ဂျပန်နိုင်ငံ ရဲ့ ပင်လယ်ပိုင်နက်ထဲ ကို အကဲစမ်းကာ ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့တဲ့ မြောက်ကိုးရီးယားနိုင်ငံ

//s9.kh1.co/6e/6ec5765eecb00c14ab237916d45f6128ada85b95.jpg
နေ့စဉ်သတင်းများ

 ၁၉-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

မြောက်ကိုးရီးယားနိုင်ငံကတော့ဘာအကွက်တွေရွှေ့နေပြန်ပြီလဲမသိဘူးနော်.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ယနေ့ အောက်တိုဘာ(၁၉)ရက်နေ့ မနက်(၁၀)နာရီ (၁၇)မိနစ်ခန့် က မြောက်ကိုးရီးယားနိုင်ငံဟာ ဂျပန်နိုင်ငံရဲ့ ရေပိုင်နက်ထဲကို ဒုံးကျည်ပစ်လွှတ်ခဲ့တယ်လို့ ကြားသိရပါတယ်။ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်အရေအတွက်ဟာ နှစ်စင်းဖြစ်တယ်လို့လည်း ဂျပန်နိုင်ငံကပြောကြားလာပါတယ်။

Photo Credit From Google
Photo Credit From Google

ယင်း ဒုံးကျည်နှစ်စင်း ဟာ တောင်ကိုးရီးယားနိုင်ငံကိုကျော်လွန်ကာ ဂျပန်နိုင်ငံရဲ့ ရေပိုင်နက်ပင်လယ်ထဲအထိ ပစ်လွှတ်ခဲ့တယ်လို့လည်းဆိုပါတယ်။မြောက်ကိုးရီးယားနိုင်ငံဟာ ပြီဂခဲ့တဲ့ စက်တင်ဘာလမှာလည်း တာဝေးဒုံးကျည်ပစ်လွှတ်ခဲ့ပြီးနောက် ဂျပန်တစ်နိုင်ငံလုံးအထိ ထိခိုက်ပျက်စီးစေနိုင်တဲ့ တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှင့် အသံထက်လျင်မြန်တဲ့ဒုံးကျည်များကိုလည်းဆက်တိုက်ဆိုသလို (၄)ကြိမ်အထိ ပစ်လွှတ်ခဲ့ပါတယ်။

Photo Credit From Google
Photo Credit From Google

လက်ရှိ မနက် ဂျပန်နိုင်ငံကိုပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ကြောင့်ဖြစ်ပေါ်ခဲ့ရတဲ့ အပျက်အစီးများကို ဂျပန်နိုင်ငံဝန်ကြီးချုပ် Kishida က စစ်ဆေးနေကြောင်းပြောကြားလာခဲ့ပါတယ်။ဂျပန်ကမ်းခြေစောင့်တပ်များမှလည်း မြောက်ကိုးရီးယားနိုင်ငံမှ ဒုံးကျည်ပစ်လွှတ်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်းဆိုလာခဲ့ပါတယ်။ဂျပန် ကမ်းခြေစောင့်တပ်များမှ မြောက်ကိုးရီးယားဒုံးကျည်ကျရာနေရာကို မသွားကြရန် သင်္ဘော များကိုတားမြစ်ထားခဲ့ပြီး တစ်စုံတစ်ခုကျရောက်လာသည်ကိုတွေ့ရှိပါက အနားကိုမကပ်ရန်နှ၍့် ကမ်းခြေစောင့်တပ်များအားအသိပေးရန် သတင်းထုတ်ပြန်ထားကြောင်းသိရပါတယ်။

Photo Credit From Google
Photo Credit From Google
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T