ပျားတွေကို မျက်နှာပေါ် ၄ နာရီကြာအောင် ဖုံးအုပ်ပြထားနိုင်တဲ့ အိန္ဒိယနိုင်ငံက အမျိုးသား

//s9.kh1.co/24/24572b30fb89ee79b50acfc7d3ecad3e0c56c6fe.jpg
ဗဟုသုတအဖြာဖြာ

 ၂၂-အောက်-၂၀၂၁ ၆pm · လွန်ခဲ့သော ၂ နှစ် က

.

ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာဆိုရင် ပျားလူသားလို့ နာမည်ကြီးတဲ့ အမျိုးသားတစ်ယောက် အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ဒီအမျိုးသားဟာ အိန္ဒိယနိုင်ငံ ကီရာလာမှ နေထိုင်တဲ့ အမျိုးသားဖြစ်ပြီး သူဟာ အချိန်အတော်ကြာအောင် မျက်နှာကို ပျားတွေနဲ့ ဖုံးအုပ်ပြီး သရုပ်ပြခဲ့တာကြောင့် နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ မျက်နှာတစ်ခုလုံး ပျားတွေအုပ်ထား‌တာတောင် သူဟာ ဘာမှမဖြစ်တဲ့သူပါ။

https://s9.kh1.co/__image/w=634,h=428,q=100/33/33a4fa8f5fd8a21443a42aab8a31e5433d5ec682.jpg
https://s9.kh1.co/__image/w=634,h=430,q=100/1c/1cf203ef7aa113126ef49f69445ef8e7ca2e697f.jpg
https://s9.kh1.co/__image/w=634,h=418,q=100/8f/8fce04aa8abde901d76d509a9f79b86da509f51a.jpg

အမျိုးသားဟာ သူ့ရဲ့ဦးခေါင်းထိပ်ကနေ ရင်ဘတ်ထိကို နေရာလွတ်မကျန်အောင် ပျားတွေနဲ့ ဖုံးအုပ်ခဲ့ပြီး ဒီအနေအထားနဲ့ ၄ နာရီ ၁၀ မိနစ်နဲ့ ၁၅ စက္ကန့်ကြာအောင် သရုပ်ပြခဲ့ပါတယ်။သူ့ရဲ့သရုပ်ပြမှုကြောင့် လူအများက စိုးရိမ်ခဲ့ကြပေမယ့်လည်း အမျိုးသားကတော့ ဒီလိုလုပ်တာဟာ သူနဲ့ပျားတွေရဲ့ကြားက ဆက်သွယ်မှုကို ပိုမိုကောင်းမွန်စေတယ်လို့ ပြောခဲ့ပါတယ်။ ပျားတွေနဲ့ ဆက်သွယ်နိုင်သူလို့တောင် သတ်မှတ်ထားရပါမယ်။

https://s9.kh1.co/__image/w=306,h=470,q=100/b8/b82e4c69556d1f85c81f6303b095a521030e7885.jpg
https://s9.kh1.co/__image/w=634,h=416,q=100/c6/c61124f1527efb37e06b776097053a3aff9a1b07.jpg

သူဟာ သူငယ်စဉ်ထဲက ပျားတွေနဲ့ ဆက်သွယ်မှုကိုလေ့လာခဲ့သူတစ်ယောက်ဖြစ်ပြီး အသက် ၅ နှစ်အရွယ်လောက်ထဲက ပျားတွေကို ခန္ဓာကိုယ်မှာ ထိန်းထားနိုင်နေသူတစ်ဦးပဲဖြစ်ပါတယ်။ ဒါပေမယ့် သူဒီလိုသရုပ်ပြဖို့အတွက်တော့ အချိန်တွေလည်းများစွာလိုအပ်ခဲ့သလို လေ့ကျင့်မှုတွေလည်း အကြာကြီးပြုလုပ်ခဲ့ရပါတယ်။ သူ့ရဲ့ဒီလိုသရုပ်ပြမှုဟာ တကယ့်ကိုထိတ်လန့်စရာတစ်ခုဖြစ်ပြီး မျက်လုံးနဲ့သာမမြင်တွေ့ရရင် မယုံကြည်နိုင်လောက်အောင်ပါပဲ။

https://s9.kh1.co/__image/w=634,h=420,q=100/03/03577854d5817edff1640d11087800c28c15aea9.jpg
https://s9.kh1.co/__image/w=634,h=430,q=100/88/88a8c3cbd5df0d03cbebe6c7b482c2a8535dde60.jpg
https://s9.kh1.co/__image/w=634,h=422,q=100/36/36f53e6fc3adf5289377a2b5fda44150fc1a0339.jpg

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T