မိခင်ရဲ့ စွန့်ပစ်မှုကြောင့် ကျင်းထဲမှာ ၂၄ နာရီကြာအောင် နေခဲ့ရပေမယ့်လည်း အသက်မဆုံးရှုံးခဲ့တဲ့ မွေးကင်းစကလေးငယ်

//s9.kh1.co/3f/3fd9739e247e2f85a3108cc5dd099d4f905a1f75.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

ဘရာဇီးနိုင်ငံတောင်ပိုင်း မြို့သေးသေးလေးတစ်ခုမှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုကို ဖော်ပြလိုက်ပါတယ်။ ထိုဖြစ်ရပ်လေးကတော့ သင်းခွေချပ်တွေနေထိုင်တဲ့ကျင်းထဲကို ပစ်ချခံထားရတဲ့ ကလေးလေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ ကလေးလေးကတော့သင်းခွေချပ်တွေနေထိုင်တဲ့ ကျင်းလေးထဲမှာ ၂၄ နာရီလောက်နေထိုင်ခဲ့ရတာတောင်အသက်မသေပဲရှင်သန်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=439,q=100/f4/f41892a56c89401df2622bbd69d2cdc48d8c76a6.png
https://s9.kh1.co/__image/w=650,h=867,q=100/09/0941e01fde8ff32bab9f888489fd21571493819f.jpg

ကလေးလေးကို တွေ့ရှိစဉ်မှာတော့ ကလေးလေးရဲ့ ခေါင်းကကျင်းရဲ အပြင်ဘက်ကိုထွက်နေခဲ့တာပဲဖြစ်ပါတယ်။ ထွက်နေတဲ့ခေါင်းဘေးနားမှာလည်း ယင်ကောင်တွေတဝဲ၀ဲလည်နေပြီး ချက်ကြိုးတောင်မဖြတ်ရသေးပါဘူး။ မြေကြီးထဲတစ်ကိုယ်လုံးဝင်နေပြီး ခေါင်းလေးသာပေါ်နေတဲ့ ထိုကလေးလေးကိုတော့ ရဲတပ်ဖွဲ့အနေနဲ့ ၂၄ နာရီလောက်ကြာမှ ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ ရှာဖွေတွေ့ရှိခဲ့ချိန်မှာတော့ သေဆုံးနေပြီလို့ထင်ခဲ့ပေမယ့်ပါးစပ်မှာ ညစ်ပေနေတဲ့အညစ်အကြေးတွေကိုဖယ်လိုက်တဲ့အခါမှာတော့ ငိုသံထွက်ပေါ်လာခဲ့ပြီး အသက်ရှင်နေသေးတယ်ဆိုတာကိုသိရှိခဲ့ရတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=624,h=419,q=100/0f/0f5d161d29906a0c00d518b9bc2332d56962eb5f.jpg

စုံစမ်းစစ်ဆေးမှုတွေပြုလုပ်လိုက်တဲ့အခါမှာတော့ ကလေးလေးရဲ့မိခင်ဟာ အသက်၄၀ အရွယ်အမျိုးသမီးတစ်ယောက်ဖြစ်တာ သိရှိခဲ့ပေမယ့် အဆိုပါအမျိုးသမီးကတော့ သူမရဲ့ကလေးမဟုတ်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။ သူမကတော့ ကလေး ၄ယောက်ကိုပိုင်ဆိုင်ထားတဲ့မိခင်တစ်ယောက်ဖြစ်ပြီး ကလေးလေးကိုတွေ့ရှိခဲ့တာကတော့ သူမရဲ့အိမ်နဲ့ကိုက် ၃၀၀ အကွာမှာရှိတဲ့ သင်းခွေကျပ်ကျင်းထဲမှာဖြစ်တယ်လို့လည်းသိရပါတယ်။

https://s9.kh1.co/__image/w=650,h=341,q=100/4b/4b63cea204021747a0a8d22c47b5ecbbf865edfc.jpg
https://s9.kh1.co/__image/w=539,h=466,q=100/ee/ee70f09912a8ca30a4f5accbf497db51f93c92c1.jpg

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T