Single ဘဝကို ကံထူးစွာနဲ့ ပိုင်ဆိုင်ထားရခြင်းရဲ့ ကောင်းကျိုးများ

//s9.kh1.co/8e/8e7a52e7a47f509b60a16854516fd99797db6cc9.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

သူငယ်ချင်းတွေထဲမှာ Relationship ရှိတဲ့ သူတွေနဲ့ Single တွေကို အားလုံးမြင်ဖူးကြမှာပါ။ အချို့ Rs တွေဟာ ကိုယ့်ရဲ့ Singleသူငယ်ချင်းတွေကို FA ဆိုပြီး နပြောဆိုနောက်ပြောင်တတ်တာကိုတွေ့ကြမှာပါ။ တကယ်ဆိုရင် Rs မရှိတာဟာ ဘယ်လောက်ပျော်ဖို့ကောင်းလဲဆိုတာကို single တွေကကောင်းကောင်းသိပြီးသားပါ။ ဆိုတော့ ဒီလို Single အဖြစ်ရပ်တည်နေထိုင်ခြင်းရဲ့ကောင်းကျိုးလေးတွေကို ဒီတစ်ခေါက်မှာမျှဝေပေးမှာပဲဖြစ်ပါတယ်။

(၁) သူမတူတဲ့လွတ်လပ်ပေါ့ပါးမှု

https://s9.kh1.co/__image/w=600,h=486,q=100/ab/ab288680af6024d5a3a7e594cc42988405ba7d7b.jpg

စိတ်ကော လူကောလွတ်လပ်ပေါ့ပါးတာကိုဆိုလိုတာပါ။ စိတ်ညစ်စရာတွေ ဆိုတာကလည်း Rsတွေနဲ့ယှဉ်ရင် အနည်းအကျဉ်းသာရှိတဲ့ သာယာတဲ့ဘဝလေးပါပဲ။ အားနေရင် Rs တွေလိုခံစားပြီး မအိပ်နိုင်မစားနိုင်ဖြစ်ရတဲ့ ဝဋ်မျိုးကလည်းကင်းဝေးကာ ကိုယ်စိတ်နှလုံးချမ်းသာစွာနေရမှာပါ။ အပေါင်းအသင်းတွေနဲ့ အပြင်သွားချင်ရင် Rs တွေလို ဖုန်းဆက်ပြီးခွင့်တောင်းစရာလည်းမလိုသလို အချိန်ရှိတိုင်းလည်း ပြဿနာအရှာမခံရတဲ့အတွက် လွတ်လပ်မှု ကတော့ရာနှုန်းပြည့်ရရှိထားမှာပဲဖြစ်ပါတယ်။

(၂)အပိုငွေမကုန်တော့ဘူး။

https://s9.kh1.co/__image/w=600,h=311,q=100/c5/c57eb28dddb967eead1789d2d1a39e4107b0247e.jpg

မနက်မိုးလင်းတာနဲ့ Morning လို့ဖုန်းခေါ်ပြီး နှိုးလိုက်ရကတည်းက ဘေကစကုန်ပါပြီ။ ပြီးရင် အတူသွားအတူလာလုပ်ရင် နှစ်ယောက်စာလည်းပိုကုန်ပါသေးတယ်။ ဒါကဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် နှစ်နဲ့လနဲ့ ချီပြီးကြာသွားတဲ့ စုံတွဲတွေရဲ့ အသုံးစရိတ်ဟာ Single တွေထက် ၆ဆ ၇ဆလောက်များနေတာကိုတွေ့ရပါတယ်။ ဒီလိုကုန်ကျမှုမျိုးဟာ Single ဘဝမှာမရှိပါဘူး။ ကိုယ်စုတတ်ရင်စုတတ်သလောက် ပိုက်ဆံအဖက်တင်ပါတယ်။ ဘေထည့်ပြီးသွားရင်လည်း တန်းချေးပြီး Package ဝယ်ရတဲ့ထဲမှာ Single တွေမပါပါဘူး။

(၃) ကိုယ်ပိုင်အချိန်တွေအများကြီးရှိတယ်။

https://s9.kh1.co/__image/w=650,h=393,q=100/60/60753f916381b14597c018edfeb7ee636076cbb1.jpg

မိသားစုအတွက်လည်းအချိန်ပေးနိုင်သလို သူငယ်ချင်းတွေနဲ့ မိမိကိုယ်ကုိအတွက်လည်းအချိန်ပိုပေးနိုင်ပါတယ်။ ကိုယ်ဝါသနာတာကိုလည်း ပိုပြီးလုပ်နိုင်တယ်။ ချစ်သူကိုအချိန်မပေးရတဲ့အတွက် ကိုယ့်အချိန်တွေကို ကိုယ်ပိုပြီးပိုင်တယ်။ တခါတလေ တစ်ယောက်တည်းပျင်းဖို့ကောင်းတယ်ဆိုရင်တောင်မှ အသိပညာဗဟုသုတတွေကိုရှာမှီးဖို့အချိန်တွေရှိတယ်။ Rs တွေထက် ခေါင်းတစ်လုံးသာအောင်ကြိုးစားနိုင်ပြီး အချိန်တိုတိုနဲ့ အောင်မြင်ဖို့အခွင့်အလမ်းတွေကပိုများပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/05/05fc8f193419b9cc9ec34b5a31baab953c79a797.jpg

သတင်း အရင်းအမြစ်Blogger Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T