အိမ်မက်ထဲမှာ ထီဆုအကြီးကြီးပေါက်ကြောင်း မက်ပြီး နောက်နေ့မှာပဲ ဒေါ်လာ ၁ သန်း ပေါက်ခဲ့တဲ့သူရဲ့ ထူးထူးဆန်းဆန်း ဖြစ်ရပ်

//s9.kh1.co/6f/6f1af29215119c16f1b09a74015ead64b1c76f8f.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

အိမ်မက်တွေဟာလည်း တခါတလေ တကယ်ကို ထူးဆန်းပါတယ်။ ပညာရှင်တွေဟာလည်း အိမ်မက်တွေဟာ မိမိရဲ့အနာဂတ်ကို ပြောပြနိုင်ကြောင်း သတ်မှတ်ထားကြတာတွေရှိပါတယ်။ ခုဆိုရင်လည်း လူတစ်ယောက်ဟာ ‌သူအနေနဲ့ ဒေါ်လာ ၁ သန်းမပေါက်မှီညမှာ ထီးပေါက်တဲ့ အိမ်မက်မက်ခဲ့ကြောင်းကို ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=368,h=307,q=100/c2/c245a44f9eae8fd19972b5d7586847ae2f12f2b8.jpg
https://s9.kh1.co/__image/w=650,h=488,q=100/3e/3e688d828f8ec03c3788fd09fcf832b397706185.webp

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ Wayne County က အမ‌‌ျိုးသားတစ်ဦးဟာ မိန်းမရဲ့တိုက်တွန်းမှုကြောင့် မကြာခဏဆိုသလို ထီးလက်မှတ်တွေ ၀ယ်ကြောင်းပြောပြခဲ့ပါတယ်။ " ကျွန်တော်အနေနဲ့ ကျွန်တော်မိန်းမကို ထီးဆုအကြီးကြီး ပေါက်လိမ့်မယ်လို့ ပြောပေမယ့် သူမတစ်ခါမှ မယုံခဲ့ပါဘူး " လို့ အမျိုးသားဖြစ်သူက ပြောပြပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/34/3417fd6efd6a2632f753bb7c6fd3176ea06d70ab.jpg
https://s9.kh1.co/__image/w=650,h=366,q=100/14/14a74806e1030a3991454cc1e1593318abde76a5.png

ဆက်လက်ပြီး " ကျွန်တော်တစ်ညမှာတော့ အိမ်မက်မက်ခဲ့တယ်ဗျ အဲ့အိမ်မက်ကတော့ ကျွန်တော်ထီဆုအကြီးကြီးပေါက်တာပါပဲ၊ ကျွန်တော်အနေနဲ့တော့ အဲ့တာနဲ့ပတ်သက်ပြီး အရမ်းမတွေးပဲ ဆိုင်သွားပြီး ထီလက်မှတ်တချို့ ၀ယ်ခဲ့ပါတယ် " ဆိုပြီးပြောပြပါတယ်။ " ၀ယ်ပြီးနောက် ကားထဲရောက်တဲ့အခါမှာတော့ ကျွန်တော်စခြစ်ပြီး ကျွန်တော်အထင် ဒေါ်လာ ၁၀၀ သာပေါက်တယ် ထင်ခဲ့ပေမယ့် ဒေါ်လာ ၁ သန်း ပေါက်နေတာ‌ဖြစ်ကြောင်း သိလိုက်ရတဲ့အခါမှာ အိမ်မက်လို့ ဆက်ထင်နေခဲ့ပါတယ်၊ အဲ့နောက် ကျွန်တော့်မိန်းမကို ချက်ချင်းဖုန်းဆက်ပြီး သတင်းကောင်းကို ပြောပြခဲ့ပါတယ် " လို့ ဒေါ်လာ ၁ သန်းဆုရှင်က ပြောခဲ့ပါတယ်။ အိမ်မက်တွေက တခါတလမှော တကယ်ပဲ ထူးဆန်းလှတယ်ဆိုတာ ဒီဖြစ်ရပ်လေးလည်း သက်သေပြလို နေခဲ့ပါတယ်။

သတင်း အရင်းအမြစ်UPI

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T