မွေးလာကတည်းက လက်ဖဝါးအရွယ်အစားလောက်သာ ရှိကြတဲ့ အမွှာနှစ်ယောက်

//s9.kh1.co/fa/fa0b0e9c627b9c28f47362632379673bdb3631a3.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

ဗြိတိန်နိုင်ငံက ချာလီဘာကာနဲ့ ဟာဗေးဘာကာလို့အမည်ရတဲ့ အမွှာလေးနှစ်ယောက်ကတော့ တကယ့်ကိုထူးထူးခြာခြားမွေးဖွားလာခဲ့ကြတဲ့ အမြွာကလေးငယ်တွေလို့ဆိုရပါမယ်။ သူတို့ကတော့သီတင်းပတ် ၂၄ ပတ်ကြာမှာ မွေးဖွားခဲ့ကြတာဖြစ်ပြီး နေ့စေ့လစေ့မဟုတ်ဘဲ မွေးဖွားခဲ့တာကြောင့် လက်တစ်ဝါးစာအရွှယ်သာရှိပြီး တကယ့်ကို သေးငယ်တဲ့ အရွယ်နဲ့ မွေးဖွားလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ သူတို့ ၂ ယောက်လုံးကတော့ မွေးဖွားလာချိန်မှာ ကိုယ်အလေးချိန် ၁ ပေါင် ၆ အောင်စနဲ့ ၁ ပေါင် ၄ အောင်စ အသီးသီးစီ ရှိခဲ့ကြတယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=600,h=363,q=100/85/855b39ab7254e6a9289d593d2b7869905bf78497.webp
https://s9.kh1.co/__image/w=620,h=349,q=100/76/7604248afa2d7438905ab5e50bdfff1b85c26116.jpg

မိဘတွေဖြစ်ကြတဲ့ လူစီဟောလ်နဲ့ ဂျိုးဆက်ပ်ဘာကာတို့ အတွက်တော့ သူတို့ဟာ ပထမဆုံး ရရှိလာမယ့် ရင်သွေးတွေ ဖြစ်တာမို့ အရမ်းကို စိတ်ပူပန်နေခဲ့ကြရတယ်လိုဆိုပါတယ်။သူတို့ကို မွေးဖွားပေးခဲ့တဲ့ ဆရာဝန်တွေကလည်း နေ့စေ့လစေ့မဟုတ်ဘဲ ကိုယ်ဝန်ပျက်ကျတော့မယ့်ဆဲဆဲ အခြေအနေကနေ မွေးလာခဲ့တာမို့ အရမ်းကိုစိတ်ပူခဲ့ကြရပေမယ့်လည်း အာင်အောင်မြင်မြင်နဲ့ မွေးဖွားပေးနိုင်ခဲ့ပါတယ်။ ဒီကလေးလေးနှစ်ယောက်ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ မေလတုန်းကဖြစ်ပွားခဲ့တာဖြစ်ပြီး သူတို့ကို ၄ လကြာလောက်ထိ ဆေးရုံမှာ အနီးကပ် စောင့်ကြပ်ကုသမှုတွေ ပေးခဲ့ရတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=620,h=412,q=100/b1/b1093f70cfe69456eacd59f6b18853dc27fc04aa.jpg

မိခင်ဖြစ်သူ လူစီဟာဆိုရင်လည်း သူ့ရဲ့သားလေးနှစ်ယောက်ကို သေသေချာချာလေး ဂရုစိုက် ပြုစုစောင့်ရှောက်ပေးခဲ့တာကြောင့် မွေးခါစက လက်ချောင်းသေးသေးလေးတွေနဲ့ ထူးခြားတဲ့သူတို့ အမွှာညီအစ်ကိုဟာ ခုချိန်မှာတော့ သန်စွမ်းကျန်းမာတဲ့ လူငယ်လေးတွေ ဖြစ်နေပြီပဲဖြစ်ပါတယ်။ လူစီအနေနဲ့လည်း ကျွန်မကိုယ်ဝန်ဆောင်တုန်းက အိမ်မက်ဆိုးတစ်ခုပါပဲလို့ ဆိုခဲ့ပေမယ့် လက်ရှိမှာ ကျန်းမာပျော်ရွှင်နေတဲ့ သူ့ရဲ့သားလေးတွေကိုကြည့်ပြီး ပီတီတွေနဲ့ပြည့်နေတဲ့ မိခင်တစ်ဦးဖြစ်လို့ နေခဲ့ပါပြီ။

https://s9.kh1.co/__image/w=620,h=775,q=100/05/05ed95c47bb9d5d2ca44c2695e7516828f5e4a58.jpg
https://s9.kh1.co/__image/w=620,h=827,q=100/23/23855b55d2106539c4d3ca4ccfc506eaf2e8b726.jpg

သတင်း အရင်းအမြစ်The Sun

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T