၂၀၂၁ အတွက် Zoom Dara Awards ဆုပေးပွဲကြီးက ကျင်းပဖို့နီးစပ်လာတာနဲ့အမျှ ‘အကောင်းဆုံး အဓိကဇာတ်ဆောင်မင်းသမီးဆု’ စာရင်းဆန်ခါတင်စာရင်းကတော့ ပေါ်ထွက်လာခဲ့ပါပြီ။ နှစ်စဉ် တခမ်းတနားကျင်းပတဲ့ဆုပေးပွဲကြီးဖြစ်ပြီး ဒီနှစ် စကာတင်စာရင်းဝင်မင်းသမီးတွေကလည်း (၆) ယောက်စလုံးက နာမည်ကြီးပဲဖြစ်နေပါတယ်။ ဒီနှစ် Zoom Dara Awards မှာ အပြိုင်ရေပန်းစားနေတဲ့ မင်းသမီးတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
Now Tisanart


လက်ရှိနာမည်ကျော်ကြားနေတဲ့ ထိုင်းမင်းသမီးချောလေး Now Tisanart ကတော့ “Mae Bia” ဇာတ်ကားမှာ Horror/ Drama ဇာတ်ရုပ်နဲ့လိုက်အောင် ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ဒီနှစ်အတွက် ဆုစာရင်းဝင်မင်းသမီးဖြစ်လာပါတယ်။
Mai Davika


နောက်ထပ်နာမည်ကြီးမင်းသမီးကတော့ Mai Davika ပါပဲ။ စိန်ခေါ်မှုများတဲ့ “Wanthong” ဇာတ်လမ်းထဲမှာ နန်းတွင်ဇာတ်ရုပ်လေးနဲ့ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့် ဆန်ခါတင်ဝင်လာခဲ့ပါတယ်။
Nune Woranuch


စီနီယာမင်းသမီးကြီး Nune Woranuch ကလည်း မပါမဖြစ် စကာတင်စာရင်းဝင်ပါပဲ။ “Krachao See Da” ဇာတ်လမ်းက ပရိသတ်အားပေးမှုများနေတာကြောင့် ဆုရဖို့ အလားအလာများနေသူလည်း ဖြစ်ပါတယ်။
Baifern Pimchanok


“46 Days” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေကို လွှမ်းမိုးနိုင်ခဲ့သူ Baifern လေးကလည်း ဒီနှစ်အတွက် စကာတင်ဝင်လာခဲ့ပါတယ်။ သူမရဲ့ ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ အမိုက်စား Performance ကြောင့် ဒီနှစ်အတွက် ဆန်ခါတင်ဝင်လာခဲ့ပါတယ်။
Bella Ranee


Bella Ranee ဟာ “Dare to Love: Hai Ruk Pipaksa”ဇာတ်လမ်းမှာ ခက်ခဲတဲ့ ရှေ့နေဇာတ်ကောင်ကို အကောင်းဆုံး သရုပ်ဆောင်ချက်တွေနဲ့ ပုံဖော်နိုင်ခဲ့ပါတယ်။ ဒီ မ နဲ့ မောင် ဇာတ်လမ်းဟာဆိုရင် ကြည့်ရှုနှုန်းလည်း မြင့်တာကြောင့် ဆန်ခါတင်စာရင်းဝင်ဖြစ်လာခဲ့တာပါ။
Kwan Usamanee


၂၀၂၁ မှာ ပြန်လည်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးKwan Usamanee ကတော့ “Mae Nak Phra Khanong” ဆိုတဲ့ Remake Horror Flim လေးနဲ့ Comback လာတာဖြစ်ပြီး ပြန်လာလာချင်းမှာပဲ ဆန်ခါတင်ဝင်နိုင်တဲ့အထိကို သရုပ်ဆောင်ချက်တွေက ပီပြင်ခဲ့တာပဲဖြစ်ပါတယ်။
Source : Thai Update