ရေသောက်ခြင်းကြောင့် ရရှိနိုင်မဲ့ အကျိုးကျေးဇူး ၅ ခု

//s9.kh1.co/94/940cf7671f578d17e033234c7b070666ab5afc01.jpeg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၄-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

ရေသောက်ခြင်းကြောင့် ရရှိနိုင်မဲ့ အကျိုးကျေးဇူး ၅ ခု

ရေဆိုတာ  သတ္တဝါတိုင်းရဲ့ မရှိမဖြစ် အလိုအပ်ဆုံးသော အရာတစ်ခုလည်း ဖြစ်ပါတယ်။ခန္ဓာကိုယ်အတွက် နေ့စဥ်နဲ့အမျှ အဓိကလိုအပ်နေတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ရေအသက်တစ်မနက်လို့တောင် ဆိုရိုးစကားရှိပါတယ်။ရေသောက်ခြင်းကြောင့် ရရှိနိုင်မဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Google
Photo Credit - Google

၁။ဝိတ်ကျစေခြင်း

ရေများများသောက်ပေးခြင်းကြောင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကယ်လိုရီလောင်ကျွမ်းမှုကို ပိုမိုမြန်ဆန်စေတဲ့အတွက် ဝိတ်ချချင်သူတွေအတွက် ပိုက်ဆံလည်းမကုန်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

၂။ခေါင်းကိုက်ခြင်းကို ကာကွယ်ပေးခြင်း

ခေါင်းကိုက်စေတဲ့ အဓိက အကြောင်းအရင်းကတော့ ရေပုံမှန်မသောက်ခြင်းကြောင့် ဖြစ်ပါတယ်။ရေများများသောက်ခြင်းဟာ ခေါင်းကိုက်ခြင်းကို ကာကွယ်ရုံသာမက ပါးစပ်ကနေ အနံံဆိုးထွက်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

Photo Credit - Google
Photo Credit - Google

၃။အူလမ်းကြောင်းကို သန့်ရှင်းစေခြင်း

မနက်မိုးလင်းတာနဲ့ ရေသောက်ခြင်းဟာ အညစ်အကြေးများစွန့်ပစ်ဖို့အတွက် အားပေးပါတယ်။ဝမ်းချုပ်တတ်သူများဟာ  မနက်နိုးတာနဲ့ ရေများများသောက်ပေးသင့်ပါတယ်။

Photo Credit - Google
Photo Credit - Google

၄။အသားအရေကို ကြည်လင်ဝင်းပစေခြင်း

ရေများများသောက်ခြင်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကြောင့် အသားအရေများ စိုပြည်လာပြီး မျက်နှာလေးကို ရွှေလိုဝင်းလက်တောက်ပစေပါတယ်။

Photo Credit - Google
Photo Credit - Google

၅။ကျန်းမာတဲ့ဆံနွယ်လေးတွေ ရရှိခြင်း

ကျန်းမာသန်စွမ်းတဲ့ဆံနွယ်လေးတွေကို ရချင်တယ်ဆိုရင်တော့ ရေများများသောက်ဖို့လိုပါလိမ့်မယ်။ရေသောက်နည်းမယ်ဆိုရင်တော့ ဆံပင်ကျွတ်တာတွေ၊အရောင်မတောက်ပဲ ဆံပင်အရောင်ခြောက်ကပ်ကပ်ဖြစ်စေနိုင်ပါတယ်။

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T