အင်မတန် အစွမ်းထက်ပါဆိုတဲ့ အဆောင်တစ်ခုကို ဗျောက်အိုးနဲ့ လက်တွေ့ပြရာမှာ ပါးစပ်တစ်ခုလုံး ပျက်စီးသွားခဲ့တဲ့ အမျိုးသားတစ်ဦး

//s9.kh1.co/ad/adfdb2a64b31cabe925830d4442bcda6fd335233.jpg
နေ့စဉ်သတင်းများ

 ၂၄-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

ယုံကြည်မှုလွန်ကဲမှုကြောင့် စစ်သားလူထွက်တစ်ဦး ပါးစပ်ပွင့်ထွက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုဟာ ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ရပ်ကတော့ ယမန်နေ့က ထိုင်းနိုင်ငံအရှေ့ဘက် ဘွန့်ကန်းခရိုင်၊ ဘွန့်ခိုလုံမြို့မှာ နေထိုင်တဲ့ အသက် (၃၄) နှစ်အရွယ် စစ်သားလူထွက်တစ်ဦးဟာ မိတ်ဆွေ၊ သူငယ်ချင်းများနှင့် သောက်စားနေချိန် သူ့လည်ပင်းမှာဆွဲထားတဲ့ အဆောင်ပစ္စည်းက စစ်သားဘဝတုန်းက ပေါက်ကွဲမှုနဲ့ကြုံတွေ့တိုင်း အသက်ဘေးက သီသီလေးလွတ်ခဲ့တဲ့အထိ အင်မတန်အစွမ်းထက်ကြောင်း ပြောဆိုခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ယင်းနောက် သူ့ရဲ့အဆောင်ပစ္စည်းရဲ့ အစွမ်းကို လက်တွေ့ကျကျ ပြသဖို့အတွက် ကလေးတွေ ပစ်ပေါက်ဆော့ကစားတဲ့ ဗျောက်အိုးကို ပါးစပ်ထဲထည့်ပြီး ဖောက်ပြခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ဖောက်ပြခဲ့တဲ့ ဗျောက်အိုးဟာ တကယ်လည်း မပေါက်ကွဲခဲ့လို့ နောက်တစ်လုံးကိုယူပြီး ပါးစပ်ထဲထပ်မံ ဖောက်ပြရာမှာတော့ အချိန် (၅) စက္ကန့်လောက်မှာပဲ ပေါက်ကွဲမှု ဖြစ်သွားခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

ဗျောက်အိုးထကွဲမှုဟာ ပြင်းထန်ခဲ့တာကြောင့် အဆိုပါ စစ်သားလူထွက်ဟာ ကံဆိုးစွာနဲ့ ပါးစပ်တစ်ခုလုံး ရစရာမရှိအောင် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့ပါတယ်။ လက်ရှိမှာတော့ ပါးစပ်တစ်ခုလုံး ပျက်စီးသွားခဲ့တာကြောင့် ဆေးရုံမှာတက်ရောက်ကုသနေရကြောင်း သိရပါတယ်။ ဒီဖြစ်စဥ်ဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားပြီး ဝေဖန်မှုတွေလည်း မြင့်တက်သွားခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - PPTV

 

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T