ပညာရှင်တွေ ခက်ခက်ခဲခဲ ရှာဖွေလေ့လာပြီးမှ အဖြေထွက်ခဲ့တဲ့ လေ့လာတွေ့ရှိမှုများ

//s9.kh1.co/bf/bf0d800f7c3b8d1f8c3f25095295bb61c1338c6e.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဖလော်ရီဒါ Aucilla တွင် အမဲရောင် တွင်းနက်ကြီး တစ်ခုရှိပြီး ၎င်းတွင်းကြီးထဲ ဘယ်သူမှ မဆင်းရဲပါဘူး။ အလွန်ကြာပြီဖြစ်တဲ့ တွင်းနက်ထဲမှာ အမျိုးအမည် မသိတဲ့ သတ္တဝါ ၊ ဓာတ်ငွေ့ တွေရှိတတ်ပြီး လူ့အသက် အန္တရာယ် စိုးရိမ်ရသောကြောင့် မဆင်းကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖလော်ရီဒါ တက္ကသိုလ်မှ ပရော်ဖက်ဆာ Jessi Halligan ဟာ အသက်နှင့်ရင်း ကာ ကိရိယာ တန်ဆာပလာ များဖြင့် တွင်းကြီး ထဲကို သုသေ သနဆင်းလုပ်ရာ လွန်ခဲ့သော နှစ်ပေါင်း 14000 ခန့်က လူများသည် ဆင်ကို ကျုံး သွင်းပြီး ဖမ်းသည့်တွင်းကြီး ဖြစ်နေတာ တွေခဲ့ရပြီး ( mastodon tusks ) ဆင်ကြီးများ ရုပ်ကြွင်းနှင့် လူ့အသုံး အဆောင် ပစ္စည်းများတွေ့ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=600,q=100/0a/0abc9c80bfaa1c15ccc1ad4f5f3a8d0b8140aa1c.jpg
https://s9.kh1.co/__image/w=650,h=431,q=100/01/01c9d452a895eb9b27c5775fa3069e18b1c69d7f.jpg

အင်္ဂလန်မှာ ရုပ်ထုတစ်ခုရဲ့ ဦးခေါင်း တစ်လုံးကို ပြန်လည်ရှာတွေ့ခဲ့သော်လည်း ဘာကြီးမှန်းမသိကြပါဘူး။ သမိုင်းပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တွေဟာ ဒီဦးခေါင်းကြီးဟာ ဘာမှန်းသေချာသိအောင်လို့ အချိန်တစ်ခုကြာအောင် လေ့လာခဲ့ကြရပါတယ်။ နောက်ပိုင်းမှာတော့ အဖြေထွက်ရှိခဲ့ပြီး ပေါင် ၃၅၀ ခန့်လေးတဲ့ ဒီရုပ်ထုဦးခေါင်းဟာ ရောမအင်ပါယာ Trajan ရုပ်တု ဦးခေါင်း ဖြစ်မှန်းသိခဲ့ရပြီး ရောမ-ဗြိတိန် = အင်္ဂလန် သမိုင်းအမွေအနှစ် တစ်ခုဖြစ်မှန်း သိခဲ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=327,q=100/c0/c083d41c649b4318e11a6538dc0b8f4722a534b7.jpg

ချီလီ Atacama သဲကန္တာရမှာ ဝေလငါးတွေရဲ့ အရိုးသင်္ချိုင်းကို တွေ့ခဲ့ရသောကြောင့် ဝေလငါးတွေ အစုလိုက် အပြုံလိုက် လာရောက်သတ်သေကြတယ်လို့ ရှေးခေတ် ပညာရှင်များ သုံးသပ် ကြပါတယ်။ ယနေ့ခေတ် သုသေသနပညာရှင်တို့ တွေ့ရှိချက်ကတော့ အရင်ခေတ်က ပြောဆိုမှုတွေနဲ့ ပြောင်းပြန်ဖြစ်နေပြီး လွန်ခဲ့သည့် နှစ်ပေါင်း 20000 လောက်က ပင်လယ်ရေပြင်ဖြစ်ခဲ့တဲ့ ထိုသဲကန္တာရမှာ ပေါက်ရောက်တဲ့ အဆိပ်ပင် algae ရေညှိတွေကြောင့် ဝေလငါးတွေ အဆိပ်သင့် သေဆုံးကြတယ်လို့ ကောက်ချက်ချကြပါတယ်။

https://s9.kh1.co/__image/w=600,h=357,q=100/8c/8ca6ce3f8729c8b3ae850c6c018b91f8f0e7f112.jpg
https://s9.kh1.co/__image/w=650,h=488,q=100/10/1073028f185e5ef4cc8d89f1b0cfd61a03127841.jpg

သတင်း အရင်းအမြစ်Blogger Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T