မွေးမွေးချင်းမှာပဲ ကိုးလအရွယ်ဝတ်တဲ့ အဝတ်အစားကို ဝတ်ပေးနေရတဲ့အထိ အရွယ်အစားကြီးမားစွာ မွေးဖွားလာတဲ့ ကလေးငယ်တစ်ဦး

//s9.kh1.co/12/12e26a2f521c5c42658911a49ab41c32c70ca1eb.jpg
ဗဟုသုတအဖြာဖြာ

 ၁၆-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

.

သာမန် မွေးကင်းစကလေးငယ်တစ်ဦးဟာ ပုံမှန် ပျမ်းမျှအလေးချိန် (၁၀) ပေါင်ခန့်ထိရှိတတ်ကြပြီး အများသောအားဖြင့် (၅.၅) ပေါင် နှင့် (၇.၅) ပေါင်ကြားလောက်မှာပဲ ရှိကြတာတွေ့ရပါတယ်။ ဒီထက် ကိုယ်အလေးချိန်တွေကျော်လွန်ပြီး မွေးဖွားလာတဲ့ ကလေးတွေကိုတော့ လူတော်တော်များများ မတွေ့ဖူးလောက်သေးဘူးလို့ ထင်ပါတယ်။

Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail

ဒါပေမယ့် အမေရိကန်ပြည်ထောင်စု Arizona ပြည်နယ်မှမိခင်တစ်ဦးဟာ လွန်ခဲ့တဲ့အပတ်က သာမာန်မွေးဖွားလာတဲ့ ကလေးတွေထက်ပိုပြီး အံ့သြစရာ (၁၄) ပေါင်နဲ့ (၁) အောင်စ အလေးချိန်ရှိတဲ့ ကလေးကို မွေးဖွားခဲ့ပါတယ်။ ကိုယ်ဝန် (၃၈) ပတ်သာရှိသေးတဲ့ Cary Patonai မိခင်ဟာ မမွေးခင်မှာ ဆရာဝန်များက ကိုယ်အလေးချိန် ၁၃.၈ ပေါင်ရှိလိမ့်မည်ဟု ဆရာဝန်များကခန့်မှန်းထားခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail
Photo Credit - Daily Mail

Cary Patonai မွေးဖွားလာတဲ့ အချိန်မှာတော့ ဆရာဝန်တွေတောင် အံ့သြလောက်တဲ့အထိ သူတို့ ခန့်မှန်းထားတာထက်ပိုပြီး အလေးချိန်ပိုများနေတာ တွေ့ခဲ့ရပါတယ်။ Cary Patonai မွေးဖွားလာတဲ့ ကလေးငယ်ဟာ သာမန်ကလေးတွေထက်ပိုပြီး အရွယ်အစားကြီးမားခဲ့ပါတယ်။ လက်ရှိမှာ အဆိုပါကလေးငယ်ကို Finnley လို့နာမည်ပေးထားပြီး ခြောက်လမှကိုးလအရွယ်တွေဝတ်တဲ့ အဝတ်များကို ဝတ်ပေးနေရတယ်လို့လည်း ဆိုပါတယ်။

Photo Credit - Daily Mail
Photo Credit - Daily Mail

သတင်း အရင်းအမြစ်Source - Daily Mail

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T