အဖွင့်ပွဲစဥ်မှာပဲ လက်ဘနွန်အသင်းကို ခြေစွမ်းပိုင်းအသာစီးဖြင့် ဂိုးပြတ်အနိုင်ရယူခဲ့တဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း

//s9.kh1.co/87/87a32f7c7563d067d492ef0b6368a56a16e349a7.jpg
အားကစားသတင်းများ

 ၁၉-အောက်-၂၀၂၁ ၇am · လွန်ခဲ့သော ၃ နှစ် က

.

အိန္ဒိယနိုင်ငံမှာကျင်းပမယ့် အမျိုးသမီး အာရှဖလား ၂၀၂၂ ပြိုင်ပွဲဝင်ရောက်ခွင့်ရရှိရေးအတွက် ယှဉ်ပြိင်ရတဲ့ အာရှဖလားခြေစစ်ပွဲ အုပ်စု (ဃ) အဖွင့်ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လက်ဘနွန်အသင်းတို့ အောက်တိုဘာ (၁၈) ရက် နေ့လည် (၁၂)နာရီ (၃၀) မိနစ်က ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းက (၄-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

Photo Credit - The MFF
Photo Credit - The MFF
Photo Credit - The MFF
Photo Credit - The MFF

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအတွက် အဖွင့်ဂိုးကို တိုက်စစ်မှူးဝင်းသိင်္ဂီထွန်းမှ ပွဲချိန် (၂၄)မိနစ်တွင်ရရှိခဲ့တဲ့ ပင်နယ်တီမှ တဆင့်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ မြန်မာ့အသင်းအတွက် ဒုတိယဂိုးကိုတော့ ပွဲချိန် (၆၄)မိနစ်မှာ လူစားဝင် တောင်ပံကစားသမားဖြစ်တဲ့ မြတ်နိုးခင်က သွင်းယူပေးခဲ့ပြီး တတိယဂိုးကို စန်းသော်သော်က ပွဲချိန်(၈၆)မိနစ်မှာ ခေါင်းတိုက်သွင်းယူခဲ့တယ်လို့ သိရပါတယ်။

Photo Credit - The MFF
Photo Credit - The MFF
Photo Credit - The MFF
Photo Credit - The MFF

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက် စတုတ္ထဂိုးကို ပွဲချိန် မိနစ် (၉၀) တွင်လူစားဝင်လာတဲ့ တိုက်စစ်မှူး ဂျူလိုင်ကျော်မှ နာကျင်အချိန်ပို (၉၀+၃) မိနစ်မှာ ထပ်မံ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းဟာ အုပ်စု(ဃ)မှာ လက်ဘနွန်၊ ယူအေအီး၊ ဂူအန် အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက် လျက်ရှိပြီး အုပ်စုဗိုလ် တစ်သင်းသာ ခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။ နောက်ထပ်ပွဲစဥ်များအနေဖြင့် အောက်တိုဘာ (၂၁)ရက်နေ့မှာ ဂူအမ် အသင်း၊ အောက်တိုဘာ (၂၄) ရက်မှာ ယူအေအီး အသင်းတို့နှင့် ယှဥ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Photo Credit - The MFF
Photo Credit - The MFF

သတင်း အရင်းအမြစ်Source - The MFF

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T