မိမိမုန့်စားဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ ၀ယ်ယူတက်လေ့ရှိတဲ့ တရုတ်ပြည်က ချစ်စရာခွေးကလေး

//s9.kh1.co/c4/c40a8dbe1b2823e809fd0fdccfdde11b2be38147.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

တရုတ်နိုင်ငံ မြောက်ပိုင်း ချောင်ချမ်းဆိုတဲ့ မြို့လေးမှာ ဘော့လို့ အမည်ပေးထားတဲ့ ခွေးလိမ္မာလေးတစ်ကောင်ရှိပါတယ်။ ခွေလေးဟာ ဘယ်လောက်တောင် လိမ္မာလဲဆိုရင် နေ့တိုင်းသူ့ဘာသာသူ ပိုက်ဆံလေးကို ကိုက်ပြီး ဈေးဆိုင်တွေမှာ ပုံမှန်မုန့်ဝယ်စားတတ်ပါတယ်။ အဲ့အပြင် ခွေးလေးရဲ့ ထူးခြားလွန်းတဲ့ အချက်တစ်ချက်လည်းရှိနေပါသေးတယ်။

https://s9.kh1.co/__image/w=600,h=448,q=100/38/38faf91e03a89dca11623172158e391f55e9f619.webp
https://s9.kh1.co/__image/w=600,h=399,q=100/cd/cdf2cb8cfa2ad64fbcc8bf8f538779c97bf97d3d.webp

အဲ့ဒါကတော့ ဘော့လေးဟာ သူယူလာတဲ့ ပိုက်ဆံနဲ့ ဝယ်စားမယ့် မုန့်ရဲ့ တန်ဖိုးကို တွက်ချက်တက်တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ သခင်က ငွေတစ်ယွမ်အမြဲ ပေးလေ့ရှိပြီး ထိုငွေနဲ့ ဈေးဆိုင်ထဲက ကြက်အူချောင်း (သို့) ကြက်တောင်ပံ ကိုယ်တိုင်ဝယ်ပြီး စားလေ့ရှိပါတယ်။ ခွေးလေးရဲ့ ပုံစံလေးဟာ အလွန်ချစ်စရာ ကောင်းလွန်းတာကြောင့် တွေ့တိုင်း လူတိုင်းက သူ့ကို ချစ်ကြပါတယ်။

https://s9.kh1.co/__image/w=600,h=519,q=100/f6/f6155ce32e484dd4b2dae154ff54d7e5f02ca711.webp
https://s9.kh1.co/__image/w=600,h=358,q=100/b6/b6d7d8b96c9c6c8421096c6bf5f9023e6c75dc4a.webp

အခုလို သူ့ရဲ့ သခင်ဆီက နေ့တိုင်းမုန့်ဖိုးယူပြီး မုန့်ဝယ်စားနေတာဟာ ဆိုရင် ၈နှစ်ကျော် ရှိလာခဲ့ပါပြီ။ တခါတလေ သူ့ကို ချစ်တဲ့ လူတွေက တန်ဖိုးနည်းတာနဲ့ တန်ဖိုးကြီးတဲ့ ပိုက်ဆံနှစ်ရွက်ကို ချပြထားရင် တန်ဖိုးကြီးတဲ့ ပိုက်ဆံလေးကို အမြဲ ရွေးချယ်သွားတယ်လို့လည်း သိရပါတယ်။ ဒီလောက်ဆိုရင်တော့ ဒီခွေလေး ဘယ်လောက်လည်လဲဆိုတာ သိကြမှာပါ။ ပရိသတ်ကြီးရော ဒီလိုခွေးလေးမျိုးကို မပိုင်ဆိုင်ချင်ကြဘူးလား။

https://s9.kh1.co/__image/w=600,h=464,q=100/86/8634a190c3f7f5be0ad791fff1433e9f2374cc36.webp

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T