နောက်တစ်ပတ်အတွင်း နာမည်ပြောင်းတော့မယ်လို့ကြေငြာလာခဲ့ပြီဖြစ်တဲ့ လူသုံးအများဆုံး Social Media တစ်ခုဖြစ်တဲ့ FACEBOOK

//s9.kh1.co/dc/dc469b8db548f30710e50f416c9d167e25690c5b.jpg
နေ့စဉ်သတင်းများ

 ၂၂-အောက်-၂၀၂၁ ၇pm · လွန်ခဲ့သော ၂ နှစ် က

တခြားရောဘာတွေပြောင်းလဲသွားနိုင်လဲဆိုတာကတော့.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

FACEBOOK  ကိုတီထောင်ခဲ့သူဖြစ်တဲ့ Mark Zuckerberg က သိပ်မကြာခင်မှာ FACEBOOK ကို နောက်တစ်ပတ်အတွင်း နာမည်ပြောင်းတော့မှာဖြစ်ကြောင်း သတင်းထုတ်ပြန်လာခဲ့ပါတယ်။အောက်တိုဘာ (၂၈)ရက်နေ့မှာ ပြုလုပ်မယ့် Company Annual Connect Conference မှာ နာမည်အသစ်ကိုချပြဖို့ရှိကြောင်းပြောပြလာပါသေးတယ်။

Photo Credit From Google
Photo Credit From Google

ခုလို ကုမ္ပဏီနာမည်ပြောင်းလဲဖို့ကြိုးစားခဲ့ခြင်းဟာ အခုလက်ရှိ FACEBOOK လူမှုကွန်ယက်ရဲ့ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ပုံများနှင့်ပတ်သက်၍ CEO အနေနဲ့ မကြာခဏအသေးစိတ်စစ်ဆေးခြင်းများမှ သီးခြားခွဲမြင်စေနိုင်ဖို့လို့လည်းဆိုလာကြပါတယ်။ဒါ့အပြင် ယခု FACEBOOK နာမည်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ FACEBOOK  ရဲ့ ထိပ်ပိုင်းဦးဆောင်သူများတောင် ရေရေရာရာ မသိကြသေးဘူးလို့လည်းဆိုလာကြပါတယ်။

Photo Credit From Google
Photo Credit From Google

Mark Zuckerberg အနေနဲ့ကတော့ FACEBOOK ကို Metaverse ဟူသော လက်တွေ့ကမ္ဘာမှ ဖောက်ထွက်နိုင်တဲ့ စိတ်ကူးယဉ်ကမ္ဘာအဖြစ်သာ မြင်စေလိုကြောင်းလည်း တစ်ခါတည်းထုတ်ဖော်ပြောကြားလာခဲ့တာဖြစ်ပါတယ်။ Mark Zuckerberg ပြောနေတဲ့ Metaverse ကို ဘယ်လိုဖန်တီးလာမလဲဆိုတာကိုလည်း ပရိတ်သတ်များအနေနဲ့ အလွန်ပင်စိတ်ဝင်စားနေကြပါတယ်။

Photo Credit From Google
Photo Credit From Google
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T