ဂျပန်နိုင်ငံက ပညာရှင်တွေ ပြုလုပ်ဖန်တီးခဲ့ကြတဲ့ အခွံပါဝါးစားနိုင်မယ့် စူပါငှက်ပျော်သီး

//s9.kh1.co/ae/ae8ed5407c2660735b833993f180ee793e94e47e.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

အစေ့မဲ့ထောပတ်သီးစိုက်ပျိုးထုတ်လုပ်ခဲ့ပြီးနောက် ယခုအခါ ဂျပန်နိုင်ငံက D&T စိုက်ပျိုးရေး လုပ်ငန်းဟာ အခွံခွာရန်မလိုဘဲ အခွံပါ တပါးတည်းစားနိုင်တဲ့ ငှက်ပျောသီးကို စိုက်ပျိုး ထုတ်လုပ်နေပြီလို့ ဂျပန်နိုင်ငံက ဆိုပါတယ်။ ဒီငှက်ပျောသီးတွေကို 'မွန်ဂီ' ငှက်ပျောသီးလို့ နာမည်ပေးထားပြီး လွန်ခဲ့တဲ့နှစ်ကတည်းက အိုကာယာမာမြို့က ကုန်တိုက်တစ်တိုက်မှာ စတင်ရောင်းချမှုပြုခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=398,q=100/c3/c3fdeecb9099ed3067b93a9a78c94ca6ac52ccb9.jpg
https://s9.kh1.co/__image/w=600,h=398,q=100/bd/bd14bdc870abb417519b54cbaedad32e8c412906.jpg

အခွံကို နူးနူးညံ့ညံ့ဖြစ်အောင် ငှက်ပျောသီးရဲ့ကြီးထွားဆဲလ်တွေကို အနုတ်ခြောက်ဆယ်စင်တီဂရိတ်အထိ တဖြေးဖြေး အအေးဓာတ် ပေးရတယ်လို့ မွန်ဂီငှက်ပျောသီးကို သုသေသနပြုစမ်းသပ်ထုတ်လုပ်လာခဲ့တဲ့ ဆက်ဆူဇိုတာနာကာက ဆိုပါတယ်။ စိုက်ပျိုးရာမှာလည်း သဘာဝဓာတ်မြေဩဇာကိုပဲ သုံးတဲ့အတွက် ဓာတုဓာတ်ပစ္စည်းတွေအန္တရာယ်ကို လုံးဝစိုးရိမ်စရာမရှိဘူးလို့ သူကပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=317,q=100/a4/a4d2ed78a66b9cd604d97dab173576eec542d341.jpg
https://s9.kh1.co/__image/w=600,h=450,q=100/76/76f1145953bc868636cbe39f545937e098e506d5.jpg

မွန်ဂီငှက်ပျောသီးရဲ့အခွံက စားရတာညက်ပြီး ငှက်ပျောသီးရဲ့အရသာဟာ နာနတ်သီးအရသာ ရေးရေးလေးရှိတယ်လို့ ငှက်ပျောသီးကို စမ်းသပ်စားကြည့်ခဲ့တဲ့ သူကဆိုပါတယ်။ ငှက်ပျောသီးတစ်ဖီးကို ခြောက်ရာရှစ်ဆယ့်လေးယန်းဖြစ်တဲ့အတွက် ဈေးကြီးသလိုတော့ရှိတယ်လို့ ဆိုပါတယ်။ လတ်တလောမှာတော့ မွန်ဂီငှက်ပျောသီးကို ဂျပန်ဈေးကွက်အတွက်ပဲ စိုက်ပျိုးထုတ်လုပ်နေပြီး အနာဂတ်မှာတော့ ပြည်ပကို လှမ်းဖို့ ရည်ရွယ်တယ်လို့ D&T စိုက်ပျိုးရေးလုပ်ငန်းက တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=338,q=100/f0/f01cf3598aba072ade7250c4c848f6e232454c81.jpg
https://s9.kh1.co/__image/w=600,h=450,q=100/67/67fce30ebf51a3825e48e3ed8dce5778a418a4fe.jpg

သတင်း အရင်းအမြစ်Today

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T