Jesus ခေတ်က ရေးသားခဲ့တဲ့ စာအုပ်အပါအ၀င် ပညာရှင်တွေကို ခေါင်းခဲစေခဲ့တဲ့ ထူးဆန်းလှတဲ့ အကြောင်းအရာများ

//s9.kh1.co/77/77ca7b96bd1652fcbc2d37603b8ad6671dbc2152.jpg
ဗဟုသုတအဖြာဖြာ

 ၁၀-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

နှစ်ပေါင်း နှစ်ထောင်လောက်က ခဲ သတ္တုဖြင့်ပြုလုပ်ထားတဲ့ စာအုပ်တစ်အုပ်ရဲ့ စာရေးဟန်နှင့် စာသားများဟာ Jesus ခေတ်မှ စာသားဖြစ်တယ်လို့ ပညာရှင်များက ပြောကြားခဲ့ပါတယ်။ ဒီစာအုပ်ကို အစ္စရေး နိုင်ငံနှင့် ကပ်လျက် ရှိတဲ့ ဂျော်ဒန်နိုင်ငံမှာ 2008 ခုနှစ်တုန်းက တွေ့ရှိခဲ့ပါတယ်။ ခရစ်ယာန် ကျမ်းစာအုပ်ရဲ့ မူရင်း အရေး အသားများဖြစ်ပြီး Paleo-Hebrew အက္ခရာ များဖြင့်ရေးသားထားပါတယ်။ ရှေးဟောင်း စာပေ ကျွမ်းကျင်သူများမှ ကျမ်းစာမူရင်းကို ကြိုးစား အဓိပ္ပါယ် ပြန်ကြည့်ရာ တမန်တော် နောက်လိုက် နာမည်များ ဖြစ်သည့် James, Peter နှင့် John နာမည်များပါဝင်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဒီစာအုပ်ကို Jesus သေဆုံးပြီးများ မကြာမှီမှာ ရေးသားထား ကြောင်းကိုလည်း ပညာရှင်များက ထပ်မံတွေ့ရှိခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=600,h=392,q=100/b0/b0976d58eaad911239146b89ad4c7f6d164b6ff0.jpg
https://s9.kh1.co/__image/w=600,h=389,q=100/7f/7f8fef21330a8edd3029313b743876378557ff44.jpg

ရုတ်တရက်ကြည့်လိုက် ရင် 1980 က ဓါတ်ပုံ စာအုပ် ကာဗာ နဲ့တူပါတယ်။ ဒါပေမဲ့ ဒါဟာ ရုရှားနိုင်ငံက ဆားမိုင်းတွင်းဖြစ်ပြီး နှစ်ပေါင်းများစွာက ပင်လယ်ဆားတွေ အနယ်ကျလာရာက စတင်ဖြစ်ပေါ်ခဲ့ပါတယ်။ အခုတော့ ဒီနေရာမှာ လူတွေ အလုပ်မလုပ်ကြတော့ပဲ လူသူမရှိ တိတ်ဆိတ်တဲ့ နေရာတစ်ခုအဖြစ် ရှိလို့နေပါတယ်။

https://s9.kh1.co/__image/w=600,h=401,q=100/b7/b73d27820061e482023796fdb93a47ae949e35c4.jpg

အသက် ၅၂ နှစ်ရှိပြီဖြစ်သော ဂျာမန်စစ်သား ဟောင်း Manfred Fritz Bajorat ဆိုသူဟာ အပျော်စီး ရွက်သင်္ဘော ပေါ်တွင် မံမီ ပုံစံဖြစ်ကာ ဖိလစ်ပိုင် ရေပိုင်နက်တွင် တွေ့ရှိခဲ့ပါတယ်။ ရုတ်တရက်ကြည့်လိုက်လှျင် အိပ်ပျော်နေတဲ့ မံမီ နှင့် တူနေပြီး ရဲအရာရှိတွေ သုံးသပ်ချက်အရ သူဟာ ရုတ်တရက် နှလုံးရပ်တန့် သေဆုံးခဲ့ပုံရကာ ပင်လယ်ဆားငံရည် အငွ့အသက်ကြောင့် ခန္ဓာကိုယ်ကို မပုတ်မသိုးပဲ ကျန်ခဲ့သည်ဟုသာ ကောက်ချက်ချခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=300,q=100/5f/5f83a669304beb653c573def79f4c2c697d5c004.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T