ကယ်ဆယ်ရေးတွေလာကူတာတောင် သခင်ကို လက်မလွှတ်တဲ့ သစ္စာရှိ ခွေးလေး

//s9.kh1.co/3f/3f0c3aa1aed92c602bd9fbc3cf07c89eb658fabe.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-အောက်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

အိမ်မွေးတိရစ္ဆာန်လေးတွေဆိုတာ အဖော်မဲ့နေတဲ့ လူတွေအတွက်တော့ တကယ်ကို ကောင်းမွန်တဲ့ မိတ်တွေကောင်းလို့တောင် ပြောလို့ရပါတယ်။ ဒီအထဲမှာမှ ခွေးလေးတွေကတော့ လူသားတွေအပေါ်မှာ သစ္စာအရှိဆုံး အကောင်လေးတွေလို့တောင် ပြောလို့ရပါတယ်။ ဒီတစ်ခါဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ စပိန်နိုင်ငံက သခင်အပေါ်ကိုအလွန်ချစ်တဲ့ ခွေးလေးတစ်ကောင် အကြောင်းပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=603,q=100/0a/0a4a67c2822331f1733a39bd8e41dc8418323303.jpg
https://s9.kh1.co/__image/w=600,h=801,q=100/db/db4bfcfde6e43ff7d8e798e672e202b2ecd09479.jpg

၂၀၀၇ ခုနှစ်တုန်းက စပိန်နိုင်ငံမှာ အမျိိုးသားတစ်ယောက်ဟာ သူ့ရဲ့ အိမ်ရှေ့က သစ်ပင်အကိုင်း အခက်တွေကို ခုတ်နေရင်း ၆ပေလောက်ရှိတဲ့ အမြင့်ကနေ ပြုတ်ကျသွားခဲ့ပါတယ်။ ပြုတ်ကျတဲ့ အရှိန်က မြင့်တာကြောင့် အကျမတော်ဖြစ်သွားပြီး သတိရတစ်ချက် မရတစ်ချက် ဖြစ်နေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူ့ခွေးလေးက သခင်ပေါ်ကို နောက်ထပ် အန္တရာယ်များ ကျရောက်မလာအောင် သခင်ကို ဖက်ထားပါတယ်။

https://s9.kh1.co/__image/w=600,h=801,q=100/f8/f8ed303c71346803815ff68ded857a3d26502b7b.jpg
https://s9.kh1.co/__image/w=600,h=801,q=100/38/38a2ad84e4406591f4d2031560db5480b5251c87.jpg

အဲ့နောက် ကယ်ဆယ်ရေးတွေရောက်လာပြီး ရှေးဦးသူနာပြု ပြုစုကာ ဆေးရုံကားဖြင့် ခေါ် ယူဖို့ စီစဉ်‌ေပမယ့်လည်း သူ့သခင်ကို မပေးနိုင်ပဲ ဖြစ်နေပါတယ်။ နောက်ဆုံး ခွေးလေးကို သူ့သခင်နှင့် အသာအယာခွဲပြီး သစ်ခုတ်သမားကို ဆေးရုံတင် ကုသခဲ့ရာ သတိပြန်လည်ရရှိပြီး ကျန်းမာရေးကောင်းမွန်ခဲ့ပါတယ်။ ဒီခွေးလေးကတော့ တကယ့်ကို သစ္စာရှိပြီး သခင်အပေါ်ချစ်လွန်းခဲ့တာကြောင့် အနီးအနားက ပတ်ဝန်းကျင်လူတွေက ခွေးလေးရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့ကြပါတယ်။

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T