ယမန်နေ့ အောက်တိုဘာ(၁၅)ရက်နေ့က (၃၃)နှစ်ပြည့်သွားပြီဖြစ်တဲ့ ဘောလုံးကစားသမား အိုဇေးလ်

//s9.kh1.co/90/90205cb672bf9da6896ba90e2b114f10d1d2f644.jpg
အားကစားသတင်းများ

 ၁၆-အောက်-၂၀၂၁ ၈am · လွန်ခဲ့သော ၃ နှစ် က

လူချစ်လူခင်ပေါများတဲ့ အိုဇေးလ် တစ်ယောက် မွေးနေ့မှာပျော်ရွှင်နိုင်ပါစေ.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

မီဆွတ်အိုဇေးလ် လို့ဆိုလိုက်တာနဲ့ တကယ်ကို ထူးချွန်တဲ့ခြေစွမ်းတွေနဲ့ ဘောလုံးဝါသနာရှင်ပရိတ်သတ်တိုင်းက ချစ်ခင်အားပေးကြရတဲ့ ကွင်းလယ်ဘောလုံးကစားသမားတစ်ဦးလို့ အများက သတ်မှတ်ထားကြတာပဲဖြစ်ပါတယ်။ သူ့ကို ဂျာမနီနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး (၁၉၉၅) ခုနှစ် မှ စတင်ကာ လူငယ်ဘောလုံးကစားသမားဘဝဖြင့် စတင်ခဲ့တာဖြစ်ပါတယ်။အဲ့နောက်မှာတော့ သူဟာ ရီးရဲမက်ဒရစ် ၊ အာဆင်နယ် အစရှိတဲ့ အသင်းကြီးများမှာ ကစားလဲ့ပြီး လက်ရှိမှာတော့ ဖီနာဘာဂျီအသင်းမှာ ကျောနံပါတ်(၁၀) နှင့် ကစားနေတာဖြစ်ပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google

သူဟာ ဘောလုံးအားကစားတွင်ထူးချွန်ရုံသာမက လူမှုရေးလုပ်ငန်းများဖြစ်တဲ့ ပရဟိတလုပ်ငန်းများစွာပြုလုပ်ပြီး အမြဲကူညီနေတဲ့ လူတော်လူကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။သူဟာ မြန်မာနိုင်ငံ က ခွဲစိတ်ရန်လိုအပ်နေခဲ့တဲ့ ကလေးငယ်များ၊ ကမ္ဘာအနှံ့မှာရှိကြတဲ့ ကလေးငယ်များ ၊ ဒုက္ခသည်စခန်းများမှ သိန်းချီနေတဲ့ လူပေါင်းများစွာ အတွက် ငွေကြေးများလှူဒါန်းခဲ့တဲ့အပြင် သူ့ရဲ့ မင်္ဂလာဆောင်နေ့မှာ အိမ်ခြေရာမဲ့ပေါင်း(၁၆၀၀၀)အတွက် လှူဒါန်းကာ ကူညီခဲ့သူဖြစ်ပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google

ယမန်နေ့ အောက်တိုဘာ(၁၅)ရက်နေ့ဟာ သူ့ရဲ့ (၃၃)နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်.အလုပ်မှာထူးချွန်တဲ့အပြင် လက်တွေ့လူမှုဘဝမှာပါ အပြစ်ပြောရက်စရာမရှိတဲ့ အိုဇေးလ်တစ်ယောက် မွေးနေ့မှစ နောင်နှစ်ပေါင်းများစွာ ဘဝကို စိတ်တိုင်းကျဖြတ်သန်းနိုင်ပါစေလို့လည်းဆုတောင်းပေးလိုက်ရပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T