။ နောက်ထပ် သတင်းတွေကို ထပ်မံပြီး တင်ပေးသွားပါဦးမယ်” လို့ ပြန်လည်ဖြေရှင်းပေးထားပါတယ်။

Google
Google

Pedretti နှင့် Arnold တို့တွဲနေကြပြီဆိုတဲ့ သတင်းက ပရိတ်သတ်တွေဆီကနေ အရင်ထွက်လာတာဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ သူတို့ကြိုက်တဲ့ YOU ဇာတ်လမ်းထဲက ဇာတ်ကောင်တွေကို အပြင်မှာပါ တကယ်တွဲစေချင်တာကြောင့် ခုလို သတင်းဖြန့်ကြတာလို့လည်း သုံးသပ်ထားကြပါတယ်။ တကယ်တွဲနေတာဟုတ်လား မဟုတ်လားကိုတော့ ဆက်လက်ပြီး စောင့်ကြည့်ကြတာပေါ့နော်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T