ငရဲတံခါးနှင့် ကမ္ဘာပေါ်မှာရှိတဲ့ ထူးထူးခြားခြား နေရာများ

//s9.kh1.co/ed/ed21c9ad6f275f2b68bea6338df60a7745982640.jpg
ဗဟုသုတအဖြာဖြာ

 ၁၀-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ ထူးထူးခြားခြား နေရာလေးတွအကြောင်းကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

(၁) မိသားစုလိုက် အိမ်ပြောင်းကြတဲ့ ဂဏန်းတွေ

https://s9.kh1.co/__image/w=600,h=335,q=100/91/91baffa65c845f733ab1dd813ab5c7cb0098bae0.jpg

ဩစတေးလျတိုက် ခရစ်စမတ် ကုန်းမြေမှာ အောက်တိုဘာလကနေ နိုဝင်ဘာ လကုန်အထိ ဂဏန်းနီတွေဟာ သစ်တောထဲကနေထွက်ပြီးတော့ ပင်လယ်ဘက်ဆီကို အစာရှာဖို့နဲ့ ဥဥ ဖို့အတွက် အသိုက်ပြောင်းလေ့ကြရှိပါတယ်။ ဒီမြင်ကွင်းကိုမြင်ရသူ အဖို့ အသည်းယားကြရမှာ အမှန်ပါဘဲ။

(၂) အရေပြားတွေလောင်သွားစေနိုင်တဲ့ရေကန်

https://s9.kh1.co/__image/w=600,h=758,q=100/88/88a77ee54237250cdca48eeb203a027f7b1abd6c.jpg

တန်ဇန်းနီးယားနိုင်ငံ မြောက်ဖက်မှရှိတဲ့ ရေကန်ကြီး တစ်ခုက ရေတွေဟာ PH Level အလွန်မြင့်တာကြောင့် မျက်လုံး အရည်ပြားတွေလောင်တက်ပါတယ်။ နယ်မြေခံမဟုတ်ဘဲ ရေကန်ကြောင်းမသိတဲ့ သတ္တဝါတွေကတော့ အရည်ပြားတွေ လောင်ကုန်ကြတယ်လို့ဆိုပါတယ်။

(၃) အလင်းတွေထွက်တဲ့ကျောက်လိုဏ်ဂူ

https://s9.kh1.co/__image/w=600,h=402,q=100/b9/b95db285021ab14a9ff4580d965ddfb1d9f05304.jpg

နယူးဇီလန်မှာ အလင်းရောင်တွေထွက်နေတဲ့ ဂူများရှိပါတယ်။ ဂူလမ်းပြ လှေဌားပြီးလေ့လာလို့လည်းရပါတယ်။ အလင်းရောင်တွေဟာ ဇီဝသက်ရှိတစ်မျိုးမှ ထွက်နေတာဖြစ်ပြီး ၎င်း ဇီဝသက်ရှိ ဟာ နယူးဇီလန်မှာသာ ရှိတယ်လို့လည်းသိရပါတယ်။

(၄) ငရဲတံခါး

https://s9.kh1.co/__image/w=600,h=337,q=100/ec/ecf6c53586a1bdfa67719f77e963b3ccf4ca4fac.jpg

ငရဲဘုံ တံခါး အမည်ရှိ သဘာဝ ဓါတ်ငွေ့တွင်းကြီးဟာ ဆိုဗီယက် Turkemistan တွင်ရှိပြီး ဆာလဖာ အနံပြင်းတွေ ထုတ်လွတ်လျက် ရှိပါတယ်။ 1971 ခုနှစ်တွင် တွေ့ရှိခဲ့ပြီးတော့ အတွင်းမှာ မီးတွေအမြဲတမ်းလောင်ကြွမ်းလျက်ရှိပါတယ်။

(၅) သွေးရေကန်

https://s9.kh1.co/__image/w=600,h=389,q=100/a9/a9fcedf7b40ec03c6e9d7f5c6d6088afa1581014.jpg

နာမည်ကို ကြည့်ပြီး‌ေတာ့ ထိတ်လန့်မသွားပါနဲ့။ ဆီနီဂေါမှာရှိတဲ့ Retba ရေအိုင်ထဲက ရေညှိပင်တွေဟာ အလင်းရောင်ကို စုပ်နိုင်တာကြောင့် ကန်ရေပြင်ဟာ အနီရောင်အဖြစ်ပြောင်းလဲသွားခဲ့ရပါတယ်။

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T