ခင်ပွန်းကိုလည်းကွာပြီး ဆရာ၀န်တွေကိုလည်း ဆန့်ကျင်ကာ အသက်စွန့် မွေးဖွားခဲ့တဲ့ အာဂမိခင်

//s9.kh1.co/0c/0cbf1c183feaa619e9e233e27c12db895a4e4220.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

တစ်လောကလုံးက စွန့်ပစ်ထားပေမယ့် သားသမီးအတွက် အကောင်းဆုံးပေးဆပ်သူဆိုတာ မိခင်ပါပဲ။ သားသမီးအတွက်ဆိုဘဝနဲ့ရင်းပေးဆပ်ရဲသလို ၊အရာရာစွန့်လွှတ်ဖို့လည်း ဝန်မလေးပါဘူး။ ဒီတစ်ခေါက်မှာတော့ အကောင်းဆုံးမိခင်တစ်ယောက်နဲ့ မိတ်ဆက်ပေးပါမယ်။ အမေတစ်ယောက်ဖြစ်လာတဲ့ Zou Hongyan တစ်ယောက် Ding Ding ကိုမွေးဖွားချိန်ကစပြီး မိခင်တစ်ယောက်ပီပီ ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့တဲ့အပြင် နောက်ဆုံးမှာတော့ Ding Ding ကို ဟားဗဒ်တက္ကသိုလ် အထိရောက်အောင် တွန်းအားပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=682,q=100/e9/e9280cfd4e9becaa815dac35a6a2348708af8623.jpg
https://s9.kh1.co/__image/w=600,h=682,q=100/4c/4c4378141c1cca693ba6f811c78de4c2d34eaac4.jpg

Ding ဟာ (၁၉၈၈)ခုနှစ်ကမွေးဖွားခဲ့သူပါ။ မွေးတဲ့ အချိန်မှာလည်း အသက်ရှုရခက်ခဲတဲ့ မွန်းကျပ်တဲ့ ဝေဒနာကြောင့် အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ပါတယ်။ ဒီအခြေအနေကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် မွေးရာပါ ဦးနှောက် ချို့ယွင်းတဲ့ဝေဒနာကိုတော့ ခံစားခဲ့ရပါတယ်။ မွေးဖွားချိန်မှာလည်း ခက်ခက်လွန်းတာကြောင့် Hubei ပြည်နယ်မှာရှိတဲ့ ဆရာဝန်တွေက Ding Ding ကိုမမွေးခင်ကပင် စွန့်လွှတ်ဖို့ မိခင်ဖြစ်သူ Zou Hongyan ကို အကြံပြုခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ကလေးကို စွန့်စွန့်စားစားမွေးနိုင်ခဲ့ရင်တောင် ကလေးဟာ မွေးရာပါ မသန်စွမ်းတဲ့ ဉာဏ်ရည်နိမ့်တဲ့ ကလေးငယ်အဖြစ် တစ်သက်လုံး တည်ရှိသွားမှာဖြစ်နေလို့ပါ။ စိတ်မကောင်းတာကတော့ ကလေးရဲ့ ဖခင်ဖြစ်သူက ဆရာဝန်တွေရဲ့ဒီအကြံပြုချက်ကို လက်ခံခဲ့ပါတယ်။ ဒါပေမယ့် မိခင်ဖြစ်သူ Zou ကတော့ လုံးဝလက်မခံခဲ့တဲ့အပြင် သဘောထားကွဲလွဲနေတဲ့ ခင်ပွန်းဖြစ်သူကို လက်တွဲဖြုတ်၊ကွာရှင်းပြီး သားဖြစ်သူကို မွေးဖွားဖို့ပဲဆုံးဖြတ််ခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=687,q=100/04/04dfc72b904dee0d8128c24e7a7e016004956c4e.jpg
https://s9.kh1.co/__image/w=600,h=459,q=100/2d/2d02431767dcd891c20ebcb254588e69c8e4d388.jpg

ကံကောင်းတာကတော့ မိခင်နဲ့သား အသက်ဘေးက လွတ်ခဲ့ပေမယ့် အထက်ကဖော်ပြထားသလို့ ကလေးကတော့ ပုံမှန်မဟုတ်ပါဘူး။ စိတ်ပျက်အားလျှော့ခြင်းမရှိတဲ့ Zou က အလုပ် ၃ ခုကို လုပ်ကာ Ding Ding ကိုပံ့ပိုးခဲ့လို့ နောက်ဆုံးမှာတော့ Ding ဟာ Peking တက္ကသိုလ်ကနေ Environmental Science and Engineering School နဲ့ (၂၀၁၁)မှာ ဘွဲ့ရခဲ့ပါတယ်။ ဒါ့အပြင် Ding ရဲ့ထူးချွန်မှုကြောင့် International Law School မှာ မာစတာဘွဲ့အတွက် ဝင်ခွင့်ရဖို့ အဆင့်မီှခဲ့ပါတယ်။ မိခင်ဖြစ်သူနဲ့သားဖြစ်သူတို့ ချစ်ခြင်းမေတ္တာကြားက တွန်းအားတွေနဲ့အခုဆိုရင် Harvard တက္ကသိုလ်မှာ ၂၉နှစ်အရွယ်ကျောင်းသားဖြစ်သူ Ding Ding ကြောင့် မိခင်ဖြစ်သူ Zou လည်း ဂုဏ်ယူစရာဖြစ်လာပါပြီ။

သတင်း အရင်းအမြစ်Boredpanda

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T