မြန်မာနိုင်ငံရဲ့ ဘောလုံးပရိတ်သတ်အများစု အားပေးတဲ့ အသင်းတစ်သင်းကိုဖော်ပြပါဆိုရင်တော့ သရဲနီလို့အသိများတဲ့ မန်ချက်စတာယူနိုက်တက်လို့ပဲ ပြောရမှာပါ။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အစဉ်အလာကြီးမားစွာ ခေတ်အဆက်ဆက်မှာ အောင်မြင်မှုများစွာရရှိခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။
ယခင်က မန်ချက်စတာယူနိုက်တက်အသင်းကို ဆာအဲလက်စ်ဖာဂူဆန် က နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တာဖြစ်ပြီး အောင်မြင်မှုများစွာ ဆွတ်ခူးရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းကို ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဆိုးရှားက နည်းပြအဖြစ်တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။သူ့ရဲ့ ကိုင်တွယ်ပုံအချို့ဟာ နည်းစနစ်အားဖြင့် လွဲနေတယ်လို့ ပရိတ်သတ်အများစုက ဝေဖန်နေကြတာဖြစ်ပါတယ်။
မန်ယူအသင်းဟာ ယမန်နေ့ညက လီဗာပူးအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင် လီဗာပူးအသင်းကို (၅)ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ထိုပွဲစဉ်ကိုတော့ ၎င်းရဲ့ အိမ်ကွင်းဖြစ်တဲ့ အိုးထရက်ဖို့မှာ ကစားခဲ့တာဖြစ်ပြီး ရလဒ်အနေနဲ့ ဆိုးရွားစွာရရှိခဲ့တာကြောင့် ပရိတ်သတ်များက နည်းပြဆိုးရှားကို ထုတ်ဖို့ အပြင်းအထန် တောင်းဆိုလာခဲ့ကြပါတယ်။ထိုပွဲအပြီးမှာတင်ပဲ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နည်းပြဆိုးရှားကို ထုတ်မယ်ဆိုတဲ့ သတင်းဟာ ယုံကြည်ရတဲ့ နေရာမှ ထွက်လာခဲ့တာဖြစ်ပါတယ်။နောက်ထပ်ရောက်ရှိလာမယ့်နည်းပြဟာ ယခင်ရီးရဲလ်မက်ဒရစ်အသင်းနည်းပြဟောင်း ဇီဒန်း ဖြစ်လာမယ်လို့ စပိန်အခြေစိုက် အားကစားသတင်းဌာနတွေက အပြိုင်အဆိုင်ရေးသားဖော်ပြလာကြတာပဲဖြစ်ပါတယ်။