လူသေသားစားပြီး အလှူအတန်း ရက်ရောကြတဲ့ အိန္ဒိယက ထူးဆန်းသော အကျင့်ကျင့်ကြသူများ

//s9.kh1.co/a9/a982ac67f0a683e01fc3411a4c269d7e5beb4ad6.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဂင်္ဂါမြစ်ဘေးတွင်နေထိုင်တဲ့လူသေသားစားပီး လူသေများပေါ်တွင်အိပ်တဲ့ အာဂေါ်ရီလူသားစားသူများဟာ ဂင်္ဂါမြစ်ရေကို လူရဲ့ဦးခေါင်းခွံများဖြင့် သောက်သုံး‌ေလ့ရှိပါတယ်။ သူတို့ရဲ့ ခန္ဒာကိုယ်ပေါ်တွင်လည်း အရိုးပြာများကို သုတ်လိမ်းထားကြပါတယ်။ သူတို့ဟာ လူသေသားများကိုသာ စားသုံးခြင်းဖြစ်‌ေပမယ့် ဒေသခံများက သူတို့ကိုကြောက်ရွံ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/70/7094505ae34cdd1415c279682c851082a5f52f5a.jpg
https://s9.kh1.co/__image/w=456,h=672,q=100/79/79c8fdfeb74c47b71d9e1a9c9c71c92cd17024dd.jpg

အသက် ၃၇ အရွယ် ဒါရာဂျ်မာဆန်အမည်ရှိအိုင်းရစ်ဓာတ်ပုံဆရာမှာ တပစရိယအကျင့် ကျင့်ကြံနေတယ်ဆိုသော သူတို့နှင့်ခဏတာ သွားရောက်နေထိုင်ကာ သူတို့ရဲ့ အမူအကျင့်များကို သွားရောက်လေ့လာခဲ့ပါတယ်။ ဒရာဂျ်က " သူတို့တွေက ဂင်္ဂါမြစ်ထဲက အလောင်းတွေကိုယူပီးစားသောက်ကြတာကြောင့် နာမည်ကြီးကြတာပါ " ဟု ပြောပြခဲ့ပါတယ်။ သူတို့ဟာ လူသေများအား မီးသင်္ဂြလ်တဲ့ နေရာများမှ အရိုးခေါင်းများနှင့် လူရိုးများကိုယူဆောင်ကာ သူတို့ရဲ့ကျင့်စဉ်များအတွက်အသုံးပြုကြပြီး လူသေများဆီမှ စွမ်းအားများရရှိနိုင်သည်လို့လည်း ယုံကြည်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/49/4913e7af71f9b750ae83148b9a417b1966e8361e.jpeg
https://s9.kh1.co/__image/w=480,h=640,q=100/03/03b77dece053d78ec424896064cec823fc164716.jpg

" တစ်ခါကျွန်တော့်ကိုအရိုးခေါင်းနှင့်ဂင်္ဂါမြစ်ထဲက ရေကိုခပ်တိုက်ပါသေးတယ်၊ ဒါပေမယ့်သိပ်မဝေးတဲ့မြစ်ရဲ့ အပေါ်ပိုင်းခြောက်ပေအကွာလောက်မှာ လူသေအလောင်းတွေကို မီးရှို့ သင်္ဂြုလ်နေတာကြောင့် ကျွန်တော်မသောက်ရဲပါဘူး၊ ရေထဲမှာရောဂါပိုးတွေပါလာနိုင်လို့ပါ " ဆိုပြီး ဒရာဂျ်က ပြောပြခဲ့ပါတယ်။ လူသေသားစားသူများဟာ အဝတ်အစားများကိုကောင်းမွန်စွာဝတ်စားဆင်ယင်ခြင်းမရှိပဲ အမြဲတစေ ဆံပင်များရှုပ်ပွနေကာ ဘိုသီဖတ်သီနေတတ်‌ေပမယ့်လည်း အလှူအတန်းမှာ အင်မတန်ရက်ရောသူများဖြစ်သည်ဟု သိရှိရပါတယ်။ သူတို့ဟာ အနာကြီးရောဂါသည်များအား ကုသပေးရေး ဖောင်ဒေရှင်းတစ်ခု တည်ထောင်ထားကာ လူနာပေါင်း ၁၄၇၅၀၃ ဦးကို အခမဲ့ဆေးကုသပေးခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/fd/fd093a7e2390980fb0efccde1487a9414a9d0675.jpg

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T