အစားအသောက်ပြိုင်ပွဲမှာ အစာနင်ပြီးသေဆုံးသွားခဲ့ရတဲ့ Tufts တက္ကသိုလ်ကျောင်းသူတစ်ဦး

//s9.kh1.co/aa/aa1c1a915b0a3df2d93fc5a1eb443752934fd8ae.jfif
ဗဟုသုတအဖြာဖြာ

 ၂၂-အောက်-၂၀၂၁ ၅pm · လွန်ခဲ့သော ၂ နှစ် က

အစားအသောက်ပြိုင်ပွဲမှာ အစာနင်ပြီးသေဆုံးသွားခဲ့ရတဲ့ Tufts တက္ကသိုလ်ကျောင်းသူတစ်ဦး

Tufts တက္ကသိုလ်ရဲ့ ကျောင်းသူတစ်ဦးဖြစ်တဲ့ Madelyn “Madie” Lee Nicpon ဟာ အသက် ၂၀ နှစ်အရွယ်ရှိတဲ့ ဆယ်ကျော်သတ်ကောင်မလေး တစ်ယောက်ဖြစ်ပြီး သူမဟာ ပရဟိတရန်ပုံငွေ အစားအသောက်ပြိုင်ပွဲမှာ ဝင်ပါရင်း အစားနင်သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။

ပြောရေးဆိုခွင့်ရှိသူတွေရဲ့ အဆိုအရ Nicpon ဟာ အခြားကျောင်းသူများနှင့်အတူ Hot Dog ပေါင်မုန့် အစားစားပြိုင်တဲ့ ပရဟိတရန်ပုံငွေပွဲမှာ ပါဝင်ခဲ့ပြီး အစားနင်သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ စတင်ဖြစ်ဖြစ်ချင်းမှာ Nicpon ကို Cambridge မှာရှိတဲ့ Mount Auburn ဆေးရုံကို အချိန်မီပို့ဆောင်ပေးခဲ့ပေမယ့် အသက်မမီတော့ဘဲ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

Google
Google

သူမဟာ အရည်အချင်းပြည့်မှီတဲ့ အားကစားသမား ၊ စာပေပညာရှင် ၊ အကသမား ၊ အဆိုပညာရှင် စတဲ့ အဘက်ဘက်မှ ထူးချွန်တဲ့သူတစ်ယောက် ဖြစ်ရုံသာမက မိသားစုဝင်တွေကြားမှာရော သူငယ်ချင်းတွေကြားထဲမှာပါ လိမ္မာယဉ်ကျေးပြီး ဖော်ရွေတတ်တဲ့သူဖြစ်တယ်လို့ နာရေးသတင်းကြော်ငြာစာလေးထဲမှာ ထည့်သွင်းရေးထားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေညက ကျောင်းသား အယောက် ၃၀၀၀ ခန့်က Nicpon ရဲ့ နာမည်ပြောင် “Scooter” လို့ အမည်ပေးထားတဲ့ ဂုဏ်ပြုအခန်းအနားလေးကို တတ်ရောက်ခဲ့ကြပါတယ်။ ဂုဏ်ပြုအခန်းအနားပွဲမှာ Nicpon ရဲ့ နံပါတ် ၂ ဂျာစီလေးနား  ဖယောင်းတိုင်လေးတွေကို ထားပြီး သူငယ်ချင်းဖြစ်သူအတွက် ဆုတောင်းပွဲလေး လုပ်ပေးခဲ့ကြပါတယ်။

Google
Google

Nicpon ဟာ lacrosse ကစားတဲ့နေရာမှာလည်း အရမ်းကို ထူးချွန်စွာကစားနိုင်ပြီး သူမ ပါဝင်ခဲ့တဲ့ ပြိုင်ပွဲတွေမှာလည်း ဆုတံဆိပ်တွေရရှိခဲ့ပါတယ်။ ပရဟိတ ရန်ပုံငွေအစားအသောက်ပြိုင်ပွဲမှာ သေဆုံးခဲ့ဖူးတဲ့သူက သူမ တစ်ယောက်တည်း မဟုတ်ပါဘူး။  ၂၀၁၇ ခုနှစ်တုန်းကလည်း Bridgeport မှာရှိတဲ့ Sacred Heart တက္ကသိုလ်က အသက် ၂၀ အရွယ် ကျောင်းသူလေးတစ်ယောက်လည်း ရန်ပုံငွေအစားပြိုင်ပွဲမှာ အစာနင်ပြီး သေဆုံးခဲ့ဖူးပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T