သီလရှင်လို ၀တ်ထားတဲ့ အမျိုးသမီးကုိ သင်္ချိုင်းနံဘေးမှာ အရိုးစုနှင့်ကနေတာကို တွေ့ရှိခဲ့တဲ့ ထိတ်လန့်စရာ ဖြစ်ရပ်

//s9.kh1.co/55/55394b49724a256062927a6203c08eadd4320f89.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-အောက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

သရဲကြီးများနေ့လည်း မကြာမှီရောက်လာတော့မှာဆိုတော့ ထိတ်လန့်စရာ ဖြစ်ရပ်လေးတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ အပြင်က တကယ်ဖြစ်နေတဲ့ အရာတွေထဲမှာ သင်ကိုယ်တိုင် မတွေ့ချင်တဲ့အရာတွေရှိသလို မမျှော်လင့်ဘဲ တွေ့လိုက်ရတာတွေလည်း ရှိပါတယ်။ အဲ့ဒါတွေထဲက ခုဖြစ်ရပ်လေးဟာလည်း မထင်မှတ်စရာ ဖြစ်ရပ်တစ်ခုပါပဲ။

https://s9.kh1.co/__image/w=650,h=366,q=100/d6/d66d06a254555dceb811b2c7581c9dd875406cb4.jpg
https://s9.kh1.co/__image/w=650,h=422,q=100/de/de204d44c95bca673d7fca70cd04774c5586a7b9.jpg

ပြီးခဲ့တဲ့ စနေနေ့က Nun ( သီလရှင် ) တစ်ယောက်ဟာ Hull General ဆိုတဲ့ သုသာန်မှာ ထိတ်လန့်စရာမြင်ကွင်းတစ်ခုကို ပြုလုပ်နေတာ တွေ့ရှိခဲ့ရပါတယ်။ အဲ့မြင်ကွင်းကတော့ Nun တစ်ယောက်လို၀တ်ဆင်ထားတဲ့အမျိုးသမီးတစ်ဦးဟာ အရိုးခြောက်နဲ့ကနေတာပဲဖြစ်ပါတယ်။ သူမအနားမှာတော့ ခွေးနဲ့တူတဲ့ အရာတစ်ခုပါ ရှိနေခဲ့ပါတယ်။ မြင်တွေ့လိုက်ရတဲ့သူတေ‌ွကလည်း မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ကြရပါတယ်။ ဒီဖြစ်ရပ်ကိုလည်း လူတစ်ယောက်ဟာ မတော်တဆ ရိုက်ကူးမိခဲ့ပြီး အချိန်ကတော့ 12 PM လောက်မှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=615,h=354,q=100/1c/1c311dd7e3f340a6cc1161a0867440beceee078c.jpg
https://s9.kh1.co/__image/w=480,h=319,q=100/60/60c21e6092d257b2cc0c9bd9d2d2ba8e596f3d60.jpg

တချို့သူတွေကလည်း ဒါဟာ Art Project တစ်ခုခုကို လုပ်နေတာ ဖြစ်ကြောင်း ထင်ကြေးပေးခဲ့ကြပါတယ်။ ဒီသုသာန်ကြီးဟာလည်း ၁၉၇၂ ခုနှစ်ကတည်းက အကြောင်းတစ်ခုခုကြောင့် အသုံးမပြုတော့တာဖြစ်ပြီး ခုဖြစ်ရပ်ဟာလည်း ထိတ်လန့်စရာကောင်းတာ အမှန်ပါပဲ။ လူတွေကတော့ ၁၈၄၉ ခုနှစ်တုန်းက ကာလဝမ်းရောဂါ ကပ်ရောဂါကြောင့် သေဆုံးသွားတဲ့သူတွေရဲ့ အမှတ်တရအုတ်ဂူကိုတော့ သွားရောက်ကြည့်ရှူကြလေ့ရှိပါတယ်။

သတင်း အရင်းအမြစ်Metro

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T