သားဖြစ်သူကို ပြချင်လို့ သားဖြစ်သူကြိုက်တဲ့အဆိုတော်နဲ့ ဓာတ်ပုံလေးအတူတွဲရိုက်ဖို့ တောင်းဆိုလာတဲ့ ဟင်းရွက်သည် အဒေါ်ကြီး

//s9.kh1.co/91/91eb70191aaf147298f130449ba11a381ac5bfd4.jpg
အနုပညာရှင်များ

 ၂၅-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

သားဖြစ်သူကို ပြချင်လို့ သားဖြစ်သူကြိုက်တဲ့အဆိုတော်နဲ့ ဓာတ်ပုံလေးအတူတွဲရိုက်ဖို့ တောင်းဆိုလာတဲ့ ဟင်းရွက်သည် အဒေါ်ကြီး

လမ်းသွားနေရင်းနဲ့  ဟင်းရွက်သည်အဒေါ်ကြီးက ကုန်စိမ်းလှည်းလေးရပ်ပြီး “အန်တီ့သားလေးက မင်းပရိသတ်” လို့ဆိုလာပြီး သားဖြစ်သူကို ပြန်ပြချင်တာကြောင့် ဓာတ်ပုံအတူတူရိုက်ဖို့ အတွက် အဆိုတော်ရော်ရွက်ကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အဆိုတော်ရော်ရွက်က ဟင်းရွက်သည် အဒေါ်ကြီးနဲ့အတူတူ ဓာတ်ပုံလေးတွဲ ရိုက်ပေးလိုက်ပြီး ဓာတ်ပုံလေးကိုလည်း ရော်ရွက်ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးထားပါတယ်။

Yaw Yazt
Yaw Yazt

ဟင်းရွက်သည်အဒေါ်ကြီးကတော့ လူငယ်တွေကြိုက်တဲ့ အဆိုတော်ရော်ရွက်ဆိုတာကို သိချင်မှ သိပေမယ့် သားဖြစ်သူကြိုက်တဲ့သူဖြစ်တာကြောင့်  လုံးဝကို မှတ်မိနေပေးထားတာပါ။ မိခင်မေတ္တာကြီးမားလိုက်တာ။ သားဖြစ်သူကို ပြဖို့ သားဖြစ်သူကြိုက်တဲ့ အဆိုတော်ကို တောင်းဆိုပြီး ဓာတ်ပုံအတူတွဲရိုက်ခဲ့တာနော်။

Yaw Yazt
Yaw Yazt
Yaw Yazt
Yaw Yazt

အဆိုတော်ရော်ရွက်ဟာ Pyaw Par Say, Sometime, Mile Htaung Che Alwan စတဲ့သီချင်းတွေနဲ့လူသိများခဲ့တဲ့သူဖြစ်ပြီး လူငယ်တွေကြားမှာ ရေပန်းစားတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။  ဒါ့အပြင် ရော်ရွက်က Revolution ဆိုတဲ့ သီချင်းကိုလည်း သီဆိုထားပြီး ပရိသတ်အားပေးမှုတွေ အများကြီးရရှိထားတဲ့သူဖြစ်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T